Spots news

အဂူရိုရဲ့ နေရာကို အစားထိုးဖို့ ကိန်း ကိုခေါ်ယူမည့် မန်စီးတီး

Unicode Version

မန်ချက် စတာ စီးတီး အသင်းက ပေါင်သန်း ၉၀ ကျော် အသုံး ပြူပြီး စပါး အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း ကို ခေါ်ယူရန် ကြိုးစားမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်  လာပါတယ်။ လက်ရှိ ဘောလုံး ရာသီမှာ ဟယ်ရီကိန်း ဟာ ပြိုင်ပွဲ စုံမှာ ၂၃ ပွဲ ပါဝင် ကစား ထားခဲ့ ပြီး ၁၆ဂိုး သွင်းယူ ပေးထားပြီး ဂိုး ဖန်တီးမှု ၁၃ကြိမ် ပြုလုပ် ပေးထား နိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

စပါး နဲ့ အင်္ဂလန် အသင်း ခေါင်း ဆောင် ဟယ်ရီကိန်းဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး စာရင်းဝင် ကစားသမား တစ်ဦး ဖြစ်ပြီး အသင်းအတွက် လိုအပ် နေတဲ့ သွင်းဂိုး တွေကို သွင်းယူ ပေးတတ် သလို အသင်းဖော်တွေ ဂိုးသွင်းယူ နိုင်အောင်လည်း ဂိုးဖန်တီးမှု တွေ ပြုလုပ် ပေးနိုင်တဲ့ ကစားသမား တစ်ဦးပါ။

ဂျာမန် နာမည်ကြီး သတင်း ဌာန တစ်ခု ဖြစ်တဲ့ BILD ရဲ့ ဖော်ပြချက် အရတော့ မန်စီးတီး နည်းပြ ဖြစ်သူ ဂွာဒီယိုလာ ဟာ အသင်းက ထွက်ခွာတော့မယ့် အဂူရိုရဲ့ နေရာ အတွက် ဟယ်ရီကိန်းကို ခေါ်ယူ ချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။ ကစားသမား ကို ဆုဖလား အောင်မြင်မှုနဲ့ ဆွဲဆောင်ပြီး ခေါ်ယူရန် ကြိုးပမ်း မည် ဖြစ်ပြီး ဟယ်ရီကိန်းရဲ့ ပြောင်းရွေ့ကြေး က သန်း ၁၀၀ ကျော်မည်ဟု ဘောလုံး သုံးသပ် သူတွေက ခန့်မှန်း ထားကြ ပါတယ်။

မန်ချက်စတာ စီးတီး အသင်းဟာ ဟယ်ရီကိန်းကို လာမယ့် နွေရာသီ အပြောင်း အရွှေ့မှာ ခေါ်ယူနိုင်ဖို့ မျှော်လင့် ထားကြောင်း ဆိုပါတယ်။ ဟယ်ရီကိန်းဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတွေ ထဲက တစ်ဦး ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ သူ့ရဲ့ ကစားသမား ဘဝမှာ လောက်လောက် လားလား အောင်မြင်မှု တွေ ရှိမနေပဲ လက်ရှိ ဘောလုံး ရာသီ မှာတော့ မော်ရင်ဟိုရဲ့ ဦးဆောင်မှုနဲ့ အတူ ဆုဖလားတွေ ရယူ နိုင်မယ် လို့ မျှော်လင့်နေသူပါ။ ဒါပေမယ့် သူသာ လက်ရှိ ဘောလုံး ရာသီမှာ စပါး အသင်းနဲ့ အတူ ဆုဖလား အောင်မြင်မှု မရရှိခဲ့ဘူး ဆိုရင်တော့ ဟယ်ရီကိန်းဟာ လာမယ့် နွေရာသီ အပြောင်း အရွှေ့ မှာတော့ စပါး အသင်းကို ကျိန်းသေပေါက် စွန့်ခွာ သွားမယ့် အလားအလာ တွေ ရှိနေ ပါတယ်။

