Spots news

ယူရိုပြိုင်ပွဲအပြီး ရောက်ရှိလာတော့မယ့် ဆန်ချိုကို ချီးကျူးလိုက်တဲ့ ဆာအဲလက်စ် ဖာဂူဆန်

Unicode Version

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ သူ့အသင်းဟောင်းက ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့

ဒေ့ါမွန်အသင်း တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုဟာ အလားအလာအများကြီးရှိတဲ့ ကစားသမားတစ်ဦး ဖြစ်ကြောင်း ချီးကျူးစကားဆိုလိုက်ပါတယ်။

မန်စီးတီး လူငယ် ကစားသမားဟောင်း ဆန်ချိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ သူတို့ရဲ့ ကာလရှည် ပစ်မှတ်ကစားသမားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆန်ချို အတွက် ပြောင်းရွေ့ကြေး ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ ဒေါ့မွန်အသင်း နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုအတွက် ပြောင်းရွေ့ကြေးအဖြစ် ပေါင် ၈၀မှာ အသားတင် ပြောင်းရွေ့ စရိတ် ပေါင် ၇၅ သန်းဖြင့် Add-ons ပေါင် ၅ သန်းပေးချေဖို့ ဒေါ့မွန်နဲ့ သဘောတူခဲ့ တာလို့ Mirror က ဖော်ပြသွားပါတယ်။

ဆန်ချိုရဲ့အပြောင်းအရွှေ့ အတွက် ဒေ့ါမွန်နဲ့ ယူနိုက်တက် အသင်းတာဝန်ရှိ သူတွေဟာ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေကြပြီး လက်ရှိကျင်းပနေတဲ့ ယူရိုပြိုင်ပွဲ အပြီးလောက်မှာ တရားဝင်ကြေငြာဖို့ ရှိနေပါတယ်။

အဲဒါကြောင့် ယူနိုက်တက် ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကလည်း ဆန်ချိုကို ကြိုးပမ်းနေမှုနဲ့ပတ်သက်လို့ ထောက်ခံစကား ဆိုခဲ့ပြီး ဆန်ချိုရဲ့ခြေစွမ်းကို ချီးကျူးစကား ဆိုခဲ့တာပါ။ “ဆန်ချိုဟာ ပြိုင်ဘက်နဲ့ တစ်ယောက်ချင်း

ရင်ဆိုင်ရတဲ့ အခါမျိုးမှာ အကောင်းဆုံးကျော်ဖြတ်နိုင်ပြီး အသင်းဖော်တွေ အတွက် ဂိုးဖန်တီးပေးနိုင်သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်သူ ဖြစ်တာကြောင့် သူဟာ ပြိုင်ဘက် အသင်းတိုင်းကို အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတစ်ဦးပါ။

ဒေ့ါမွန်အသင်းအတွက် ခြေစွမ်းပြ ကစားနေသလို သူက အလားအလာကောင်းတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆန်ချိုဟာ

အင်္ဂလန်အသင်းရဲ့ ယူရိုပြိုင်ပွဲ အောင်မြင်မှု ရရှိရေး မျှော်လင့်ချက်အတွက် အရေးပါတဲ့သူအဖြစ် သတ်မှတ်ခံ ထားရတာပဲဖြစ်ပါတယ်”လို့ပြောကြား ခဲ့ပါတယ်။

Zawgyi Version

Unicode Version

မန္ခ်က္စတာယူနိုက္တက္ဂႏၳဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ဟာ သူ႕အသင္းေဟာင္းက ေခၚယူဖို႔ အသည္းအသန္ ႀကိဳးပမ္းေနတဲ့

ေဒ့ါမြန္အသင္း ေတာင္ပံတိုက္စစ္ ကစားသမား ဆန္ခ်ိဳဟာ အလားအလာအမ်ားႀကီးရွိတဲ့ ကစားသမားတစ္ဦး ျဖစ္ေၾကာင္း ခ်ီးက်ဴးစကားဆိုလိုက္ပါတယ္။

မန္စီးတီး လူငယ္ ကစားသမားေဟာင္း ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ႏွစ္ကတည္းက ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ သူတို႔ရဲ႕ ကာလရွည္ ပစ္မွတ္ကစားသမားကို ေခၚယူနိုင္ဖို႔ နီးစပ္ေနပါၿပီ။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆန္ခ်ိဳ အတြက္ ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း ၈၀ နဲ႕ ေခၚယူဖို႔ ေဒါ့မြန္အသင္း နဲ႕ သေဘာတူညီမႈ ရရွိခဲ့တာ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ဆန္ခ်ိဳအတြက္ ေျပာင္းေ႐ြ႕ေၾကးအျဖစ္ ေပါင္ ၈၀မွာ အသားတင္ ေျပာင္းေ႐ြ႕ စရိတ္ ေပါင္ ၇၅ သန္းျဖင့္ Add-ons ေပါင္ ၅ သန္းေပးေခ်ဖိဳ႕ ေဒါ့မြန္နဲ႕ သေဘာတူခဲ့ တာလို႔ Mirror က ေဖာ္ျပသြားပါတယ္။

ဆန္ခ်ိဳရဲ႕အေျပာင္းအေ႐ႊ႕ အတြက္ ေဒ့ါမြန္နဲ႕ ယူနိုက္တက္ အသင္းတာဝန္ရွိ သူေတြဟာ ေဆြးေႏြးမႈေတြ ဆက္လက္ ျပဳလုပ္ေနၾကၿပီး လက္ရွိက်င္းပေနတဲ့ ယူရိုၿပိဳင္ပြဲ အၿပီးေလာက္မွာ တရားဝင္ေၾကျငာဖို႔ ရွိေနပါတယ္။

အဲဒါေၾကာင့္ ယူနိုက္တက္ ဂႏၳဝင္နည္းျပႀကီး ဖာဂူဆန္ကလည္း ဆန္ခ်ိဳကို ႀကိဳးပမ္းေနမႈနဲ႕ပတ္သက္လို႔ ေထာက္ခံစကား ဆိုခဲ့ၿပီး ဆန္ခ်ိဳရဲ႕ေျခစြမ္းကို ခ်ီးက်ဴးစကား ဆိုခဲ့တာပါ။ “ဆန္ခ်ိဳဟာ ၿပိဳင္ဘက္နဲ႕ တစ္ေယာက္ခ်င္း

ရင္ဆိုင္ရတဲ့ အခါမ်ိဳးမွာ အေကာင္းဆုံးေက်ာ္ျဖတ္နိုင္ၿပီး အသင္းေဖာ္ေတြ အတြက္ ဂိုးဖန္တီးေပးနိုင္သလို ကိုယ္တိုင္လည္း ဂိုးသြင္းနိုင္သူ ျဖစ္တာေၾကာင့္ သူဟာ ၿပိဳင္ဘက္ အသင္းတိုင္းကို အႏၲရာယ္ေပးနိုင္တဲ့ ကစားသမားတစ္ဦးပါ။

ေဒ့ါမြန္အသင္းအတြက္ ေျခစြမ္းျပ ကစားေနသလို သူက အလားအလာေကာင္းတဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဆန္ခ်ိဳဟာ

အဂၤလန္အသင္းရဲ႕ ယူရိုၿပိဳင္ပြဲ ေအာင္ျမင္မႈ ရရွိေရး ေမွ်ာ္လင့္ခ်က္အတြက္ အေရးပါတဲ့သူအျဖစ္ သတ္မွတ္ခံ ထားရတာပဲျဖစ္ပါတယ္”လို႔ေျပာၾကား ခဲ့ပါတယ္။