Spots news

Breaking :နောက်ဆုံးတော့ သဘောတူညီမှုရပြီး ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ မန်ယူနိုက်တက်

Unicode Version

ကာလရှည် ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန် တောင်ပံ ကစားသမား ဆန်ချို အတွက် မန်ချက်စတာ ယူနိုက်တက် အလုပ်အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်နဲ့ ဒေါ့မွန်အသင်း တာဝန်ရှိသူ

Hans Joachim-Watzke တို့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အင်္ဂလန်လက်ရွေးစင်အတွက် သဘောတူညီမှု ရရှိသွားခဲ့ကြပါပြီ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆန်ချို အတွက် ပြောင်းရွေ့ကြေး ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ ဒေါ့မွန်အသင်း နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုအတွက် ပြောင်းရွေ့ကြေးအဖြစ် ပေါင် ၈၀မှာ အသားတင် ပြောင်းရွေ့ စရိတ် ပေါင် ၇၅ သန်းဖြင့် Add-ons ပေါင် ၅ သန်းပေးချေဖို့ ဒေါ့မွန်နဲ့ သဘောတူခဲ့ တာလို့ Mirror က ဖော်ပြသွားပါတယ်။

ဆန်ချိုနဲ့ ပတ်သက်ပြီး နောက်ဆုံးအချက်အလက် အနည်းငယ်ကို လာမယ့် အချိန်ပိုင်းအတွင်း အဆုံးသတ်မည် ဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် Fabrizio Romano ကလဲ ဖော်ပြထားပါတယ် ။

လက်ရှိမှာ ဆန်ချိုဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဥ် အဖြစ် ဂျာမနီအသင်းနဲ့ကစားဖို့ ပြင်ဆင်နေတဲ့ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းနေပြီး ပြိုင်ပွဲပြီးမှသာလျှင် ယူနိုက်တက်ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဆန်ချိုအား (၅) နှစ်စာချုပ် ချုပ်ဆိုရန်အတွက် မူအား ဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ ကလပ်အသင်းနှင့်

ညှိနှိုင်းရန်သာ ကျန်ရှိနေတာ ဖြစ်ပါတယ်။ ဆန်ချိုနဲ့ ယူနိုက်တက်တို့ရဲ့ အပြောင်းအရွေ့ဟာ ယူနိုက်တက် ပရိတ်သတ်တွေ အတွက် သတင်းကောင်းပဲ ဖြစ်လာပါပြီ။

Zawgyi Version







