Spots news

ဆန်ချို အဝင်၊ မာရှယ် အထွက်ဖြစ်လာနိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွေ့

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကာလရှည် ပစ်မှတ် ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အလွန်အမင်း နီးစပ်နေတဲ့ အခြေအနေကို ရောက်ရှိနေပြီး

လာမယ့် ရက်ပိုင်း အတွင်း သို့ ယူရို ပြိုင်ပွဲ အပြီးမှာပဲ ဆန်ချိုဟာ ယူနိုက်တက်ကို အပြီးသတ် ပြောင်းရွေ့နိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၉၀ သန်း အထိ သုံးစွဲရဖို့ ရှိနေပြီး လက်ရှိမှာ ဒေါ့မွန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ

ငွေပေးချေမှု နဲ့ အပိုဆုကြေးငွေ ကိစ္စတွေကို ဆက်လက် ဆွေးနွေးနေကြောင်း သတင်းဌာနများက အတည်ပြု ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာန ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကိုသာ ဝယ်ယူပြီးပါက

အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး ဖြစ်သူ အန်သိုနီ မာရှယ်ကို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်ထားကြောင်း ဆိုသွားပါတယ်။

မနည်းပြ ဆိုးလ်ရှားဟာ ဆန်ချို ရောက်လာပါက ရက်ဖို့ဒ် ၊ ဂရင်းဝုဒ်နဲ့ ဆန်ချိုတို့ သုံးဦး တိုက်စစ်အတွဲကို အဓိက ပုံဖော်ချင်တာကြောင့်

ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မာရှယ်ကို ရောင်းထုတ်ပြီး လိုအပ်တဲ့ နေရာတွေကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းကို လက်လွတ်ရဖွယ် ရှိနေတာမို့ ယူနိုက်တက်က ရောင်းချမယ့် အသက် ၂၅ နှစ်အရွယ် ပြင်သစ် တိုက်စစ်မှူး မာရှယ်ကို ပစ်မှတ်ထား စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

မာရှယ်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ ရင့်ကျက်တဲ့ လူငယ်တိုက်စစ်မှူး ဖြစ်ပြီး ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ် အထိ ကျန်ရှိနေတာ

ဖြစ်လို့ ယူနိုက်တက်ဘက်က မာရှယ်အတွက် ပြောင်းရွေ့ကြေး ယူရို သန်း ၆၀ ရမှာ ရောင်းချဖွယ်ရာ ရှိကြောင်း သတင်းများက ဆိုပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ကာလရွည္ ပစ္မွတ္ ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူနိုင္ဖို႔ အလြန္အမင္း နီးစပ္ေနတဲ့ အေျခအေနကို ေရာက္ရွိေနၿပီး လာမယ့္ ရက္ပိုင္း အတြင္း သို႔ ယူရို ၿပိဳင္ပြဲ အၿပီးမွာပဲ ဆန္ခ်ိဳဟာ ယူနိုက္တက္ကို အၿပီးသတ္ ေျပာင္းေ႐ြ႕နိုင္မယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၉၀ သန္း အထိ သုံးစြဲရဖို႔ ရွိေနၿပီး လက္ရွိမွာ ေဒါ့မြန္အသင္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္းတို႔ဟာ ေငြေပးေခ်မႈ နဲ႕ အပိုဆုေၾကးေငြ ကိစၥေတြကို ဆက္လက္ ေဆြးေႏြးေနေၾကာင္း သတင္းဌာနမ်ားက အတည္ျပဳ ထားပါတယ္။

နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ ESPN သတင္းဌာန ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳကိုသာ ဝယ္ယူၿပီးပါက အသင္းရဲ႕ ျပင္သစ္ တိုက္စစ္မႉး ျဖစ္သူ အန္သိုနီ မာရွယ္ကို အသင္းကေန ေရာင္းထုတ္ဖို႔ စီစဥ္ထားေၾကာင္း ဆိုသြားပါတယ္။

မနည္းျပ ဆိုးလ္ရွားဟာ ဆန္ခ်ိဳ ေရာက္လာပါက ရက္ဖို႔ဒ္ ၊ ဂရင္းဝုဒ္နဲ႕ ဆန္ခ်ိဳတို႔ သုံးဦး တိုက္စစ္အတြဲကို အဓိက ပုံေဖာ္ခ်င္တာေၾကာင့္ ပုံမွန္ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတဲ့ မာရွယ္ကို ေရာင္းထုတ္ၿပီး လိုအပ္တဲ့ ေနရာေတြကို အင္အားျဖည့္တင္းဖို႔ ဆုံးျဖတ္ထားတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ စပါးအသင္းဟာ တိုက္စစ္မႉး ဟယ္ရီကိန္းကို လက္လြတ္ရဖြယ္ ရွိေနတာမို႔ ယူနိုက္တက္က ေရာင္းခ်မယ့္ အသက္ ၂၅ ႏွစ္အ႐ြယ္ ျပင္သစ္ တိုက္စစ္မႉး မာရွယ္ကို ပစ္မွတ္ထား ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။

မာရွယ္ဟာ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံ ရင့္က်က္တဲ့ လူငယ္တိုက္စစ္မႉး ျဖစ္ၿပီး ယူနိုက္တက္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္ အထိ က်န္ရွိေနတာ ျဖစ္လို႔ ယူနိုက္တက္ဘက္က မာရွယ္အတြက္ ေျပာင္းေ႐ြ႕ေၾကး ယူရို သန္း ၆၀ ရမွာ ေရာင္းခ်ဖြယ္ရာ ရွိေၾကာင္း သတင္းမ်ားက ဆိုပါတယ္။