Spots news

စံချိန်တင် မြင့်မားတဲ့ ဈေးနဲ့ ခေါ်ယူခဲ့တဲ့ ဂရီးလစ်ခ်ျကို ယူရိုအပြီးမှာ ကြေငြာမယ့် မန်စီးတီ

Unicode Version

မန်စီးတီး အသင်းဟာ အင်္ဂလန် လက်ရွေးစင်တိုက်စစ် ကစားသမား ဂရီးလစ်ရ်ှကို လက်ရှိကျင်းပနေတဲ့

ယူရို-၂၀၂၀ပြိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူနိုင်ဖို့ရှိနေပါပြီ။

ဂရီးလစ်ရ်ှရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ မန်စီးတီးနဲ့ အက်စတွန်ဗီလာ တာဝန်ရှိသူတွေဟာ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အခုအချိန်မှာသဘောတူညီမှု ရခဲ့ပြီလို့ ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့ပါတယ်။

အက်စတွန် ဗီလာအသင်းဟာ သူ့ရဲ့ ကစားသမားကို လက်လွတ် မခံလိုပေမယ့် ပရီးမီးယားလိဂ်စံချိန်တင် ပြောင်းရွှေ့ကြေး ပမာဏ ရရှိမယ့်အနေအထားကြောင့်

ရောင်းချဖို့ သဘောတူညီ ခဲ့ရတာဖြစ်ပြီး ၂၀၂၀-၂၁ ရာသီဟာ ဂရီးလစ်ရ်ှအတွက် အက်စတွန်ဗီလာ ကစားသမားဘ၀ နောက်ဆုံးရာသီ ဖြစ်လာဖို့ ရှိနေပါပြီ။

မန်စီးတီးအသင်းဟာ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူ ဂရီးလစ်ရ်ှကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ မတ်လကတည်းက စိတ်ဝင်စားခဲ့ တာဖြစ်ပြီး

ဂရီးလစ်ရ်ှကလည်း နာမည်ကျော်နည်းပြဂွါဒီယိုလာရဲ့ လက်အောက်မှာ ကစားခွင့်ရဖို့ ဆန္ဒရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူနိုင်ခဲ့ပြီဖြစ်သလို ဂရီးလစ်ရ်ှဟာ မန်ချက်စတာ ယူနိုက်တက်

ကွင်းလယ်လူ ပေ့ါဘာကို ကျော်ဖြတ်ပြီး ဗြိတိန်ဘောလုံးသမိုင်း တစ်လျှောက် ကြေးအကြီးဆုံးကစားသမားတစ်ဦး ဖြစ်လာတော့မှာပါ။

မန်စီးတီးအသင်းဟာ ဂရီးလစ်ရ်ှကို ခေါ်ယူနိုင်ဖို့နီးစပ်နေပြီ ဖြစ်ပေမယ့် စပါးအသင်း တိုက်စစ်မှူးဟယ်ရီကိန်းကို

ခေါ်ယူဖို့ လက်မလျှော့သေးဘဲ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

Zawgyi Version

မန်စီးတီးအသင်းဟာ အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမားဂရီးလစ်ရှ်ကို လက်ရှိကျင်းပနေတဲ့ ယူရို-၂၀၂၀ပြိုင်ပွဲအပြီးမှာ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူနိုင်ဖို့ရှိနေပါပြီ။

ဂရီးလစ်ရှ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ မန်စီးတီးနဲ့အက်စတွန်ဗီလာတာဝန်ရှိသူတွေဟာ ဆွေးနွေးမှုတွေပြုလုပ်နေပြီး အခုအချိန်မှာသဘောတူညီမှုရခဲ့ပြီလို့ ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့ပါတယ်။

အက်စတွန် ဗီလာအသင်းဟာ သူ့ရဲ့ ကစားသမားကို လက်လွတ် မခံလိုပေမယ့် ပရီးမီးယားလိဂ်စံချိန်တင် ပြောင်းရွှေ့ကြေးပမာဏ ရရှိမယ့်အနေအထားကြောင့် ရောင်းချဖို့ သဘောတူညီခဲ့ရတာဖြစ်ပြီး ၂၀၂၀-၂၁ ရာသီဟာ ဂရီးလစ်ရှ်အတွက် အက်စတွန်ဗီလာကစားသမားဘ၀ နောက်ဆုံးရာသီ ဖြစ်လာဖို့ရှိနေပါပြီ။

မန်စီးတီးအသင်းဟာ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့မတ်လကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဂရီးလစ်ရှ်ကလည်း နာမည်ကျော်နည်းပြဂွါဒီယိုလာရဲ့ လက်အောက်မှာ ကစားခွင့်ရဖို့ ဆန္ဒရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးအသင်းက ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူနိုင်ခဲ့ပြီဖြစ်သလို ဂရီးလစ်ရှ်ဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို ကျော်ဖြတ်ပြီး ဗြိတိန်ဘောလုံးသမိုင်းတစ်လျှောက် ကြေးအကြီးဆုံးကစားသမားတစ်ဦးဖြစ်လာတော့မှာပါ။

မန်စီးတီးအသင်းဟာ ဂရီးလစ်ရှ်ကို ခေါ်ယူနိုင်ဖို့နီးစပ်နေပြီဖြစ်ပေမယ့် စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူဖို့ လက်မလျှော့သေးဘဲ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

Credit to Original