Spots news

စကေးကောင်းတဲ့ အီတလီလူငယ်ကြယ်ပွင့်‌ကို ခေါ်ယူမယ့် မန်ချက်စတာ ယူနိုက်တက်

Unicode Version

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အတ္တလန်တာအသင်းရဲ့ လူငယ်ကြယ်ပွင့် အလက် ဆန်ဒရိုကော်တီနိုဗစ်ကို ခေါ်ယူဖို့ သူ့ရဲ့ခြေစွမ်းအပေါ် စောင့်ကြည့် လေ့လာမှုတွေ ပြုလုပ်ပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ ကော်တီနိုဗစ်ဟာ ကွင်းလယ်တိုက်စစ်နေရာမှာသာမက ညာတောင်ပံ ကစားသမား အဖြစ်ပါ ကစားနိုင်သူဖြစ်တဲ့အပြင်

အတ္တလန်တာ အသင်းကြီး အတွက် ပွဲထွက်ခွင့်မရသေးပေမယ့် လူငယ်အသင်းမှာတော့ ခြေစွမ်းပြနေပြီး (၂၄)ပွဲကစား၊ (၁၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၃)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကော်တီနိုဗစ်ဟာ Skill ၊ Vision ပိုင်းတွေမှာကောင်းမွန်တဲ့အပြင် ဂိုးသွင်း စွမ်းရည်ထက်မြက်သူဖြစ်တာကြောင့် ယူနိုက်တက် အသင်းဟာ ကော်တီနိုဗစ်ကို

တခြားဥရောပ ကလပ်အသင်း တချို့ကလည်း ပစ်မှတ်ထား နေတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ တခြားအသင်း တွေနဲ့အပြိုင် ကြိုးပမ်းရဖို့ ရှိနေပါပြီ။

ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက အတ္တလန်တာ အသင်းရဲ့လူငယ်ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်တဲ့ ဒီယာလိုကို ဆုကြေးငွေ အပါအဝင်

ယူရိုသန်း(၄၀)နဲ့ ခေါ်ယူခဲ့သလို ဒီအပြောင်းအရွှေ့ကြောင့် အတ္တလန်တာအသင်းဟာ ငွေကြေးပိုင်းမှာ အမြတ်အစွန်းရရှိခဲ့ပြီး သူတို့နဲ့ ယူနိုက်တက် အသင်းကြားမှာ

ဆက်ဆံရေး ကောင်းတွေ ရှိနေတဲ့အတွက် ယူနိုက်တက်အသင်းဟာ ကော်တီနိုဗစ်ကို ခေါ်ယူနိုင်ဖို့ တခြားအသင်းတွေထက် အခြေအနေပိုကောင်းနေပါပြီ။

Credit to Original

Zawgyi Version









Credit to Original