Unicode Version
ပူပူနွေးနွေး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိထားတဲ့ ပရီးမီးယား လိဂ်ကလပ် ချယ်လ်ဆီးအသင်းရဲ့နည်းပြ တူချယ်ဟာ လာမယ့်ရာသီမှာ
တိုက်စစ်အင်အား မြှင့်တင်ဖို့အတွက် ဝုဗ်အသင်းမှ စပိန်တောင်ပံ ကစားသမား အဒါမာထရာအိုရေးအား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ စီးရီးအေကလပ် အင်တာမီလန် အသင်းမှ ညာနောက်ခံ ကစားသမား ဟာကီမီအားခေါ်ယူရန် ပေါင် ၅၆ သန်းဖြင့် ကမ်းလှမ်းခဲ့ရာ အင်တာမီလန် အသင်းတာဝန် ရှိသူများက
လက်မခံခဲ့ဘဲ ငြင်းဆန် ပယ်ချခဲ့ပါတယ်။ သို့ဖြစ်ရာ တူချယ်အနေနဲ့ တိုက်စစ်ဘက်ကို ပြန်လည်ဦးတည်လာပြီး ထရာအိုရေးအား ခေါ်ယူရန် ပစ်မှတ်ထား နေခြင်းဖြစ်ပါတယ်
တူချယ်ဟာ ချယ်လ်ဆီး အသင်းရဲ့ ညာတောင်ပံအခြမ်းကို အင်အားဖြည့် ရန်စီစဉ်နေပြီး ညာနောက်ခံ ကစားသမား ရီးစ်ဂျိမ်းစ်နှင့် ချိတ်ဆက်ကစားမည့်
တောင်ပံ ကစားသမား တစ်ဦးကို ရှာဖွေနေခြင်း ဖြစ်ပြီး ဝုဗ်အသင်းမှ ယခုနွေရာသီမှာ ရောင်းချဖွယ်ရှိနေတဲ့ ထရာအိုရေးကို ပစ်မှတ်ထားလာခြင်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ စပိန် တောင်ပံ ကစားသမား ထရာအိုရေးဟာ ၂၀၁၈ ခုနှစ်မှာ မစ်ဒယ်ဘရော့ အသင်းမှ
ဝုဗ်အသင်းသို့ ရောက်ရှိလာသူ ဖြစ်ပြီး အသင်းအတွက် ၃ ရာသီအတွင်း ပြိုင်ပွဲစုံ ၁၃၁ ပွဲကစားကာ ၁၀ ဂိုးသွင်းယူ ပေးထား နိုင်ခဲ့ပါတယ်။
Zawgyi Version
ပူပူေႏြးေႏြး ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးရရွိထားတဲ့ ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးအသင္းရဲ႕နည္းျပ တူခ်ယ္ဟာ လာမယ့္ရာသီမွာ
တိုက္စစ္အင္အား ျမႇင့္တင္ဖို႔အတြက္ ဝုဗ္အသင္းမွ စပိန္ေတာင္ပံကစားသမား အဒါမာထရာအိုေရးအား ေခၚယူရန္ ပစ္မွတ္ထားေနေၾကာင္း သိရွိရပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ စီးရီးေအကလပ္ အင္တာမီလန္ အသင္းမွ ညာေနာက္ခံကစားသမား ဟာကီမီအားေခၚယူရန္ ေပါင္ ၅၆ သန္းျဖင့္ ကမ္းလွမ္းခဲ့ရာ အင္တာမီလန္ အသင္းတာဝန္ ရွိသူမ်ားက
လက္မခံခဲ့ဘဲ ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ သို႔ျဖစ္ရာ တူခ်ယ္အေနနဲ႕ တိုက္စစ္ဘက္ကို ျပန္လည္ဦးတည္လာၿပီး ထရာအိုေရးအားေခၚယူရန္ ပစ္မွတ္ထားေနျခင္းျဖစ္ပါတယ္
တူခ်ယ္ဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ညာေတာင္ပံအျခမ္းကို အင္အားျဖည့္ ရန္စီစဥ္ေနၿပီး ညာေနာက္ခံ ကစားသမား ရီးစ္ဂ်ိမ္းစ္ႏွင့္ ခ်ိတ္ဆက္ကစားမည့္
ေတာင္ပံကစားသမားတစ္ဦးကို ရွာေဖြေနျခင္း ျဖစ္ၿပီး ဝုဗ္အသင္းမွ ယခုေႏြရာသီမွာ ေရာင္းခ်ဖြယ္ရွိေနတဲ့ ထရာအိုေရးကို ပစ္မွတ္ထားလာျခင္း ျဖစ္ပါတယ္။
အသက္ ၂၅ ႏွစ္အ႐ြယ္ရွိ စပိန္ ေတာင္ပံ ကစားသမား ထရာအိုေရးဟာ ၂၀၁၈ ခုႏွစ္မွာ မစ္ဒယ္ဘေရာ့ အသင္းမွ ဝုဗ္အသင္းသို႔ ေရာက္ရွိလာသူျဖစ္ၿပီး အသင္းအတြက္ ၃ ရာသီအတြင္းၿပိဳင္ပြဲစုံ ၁၃၁ ပြဲကစားကာ ၁၀ ဂိုးသြင္းယူ ေပးထား နိုင္ခဲ့ပါတယ္။