Spots news

ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားရမယ့်အပေါ် ကျေနပ်နေတဲ့ သရဲနီဟောင်း ရွန်းနီ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းက ရာသီကြို ခြေစမ်းပွဲကစားမယ့် အသင်းတွေကို ကြေညာခဲ့ပြီ ဖြစ်ပြီး ထိုပွဲစဉ်များထဲမှာတော့ ယူနိုက်တက်ရဲ့

ဂန္ဓဝင် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီရဲ့ ဒါဘီအသင်းနဲ့ ဇူလိုင်လ ၁၈ ရက်နေ့ Pride Park မှာ ရာသီကြို ခြေစမ်းပွဲ ကစားဖို့ရှိပါတယ်။

ယူနိုက်တက်အသင်းရဲ့ ထာဝရ သွင်းဂိုးအများဆုံး တိုက်စစ်မှူး ကြီး ရွန်းနီကတော့ ချန်ပီယံရှစ်ကလပ် ဒါဘီ သို့ ကစားသမား-နည်းပြဘဝနဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံ ခဲ့ရတာဖြစ်ပါတယ်။

ရွန်းနီဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္ဓဝင် တစ်ဦးပီပီ အသင်းရဲ့ သတင်းများကို အစဉ်နားစွင့်လေ့ရှိသူ ဖြစ်သလို ယူနိုက်တက်ရဲ့ အရေးပါတဲ့ ပွဲစဉ်များကိုလဲ လိုက်လံ အားပေးလေ့ ရှိသူဖြစ်ပါတယ် ။

 

ယခုလဲ အသင်းဟောင်းနဲ့ ရာသီကြို ခြေစမ်းပွဲ ကစားရမည့် အပေါ်မှာ ကျေနပ်နေကြောင်း ပြောပြခဲ့ပါတယ်။ “ရာသီသစ်မစတင်ခင် ကျွန်တော်တို့ရဲ့ ရာသီကြိုအစီအစဥ်တွေနဲ့ပတ်သက်ပြီး အရမ်းကျေနပ်ပါတယ်။” လို့ ရွန်းနီက ပြောပါတယ်။

“ယူနိုက်တက်နဲ့ပွဲစဥ်ပေါ့။ ကျွန်တော်နဲ့ ဂုဏ်ယူစရာကောင်းတဲ့ ဆယ်နွယ်မှုတွေရှိပြီး သမိုင်းကြောင်း ကောင်းတဲ့အသင်းနဲ့ ကစားရမှာပါ။ Pride Park Stadium မှာ ကစားရမှာဖြစ်ပြီး

ကျွန်တော် အရမ်းကစားချင်နေပါပြီ။ အင်္ဂလန်နဲ့ ဥရောပက အကောင်းဆုံးအသင်းနဲ့ ကစားရမယ်ဆိုတော့ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းတစ်ခုပါဘဲ။” လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒါဘီအသင်းနဲ့ ခြေစမ်းပွဲ ကစားပြီးနောက်မှာတော့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ကျူပီအာအသင်းကို အဝေးကွင်း သွားရောက်ကစားဖို့ရှိပါတယ်။

ဇူလိုင် ၂၈ ရက် နေ့မှာတော့ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ ဘရက်ဖို့ဒ် အသင်းကို အိုးထရတ်ဖို့ဒ်မှာ လက်ခံ ကစားဖို့ရှိပြီး သြဂုတ်လ ၇ ရက်နေ့မှာ အဲဗာတန်အသင်းနဲ့ ကစားဖို့ စီစဉ်ထားပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းက ရာသီႀကိဳ ေျခစမ္းပြဲကစားမယ့္ အသင္းေတြကို ေၾကညာခဲ့ၿပီ ျဖစ္ၿပီး ထိုပြဲစဥ္မ်ားထဲမွာေတာ့ ယူနိုက္တက္ရဲ႕

