Spots news

ဘန်ဝှိုက်ကို ‌ခေါ်ယူနိုင်ဖို့ နောက်ဆုံးအဆင့် နွေးနွေးမှုကို ရောက်နေပြီ ဖြစ်တဲ့ အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ အသစ်စက်စက် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူနိုင်ဖို့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေသာ ကျန်တော့ကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ဘန်ဝှိုက်ဟာ ဗဟိုခံစစ် ၊ ညာနောက်ခံလူ ၊ ကွင်းလယ်ခံစစ် ၊ ဗဟိုကွင်းလယ် စတဲ့ နေရာစုံမှာ ဆော့ကစားနိုင်သူ တဦး ဖြစ်ကာ သူ့ကို ပရီးမီးယားလိဂ် အသင်းကြီးတချို့က စိတ်ဝင်စားနေပေမယ့် အာဆင်နယ်အသင်းက လက်ဦးမှု ရယူကာ ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ နောက်ခံလူ ဒေးဗစ်လူးဝစ်ကို ဆုံးရှုံးထားရသလို မကြာခင်မှာ အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ တော်ရဲယားနဲ့ ချာကာတို့ကို ရောင်းချဖွယ် ရှိတဲ့ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်ကို ခေါ်ယူချင်နေတာပါ။

နည်းပြဖြစ်သူ အာတီတာကလည်း ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်မှာ အသားကျနေတဲ့ ကစားသမားတွေကိုသာ ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် အာဆင်နယ်အသင်းရဲ့ အားကစား ဒါရိုက်တာ အီဒူးဟာ ဘန်ဝှိုက်ကို ခေါ်နိုင်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းကတော့ ဘန်ဝှိုက်ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ပေးချေရမယ်လို့ ဈေးခေါ်ထားပြီး အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်အတွက် ပေါင် ၄၀သန်းတန် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ပေမယ့် ဘရိုက်တန်အသင်း ကတော့ ချက်ချင်းပဲ ပယ်ချခဲ့ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဘန်ဝှိုက်အတွက် ဘရိုက်တန်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းကို ပေးချေဖို့ သဘောတူလိုက်ပြီး ဘန်ဝှိုက်ကို ၅နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့လည်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းဟာ ဘရိုက္တန္အသင္းရဲ႕ အသစ္စက္စက္ အဂၤလန္ လက္ေ႐ြးစင္ ေနာက္ခံလူ ဘန္ဝွိုက္ကို ေခၚယူနိုင္ဖို႔ ေနာက္ဆုံးအဆင့္ ေဆြးေႏြးမႈေတြသာ က်န္ေတာ့ေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

အသက္ ၂၃ႏွစ္ အ႐ြယ္ ဘန္ဝွိုက္ဟာ ဗဟိုခံစစ္ ၊ ညာေနာက္ခံလူ ၊ ကြင္းလယ္ခံစစ္ ၊ ဗဟိုကြင္းလယ္ စတဲ့ ေနရာစုံမွာ ေဆာ့ကစားနိုင္သူ တဦး ျဖစ္ကာ သူ႕ကို ပရီးမီးယားလိဂ္ အသင္းႀကီးတခ်ိဳ႕က စိတ္ဝင္စားေနေပမယ့္ အာဆင္နယ္အသင္းက လက္ဦးမႈ ရယူကာ ေခၚယူဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ လက္ရွိ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္ အတြင္းမွာ ေနာက္ခံလူ ေဒးဗစ္လူးဝစ္ကို ဆုံးရႈံးထားရသလို မၾကာခင္မွာ အသင္းရဲ႕ ကြင္းလယ္လူေတြ ျဖစ္တဲ့ ေတာ္ရဲယားနဲ႕ ခ်ာကာတို႔ကို ေရာင္းခ်ဖြယ္ ရွိတဲ့ အာဆင္နယ္အသင္းဟာ ဘန္ဝွိုက္ကို ေခၚယူခ်င္ေနတာပါ။

နည္းျပျဖစ္သူ အာတီတာကလည္း ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ပရီးမီးယားလိဂ္မွာ အသားက်ေနတဲ့ ကစားသမားေတြကိုသာ ေခၚယူဖို႔ စီစဥ္ထားတာေၾကာင့္ အာဆင္နယ္အသင္းရဲ႕ အားကစား ဒါရိုက္တာ အီဒူးဟာ ဘန္ဝွိုက္ကို ေခၚနိုင္ဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

ဘရိုက္တန္အသင္းကေတာ့ ဘန္ဝွိုက္ကို ေခၚယူခ်င္တဲ့ အသင္းေတြဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၀သန္း ေပးေခ်ရမယ္လို႔ ေဈးေခၚထားၿပီး အာဆင္နယ္အသင္းဟာ ဘန္ဝွိုက္အတြက္ ေပါင္ ၄၀သန္းတန္ ကမ္းလွမ္းမႈ တခု ျပဳလုပ္ခဲ့ေပမယ့္ ဘရိုက္တန္အသင္း ကေတာ့ ခ်က္ခ်င္းပဲ ပယ္ခ်ခဲ့ပါတယ္။

လက္ရွိမွာေတာ့ အာဆင္နယ္အသင္းဟာ ဘန္ဝွိုက္အတြက္ ဘရိုက္တန္အသင္းက ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၅၀သန္းကို ေပးေခ်ဖိဳ႕ သေဘာတူလိုက္ၿပီး ဘန္ဝွိုက္ကို ၅ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမယ္လို႔လည္း သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။