Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ကာလရှည် ရရှိနေတဲ့ ဒဏ်ရာတွေကို ယူရို ပြိုင်ပွဲအပြီးမှာ
ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေတာကြောင့် လာမယ့်ရာသီအစ ပွဲစဉ်တွေကို လွဲချော်နိုင်တဲ့အပေါ် စိုးရိမ်နေကြောင်း သိရပါတယ်။
တိုက်စစ်မှူးဟာ ယခုနှစ် ပြည်တွင်းပွဲစဉ်တွေမှာ ခြေဖဝါး နာကျင်မှုနဲ့ ပခုံးဒဏ်ရာတွေ ရှိနေပေမဲ့ ယူရိုပြိုင်ပွဲ အပြီးမှာမှ ခွဲစိတ်ကုသမှု ခံယူမှာ ဖြစ်တယ်လို့ Mirrorက ဖော်ပြခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ အနည်းဆုံး ခွဲစိတ်ကုသမှု ၁ကြိမ် ခံယူရမှာဖြစ်ပြီး ခြေဖဝါးဖြစ်ဖို့ များနေကြောင်း ဆိုပါတယ်။
ပွဲကျပ်ရာသီထဲ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ၅၇ပွဲအထိ ကစားပေး ထားခဲ့ပြီး ယခုအချိန်မှာလည်း အင်္ဂလန်နဲ့အတူ နောက်ထပ် ပြင်းထန်တဲ့ ပွဲစဉ်တွေ ကစားဖို့ ရှိနေပါတယ်။
၂၃နှစ်သားဟာ အင်္ဂလန်အသင်းမှာ အဓိကနေရာမှ ပါဝင်နိုင်ဖို့ မျှော်လင့်နေပြီး လွဲချော်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် ပယ်ချထားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ရာသီသစ်ကို သြဂုတ် ၁၄ရက်မှာ စတင်ဖွယ် ရှိနေတာကြောင့် ရက်ရှ်ဖို့ဒ်တစ်ယောက် ခွဲစိတ်မှုအပြီး ကြံ့ခိုင်မှု ပြည့်ဝဖို့အတွက် လိုအပ်နေပါတယ်။
ယူရိုပြိုင်ပွဲဟာ ရက်ရှ်ဖို့ဒ်ရဲ့ အင်္ဂလန်အသင်းအတွက် ၃ကြိမ်မြောက် ပြိုင်ပွဲတစ်ခုဖြစ်ပြီး အောင်မြင်မှုတွေ ရရှိနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
Zawgyi Version