Zawgyi Version

မန္ခ်က္စတာ စီးတီး အသင္းက ေပါင္သန္း ၉၀ ေက်ာ္ အသုံးျပဴၿပီး စပါး အသင္းရဲ႕ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္း ကို ေခၚယူရန္ ႀကိဳးစားမည္ ျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚ လာပါတယ္။ လက္ရွိ ေဘာလုံးရာသီမွာ ဟယ္ရီကိန္း ဟာ ၿပိဳင္ပြဲစုံမွာ ၂၃ ပြဲ ပါဝင္ ကစား ထားခဲ့ ၿပီး ၁၆ဂိုး သြင္းယူ ေပးထားၿပီး ဂိုးဖန္တီးမႈ ၁၃ႀကိမ္ ျပဳလုပ္ ေပးထားနိုင္တဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္။

စပါး နဲ႕ အဂၤလန္ အသင္း ေခါင္း ေဆာင္ ဟယ္ရီကိန္းဟာ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး စာရင္းဝင္ ကစားသမား တစ္ဦး ျဖစ္ၿပီး အသင္းအတြက္ လိုအပ္ ေနတဲ့ သြင္းဂိုးေတြကို သြင္းယူ ေပးတတ္သလို အသင္းေဖာ္ေတြ ဂိုးသြင္းယူနိုင္ေအာင္လည္း ဂိုးဖန္တီးမႈေတြ ျပဳလုပ္ ေပးနိုင္တဲ့ ကစားသမား တစ္ဦးပါ။

ဂ်ာမန္ နာမည္ႀကီး သတင္းဌာန တစ္ခု ျဖစ္တဲ့ BILD ရဲ႕ ေဖာ္ျပခ်က္ အရေတာ့ မန္စီးတီး နည္းျပ ျဖစ္သူ ဂြာဒီယိုလာ ဟာ အသင္းက ထြက္ခြာေတာ့မယ့္ အဂူရိုရဲ႕ ေနရာအတြက္ ဟယ္ရီကိန္းကို ေခၚယူ ခ်င္ေနတာ ျဖစ္ေၾကာင္း သိရပါတယ္။ ကစားသမား ကို ဆုဖလား ေအာင္ျမင္မႈနဲ႕ ဆြဲေဆာင္ၿပီး ေခၚယူရန္ ႀကိဳးပမ္း မည္ ျဖစ္ၿပီး ဟယ္ရီကိန္းရဲ႕ ေျပာင္းေ႐ြ႕ေၾကးက သန္း ၁၀၀ ေက်ာ္မည္ဟု ေဘာလုံး သုံးသပ္ သူေတြက ခန႔္မန္း ထားၾကပါတယ္။

မန္ခ်က္စတာ စီးတီး အသင္းဟာ ဟယ္ရီကိန္းကို လာမယ့္ ေႏြရာသီ အေျပာင္း အေ႐ႊ႕မွာ ေခၚယူနိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ဆိုပါတယ္။ ဟယ္ရီကိန္းဟာ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးေတြ ထဲက တစ္ဦးျဖစ္ေပမယ့္ လက္ရွိ အခ်ိန္အထိ သူ႕ရဲ႕ ကစားသမား ဘဝမွာ ေလာက္ေလာက္ လားလား ေအာင္ျမင္မႈေတြ ရွိမေနပဲ လက္ရွိ ေဘာလုံးရာသီ မွာေတာ့ ေမာ္ရင္ဟိုရဲ႕ ဦးေဆာင္မႈနဲ႕ အတူ ဆုဖလားေတြ ရယူနိုင္မယ္ လို႔ ေမွ်ာ္လင့္ေနသူပါ။ ဒါေပမယ့္ သူသာ လက္ရွိ ေဘာလုံး ရာသီမွာ စပါးအသင္းနဲ႕ အတူ ဆုဖလား ေအာင္ျမင္မႈ မရရွိခဲ့ဘူး ဆိုရင္ေတာ့ ဟယ္ရီကိန္းဟာ လာမယ့္ ေႏြရာသီ အေျပာင္း အေ႐ႊ႕ မွာေတာ့ စပါး အသင္းကို က်ိန္းေသေပါက္ စြန႔္ခြာ သြားမယ့္ အလားအလာ ေတြ ရွိေနပါတယ္။