Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဟော်လန်လက်ရွေးစင် နောက်ခံလူ ဒီလိုက်ကို ၂၀၁၉ ခုနှစ်က ခေါ်ယူရန် ကြိုးစားခဲ့ သော်လည်း ၎င်းက ဂျူဗင်တပ်သို့ ပြောင်းရွှေ့ သွားခဲ့ပြီး
လက်ရှိ အချိန်မှာ အသင်း၏ ခံစစ်ဗဟို၌ ပေါင်သန်း ၈၀ တန် မက်ဂွိုင်းယားနှင့် တွဲဖက်ကစားမည့် ခံစစ်မှူး တစ်ဦးကို ရှာဖွေနေသော မန်ယူအနေနဲ့ ဒီလိုက်ကို ခေါ်ယူရေး ပြန်လည်စိတ်ဝင်စား လာပါတယ်။
မန်ယူဟာ ဒီလိုက်ကို ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ရေးနှင့် ပတ်သက်၍ အစီအစဉ်များ ရေးဆွဲနေကြောင်း အီတလီရှိ မီဒီယာများက ဖော်ပြထားပါတယ်။ ဒီလိုက်ဟာ ၂၀၁၉ ဇွန်တွင် အိုင်းယတ်စ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး
စီးရီးအေတွင် မျှော်လင့် သလောက် ခြေစွမ်းပြနိုင်ခြင်းမရှိချေ။ ကပ်ရောဂါကြောင့် ငွေကြေးအကျပ် အတည်းနှင့် ရင်ဆိုင်နေရသော ဂျူဗင်တပ် အသင်းသည် ဒီလိုက်ကို ရောင်းထုတ် သွားရဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ် နေပါတယ်။
အသက် ၂၁ နှစ် အရွယ်ရှိ ဒီလိုက်ဟာ အိုင်းယတ်စ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ကြေး ယူရို ၇၅
သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး နည်းစနစ်ပိုင်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုပါ
ပြည့်စုံသော ဒီလိုက်ဟာ ၂၀၁၈ တွင် Golden Boy ဆုကို ရရှိခဲ့ဖူးပါတယ်။ ၂၀၁၉ တွင် ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ ပြီးနောက် ဂျူဗင်တပ် အတွက် ၅၁ ပွဲကစားပြီး ၄ ဂိုးသွင်းယူထားပါတယ်။
မန်ယူဟာ ရီးရဲမက်ဒရစ် နောက်ခံလူများ ဖြစ်ကြသော ရာမို့စ်နှင့် ဗာရာနီတို့ကို ခေါ်ယူရေး
မအောင်မြင် ဖြစ်နေခြင်းကြောင့် ဒီလိုက်ကိုခေါ်ယူရေး ပြန်လည် စိတ်ဝင်စား လာခြင်း ဖြစ်ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ေဟာ္လန္လက္ေ႐ြးစင္ ေနာက္ခံလူ ဒီလိုက္ကို ၂၀၁၉ ခုႏွစ္က ေခၚယူရန္ ႀကိဳးစားခဲ့ ေသာ္လည္း ၎က ဂ်ဴဗင္တပ္သို႔ ေျပာင္းေ႐ႊ႕ သြားခဲ့ၿပီး
လက္ရွိ အခ်ိန္မွာ အသင္း၏ ခံစစ္ဗဟို၌ ေပါင္သန္း ၈၀ တန္ မက္ဂြိုင္းယားႏွင့္ တြဲဖက္ကစားမည့္ ခံစစ္မႉး တစ္ဦးကို ရွာေဖြေနေသာ မန္ယူအေနနဲ႕ ဒီလိုက္ကို ေခၚယူေရး ျပန္လည္စိတ္ဝင္စား လာပါတယ္။
မန္ယူဟာ ဒီလိုက္ကို ကမ္းလွမ္းမႈ တစ္ခု ျပဳလုပ္ေရးႏွင့္ ပတ္သက္၍ အစီအစဥ္မ်ား ေရးဆြဲေနေၾကာင္း အီတလီရွိ မီဒီယာမ်ားက ေဖာ္ျပထားပါတယ္။ ဒီလိုက္ဟာ ၂၀၁၉ ဇြန္တြင္ အိုင္းယတ္စ္မွ ဂ်ဴဗင္တပ္သို႔ ေျပာင္းေ႐ႊ႕ခဲ့ျခင္း ျဖစ္ၿပီး
စီးရီးေအတြင္ ေမွ်ာ္လင့္ သေလာက္ ေျခစြမ္းျပနိုင္ျခင္းမရွိေခ်။ ကပ္ေရာဂါေၾကာင့္ ေငြေၾကးအက်ပ္ အတည္းႏွင့္ ရင္ဆိုင္ေနရေသာ ဂ်ဴဗင္တပ္ အသင္းသည္ ဒီလိုက္ကို ေရာင္းထုတ္ သြားရဖြယ္ ရွိေၾကာင္း သတင္းမ်ား ထြက္ေပၚ ေနပါတယ္။
အသက္ ၂၁ ႏွစ္ အ႐ြယ္ရွိ ဒီလိုက္ဟာ အိုင္းယတ္စ္မွ ဂ်ဴဗင္တပ္သို႔ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၇၅
သန္းျဖင့္ ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုကာ ေျပာင္းေ႐ႊ႕ခဲ့ျခင္းျဖစ္ၿပီး နည္းစနစ္ပိုင္းႏွင့္ ခႏၶာကိုယ္ႀကံ့ခိုင္မႈပါ
ျပည့္စုံေသာ ဒီလိုက္ဟာ ၂၀၁၈ တြင္ Golden Boy ဆုကို ရရွိခဲ့ဖူးပါတယ္။ ၂၀၁၉ တြင္ ဂ်ဴဗင္တပ္အသင္းသို႔ ေျပာင္းေ႐ႊ႕ ၿပီးေနာက္ ဂ်ဴဗင္တပ္ အတြက္ ၅၁ ပြဲကစားၿပီး ၄ ဂိုးသြင္းယူထားပါတယ္။
မန္ယူဟာ ရီးရဲမက္ဒရစ္ ေနာက္ခံလူမ်ား ျဖစ္ၾကေသာ ရာမို႔စ္ႏွင့္ ဗာရာနီတို႔ကို ေခၚယူေရး
မေအာင္ျမင္ ျဖစ္ေနျခင္းေၾကာင့္ ဒီလိုက္ကိုေခၚယူေရး ျပန္လည္ စိတ္ဝင္စား လာျခင္း ျဖစ္ပါတယ္။