ဂႏၶဝင္ တိုက္စစ္မႉးေဟာင္း ဝိန္း ႐ြန္းနီရဲ႕ ဒါဘီအသင္းနဲ႕ ဇူလိုင္လ ၁၈ ရက္ေန႕ Pride Park မွာ ရာသီႀကိဳ ေျခစမ္းပြဲ ကစားဖို႔ရွိပါတယ္။

ယူနိုက္တက္အသင္းရဲ႕ ထာဝရ သြင္းဂိုးအမ်ားဆုံး တိုက္စစ္မႉး ႀကီး ႐ြန္းနီကေတာ့ ခ်န္ပီယံရွစ္ကလပ္ ဒါဘီ သို႔ ကစားသမား-နည္းျပဘဝနဲ႕ ေရာက္ရွိခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က အၿမဲတမ္းနည္းျပအျဖစ္ ခန့္အပ္ခံ ခဲ့ရတာျဖစ္ပါတယ္။

႐ြန္းနီဟာ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ဂႏၶဝင္ တစ္ဦးပီပီ အသင္းရဲ႕ သတင္းမ်ားကို အစဥ္နားစြင့္ေလ့ရွိသူ ျဖစ္သလို ယူနိုက္တက္ရဲ႕ အေရးပါတဲ့ ပြဲစဥ္မ်ားကိုလဲ လိုက္လံ အားေပးေလ့ ရွိသူျဖစ္ပါတယ္ ။

ယခုလဲ အသင္းေဟာင္းနဲ႕ ရာသီႀကိဳ ေျခစမ္းပြဲ ကစားရမည့္ အေပၚမွာ ေက်နပ္ေနေၾကာင္း ေျပာျပခဲ့ပါတယ္။ “ရာသီသစ္မစတင္ခင္ ကြၽန္ေတာ္တို႔ရဲ႕ ရာသီႀကိဳအစီအစဥ္ေတြနဲ႕ပတ္သက္ၿပီး အရမ္းေက်နပ္ပါတယ္။” လို႔ ႐ြန္းနီက ေျပာပါတယ္။

“ယူနိုက္တက္နဲ႕ပြဲစဥ္ေပါ့။ ကြၽန္ေတာ္နဲ႕ ဂုဏ္ယူစရာေကာင္းတဲ့ ဆယ္ႏြယ္မႈေတြရွိၿပီး သမိုင္းေၾကာင္း ေကာင္းတဲ့အသင္းနဲ႕ ကစားရမွာပါ။ Pride Park Stadium မွာ ကစားရမွာျဖစ္ၿပီး

ကြၽန္ေတာ္ အရမ္းကစားခ်င္ေနပါၿပီ။ အဂၤလန္နဲ႕ ဥေရာပက အေကာင္းဆုံးအသင္းနဲ႕ ကစားရမယ္ဆိုေတာ့ ကြၽန္ေတာ္တို႔အတြက္ အခြင့္အေရးေကာင္းတစ္ခုပါဘဲ။” လို႔ ႐ြန္းနီက ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဒါဘီအသင္းနဲ႕ ေျခစမ္းပြဲ ကစားၿပီးေနာက္မွာေတာ့ ဇူလိုင္လ ၂၄ ရက္ေန႕မွာ က်ဴပီအာအသင္းကို အေဝးကြင္း သြားေရာက္ကစားဖို႔ရွိပါတယ္။

ဇူလိုင္ ၂၈ ရက္ ေန႕မွာေတာ့ ပရီးမီးယားလိဂ္ကို တန္းတက္လာတဲ့ ဘရက္ဖို႔ဒ္ အသင္းကို အိုးထရတ္ဖို႔ဒ္မွာ လက္ခံ ကစားဖို႔ရွိၿပီး ၾသဂုတ္လ ၇ ရက္ေန႕မွာ အဲဗာတန္အသင္းနဲ႕ ကစားဖို႔ စီစဥ္ထားပါတယ္။