Spots news

ဗာရန်းကို ရောင်းချဖို့ စဉ်းစားထားကြောင်း ရီးရဲလ် ဥက္ကဌ ပီရက်ဇ်ပြောကြား

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌ ပီရက်ဇ် ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမား ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းကို

ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ သင့်တော်တဲ့ ကမ်းလှမ်းမှု ရှိပါက ရောင်းချနိုင်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ် ၁နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့်

ဗာရန်းကတော့ လက်ရှိအချိန် အထိ ပြန်လည် တုံ့ပြန်ခြင်း မရှိသေးသလို အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

ထို့ကြောင့် ဗာရန်းကို ယခုနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စဉ်းစားနေပြီး ဗာရန်းကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းက

စိတ်ဝင်စားနေပြီး ဗာရန်းရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက် နွေးနွေးမှုတွေ ပြုလုပ်နေကြောင်း စပိန် အခြေစိုက် သတင်းဌာန များက ဖော်ပြထားပါတယ်။

ပီရက်ဇ်က “ဗာရန်းနဲ့ အပြောင်းအရွေ့က ဘယ်အသင်းကိုလဲ ဆိုတာမသိဘူး။ သူက အခု ယူရိုပြိုင်ပွဲယှဉ်ပြိုင်နေပြီး ပြိုင်ပွဲပြီးရင်တော့

ကျွန်တော်တို့ဟာ သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ။ ကျွန်တော်တို့က သူ့အတွက် တရားဝင် ကမ်းလှမ်းမှု တခုမှကို မရသေးပါဘူး။

ဒါပေမယ့် အသင်းကနေ ထွက်ခွာချင်ရင်တော့ သူ့ဘက်က အသင်းကို အသိပေးဖို့ လိုအပ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းနဲ့

နီးစပ်သူတွေက အသင်းဟာ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းခန့် လိုချင်နေကြောင်း ဖွင့်ဟ ပြောကြားထားကြပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ဥကၠဌ ပီရက္ဇ္ ကေတာ့ သူတို႔အသင္းရဲ႕ အဓိက ကစားသမား ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းကို ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာပဲ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ ရွိပါက ေရာင္းခ်နိဳင္ေၾကာင္း ဝန္ခံသြားခဲ့ပါတယ္။

ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ စာခ်ဳပ္ ၁ႏွစ္သာ က်န္ရွိေတာ့တာ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ အသင္းက သူ႕ကို စာခ်ဳပ္သစ္ ကမ္းလွမ္းထားေပမယ့္ ဗာရန္းကေတာ့ လက္ရွိအခ်ိန္ အထိ ျပန္လည္ တုံ႕ျပန္ျခင္း မရွိေသးသလို အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ထားေၾကာင္း သတင္းေတြ ထြက္ေပၚ ေနပါတယ္။

ထို႔ေၾကာင့္ ဗာရန္းကို ယခုေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေရာင္းခ်ဖိဳ႕ စဥ္းစားေနၿပီး ဗာရန္းကို ေခၚယူဖို႔ အတြက္ မန္ခ်က္စတာ ယူနိုက္တက္အသင္းက စိတ္ဝင္စားေနၿပီး ဗာရန္းရဲ႕ ေအးဂ်င့္ေတြနဲ႕ ခ်ိတ္ဆက္ ေႏြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း စပိန္ အေျခစိုက္ သတင္းဌာန မ်ားက ေဖာ္ျပထားပါတယ္။

ပီရက္ဇ္က “ဗာရန္းနဲ႕ အေျပာင္းအေ႐ြ႕က ဘယ္အသင္းကိုလဲ ဆိုတာမသိဘူး။ သူက အခု ယူရိုၿပိဳင္ပြဲယွဥ္ၿပိဳင္ေနၿပီး ၿပိဳင္ပြဲၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ဟာ သူနဲ႕ ေဆြးေႏြးမႈေတြ ျပဳလုပ္သြားမွာပါ။ ကြၽန္ေတာ္တို႔က သူ႕အတြက္ တရားဝင္ ကမ္းလွမ္းမႈ တခုမွကို မရေသးပါဘူး။

ဒါေပမယ့္ အသင္းကေန ထြက္ခြာခ်င္ရင္ေတာ့ သူ႕ဘက္က အသင္းကို အသိေပးဖို႔ လိုအပ္ပါလိမ့္မယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ နီးစပ္သူေတြက အသင္းဟာ ဗာရန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၅၀သန္းခန႔္ လိုခ်င္ေနေၾကာင္း ဖြင့္ဟ ေျပာၾကားထားၾကပါတယ္။