Spots news

အသင်း‌ဖော် ဖရတ်ဒ်ကို အားလုံးသဘောကျတဲ့ နာမည်ပြောင်တစ်ခုပေးခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

Unicode Version

ယူနိုက်တက်ကစားသမားဘဝ သုံးနှစ်တာကာလအတွင်းမှာ ဖရက်ဒ်ရဲ့ကစားပုံက တိုးတက်လာတယ်လို့ ဆိုရပါမယ်။

ဒါပေမယ့် ပရိသတ်တွေကတော့ ဘရူနိုဖာနန်ဒက်စ်က ဘရာဇီးလ်သားကိုပေးထားတဲ့ နာမည်ပြောင်ကို သဘောကျနေကြပါတယ်။

ဖရက်ဒ်ဟာ လွန်ခဲ့တဲ့သုံးနှစ်က ရှက်တာဒိုးနက်ခ်အသင်းက ယူနိုက်တက်သို့ ပေါင် ၄၇ သန်း၊ ငါးနှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အသက် ၂၈ နှစ်သားဟာ အိုလေဂန်းနားဆိုးလ်ရှားရဲ့အသင်းမှာ အဓိက ကစားသမားတစ်ယောက်ဖြစ်နေပြီး သရဲနီကစားသမားဘဝ ပြိုင်ပွဲစုံ ၁၂၁ ပွဲကစားပြီး လေးဂိုးသွင်းထားပါတယ်

အိုးလ်ထရက်ဖို့ဒ်သို့ ရောက်တာ သုံးနှစ်ပြည့်အထိမ်းအမှတ် အနေနဲ့ ယူနိုက်တက်ဟာ ဖရက်ဒ်အတွက်ရည်ရွယ်ပြီး အင်စတာဂရမ်မှာ ပို့စ်တခုတင်ခဲ့ပါတယ်။

ယင်းပို့စ်မှာ သတင်းအစီအစဥ် တင်ဆက်သူတွေနဲ့ ပရိသတ်တွေက ဖရက်ဒ်ကို ချီးကျူးခဲ့ကြသလို ဖာနန်ဒက်စ် ပေးခဲ့တဲ့ မှတ်ချက်လေးကိုလည်း ပရိသတ်တွေက သဘောကျနေကြတာပါ။

ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရှင် ဖာနန်ဒက်စ်က ဘရာဇီးလ်လက်ရွေးစင်ကို ‘ဖရက်ဒင်ဟို’ ဆိုပြီး မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်တွေကတော့ ဖာနန်ဒက်စ်က ဖရက်ဒ်ကို ပေးထားတဲ့ နာမည်ပြောင်ကို သဘောကျပြီး like လုပ်ခဲ့ကြတာတွေရှိသလို ပြန်လည်ပြီးလည်း မှတ်ချက်ပေးခဲ့ ကြတယ်လို့ သိရပါတယ်။

Zawgyi Version

ယူနိုက္တက္ကစားသမားဘဝ သုံးႏွစ္တာကာလအတြင္းမွာ ဖရက္ဒ္ရဲ႕ကစားပုံက တိုးတက္လာတယ္လို႔ ဆိုရပါမယ္။

ဒါေပမယ့္ ပရိသတ္ေတြကေတာ့ ဘ႐ူနိုဖာနန္ဒက္စ္က ဘရာဇီးလ္သားကိုေပးထားတဲ့ နာမည္ေျပာင္ကို သေဘာက်ေနၾကပါတယ္။

ဖရက္ဒ္ဟာ လြန္ခဲ့တဲ့သုံးႏွစ္က ရွက္တာဒိုးနက္ခ္အသင္းက ယူနိုက္တက္သို႔ ေပါင္ ၄၇ သန္း၊ ငါးႏွစ္စာခ်ဳပ္နဲ႕ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္သားဟာ အိုေလဂန္းနားဆိုးလ္ရွားရဲ႕အသင္းမွာ အဓိက ကစားသမားတစ္ေယာက္ျဖစ္ေနၿပီး သရဲနီကစားသမားဘဝ ၿပိဳင္ပြဲစုံ ၁၂၁ ပြဲကစားၿပီး ေလးဂိုးသြင္းထားပါတယ္။

အိုးလ္ထရက္ဖို႔ဒ္သို႔ေရာက္တာ သုံးႏွစ္ျပည့္အထိမ္းအမွတ္အေနနဲ႕ ယူနိုက္တက္ဟာ ဖရက္ဒ္အတြက္ရည္႐ြယ္ၿပီး အင္စတာဂရမ္မွာ ပို႔စ္တခုတင္ခဲ့ပါတယ္။

ယင္းပို႔စ္မွာ သတင္းအစီအစဥ္တင္ဆက္သူေတြနဲ႕ ပရိသတ္ေတြက ဖရက္ဒ္ကို ခ်ီးက်ဴးခဲ့ၾကသလို ဖာနန္ဒက္စ္ ေပးခဲ့တဲ့ မွတ္ခ်က္ေလးကိုလည္း ပရိသတ္ေတြက သေဘာက်ေနၾကတာပါ။

ယူနိုက္တက္ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုရွင္ ဖာနန္ဒက္စ္က ဘရာဇီးလ္လက္ေ႐ြးစင္ကို ‘ဖရက္ဒင္ဟို’ ဆိုၿပီး မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ယူနိုက္တက္ပရိသတ္ေတြကေတာ့ ဖာနန္ဒက္စ္က ဖရက္ဒ္ကိုေပးထားတဲ့ နာမည္ေျပာင္ကို သေဘာက်ၿပီး like လုပ္ခဲ့ၾကတာေတြရွိသလို ျပန္လည္ၿပီးလည္း မွတ္ခ်က္ေပးခဲ့ၾကတယ္လို႔ သိရပါတယ္။