Spots news

ရာမိုစ့်ထွက်ခွာသွားပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာတဲ့ မာဆယ်လို

Unicode Version

လက်တလောမှာ ရီးရဲလ်မက်ထရစ်အသင်းကတော့ သက်တမ်းရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်နဲ့လက်ခွဲထားတာဖြစ်ပေမယ့် နောက်ထပ် နောက်တန်း ကစားသမားဖြစ်တဲ့ မာဆယ်လိုကိုတော့ ရောင်းဖို့အစီအစဉ်မရှိကြောင်း မက်ထရစ်ဉက္ကဌ ပီရက်ဇ်ကအတည်ပြုလိုက်ပါတယ်။

မာဆယ်လိုဟာ တစ်ချိန်က ရီးရဲလ်မက်ဒရစ် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှ စတင်ကာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အရန်ကစားသမား

စာရင်းဝင်ခဲ့ပြီး အသင်းရဲ့ ပွဲစဉ် အများစုကို ပါဝင် ကစားပေးရခြင်း မရှိခဲ့ပါဘူး။ သို့ပေမယ့် မယ်ဆယ်လိုရဲ့ အသင်းအပေါ် ဦးဆောင်နိုင်စွမ်းကို ဉက္ကဌပီရက်ဇ်က ယုံကြည်နေတာ ဖြစ်ပါတယ်။

ဉက္ကဌပီရက်ဇ်က “နောက်ရာသီမှာ မာဆယ်လိုဟာအသင်းခေါင်းဆောင်ဖြစ် လာပါလိမ့်မယ်။ သူ့လိုမျိုးကစားသမားနောက်ထပ်ရှာလို့မရတော့ပါဘူး။ နောက်ပြီး သူနဲ့ ရော်ဘတ်တိုကားလို့စ်ကလည်း နောင်တစ်ချိန်မှာ အကောင်းဆုံးကစားသမားဖြစ်လာပါလိမ့်မယ်” လို့ပါ ဖွင့်ဟခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ အန်စလော့တီကလည်း အသင်းရဲ့ ဘရာဇီးနောက်ခံအစွန်လူဖြစ်တဲ့ မာဆယ်လိုကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေတာဖြစ်တာကြောင့် မာဆယ်လိုကို အသင်းခေါင်းဆောင်ရာထူးနေရာအထိပေးထားတယ်လို့ သိရပါတယ်။

Zawgyi Version




