Spots news

ဆန်ချိုရဲ့နေရာအစားထိုးဖို့ နယ်သာလန်ကြယ်ပွင့် ကို အလျင်စလို ကမ်းလှမ်းလာတဲ့ ဒေါ့မွန်

Unicode Version

ဒေါ့မွန်အသင်းဟာ အသင်းရဲ့တောင်ပံကစားသမား ဂျေဒန် ဆန်ချိုရဲ့ နေရာကို အစားထိုးဖို့ အတွက် နယ်သာလန်တိုက်စစ်ကစားသမား မာလန်းကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။

ဒေါ့မွန် အသင်းအနေဖြင့် မာလန်းကို ခေါ်ယူရန် ကမ်းလှမ်းမှုကို အလျင်စလို စီစဉ်နေခြင်းကြောင့် ဆန်ချိုအား မန်ချက်စတာ ယူနိုက်တက်အသင်းသို့ ရောင်းချမည့် သတင်းမှာ ပိုမိုသေချာသလောက်ရှိ သွားပြီဖြစ်ပါတယ်။

ဗြိတိန်မီဒီယာများရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ အသင်းတောင်ပံကစားသမား ဆန်ချိုကို ယူနိုက်တက် ထံသို့ ပေါင် (၈၀)သန်းဖြင့် ရောင်းချရန် သဘောတူညီခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့မှာ မကြာမီရက်ပိုင်းမှာ တရားဝင် ကြေငြာဖွယ် ရှိပါတယ်။

ထို့ကြောင့် ဒေါ့မွန်အသင်းဟာ ဆန်ချိုရဲ့နေရာကို  အစားထိုးရန်အတွက် PSV တိုက်စစ်ကစားသမား မာလန်းကို ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာနှင့်ဆွေးနွေးမှုများပင် ပြုလုပ်နေပြီဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ်ရှိ နယ်သာလန်ကစားသမား မာလန်းဟာ အာဆင်နယ်အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက PSV အသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၂၇)ဂိုး သွင်းယူခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ကမ်းလှမ်းမှုကို ပြိုင်ဘက်အသင်းများထက် လက်ဦးဖို့ အလျင်စလို လုပ်နေပြီး PSV တိုက်စစ်ကစားသမား မာလန်းကို ပေါင် (၂၅)သန်းဝန်းကျင်ဖြင့် ခေါ်ယူလိုနေပါတယ်။ မာလန်းကို လီဗာပူးအသင်းကလဲ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

Zawgyi Version

ေဒါ့မြန္အသင္းဟာ အသင္းရဲ႕ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ ေနရာကို အစားထိုးဖို႔ အတြက္ နယ္သာလန္တိုက္စစ္ကစားသမား မာလန္းကို ေခၚယူရန္ စီစဥ္ေနေၾကာင္း သိရပါတယ္။

ေဒါ့မြန္ အသင္းအေနျဖင့္ မာလန္းကို ေခၚယူရန္ ကမ္းလွမ္းမႈကို အလ်င္စလို စီစဥ္ေနျခင္းေၾကာင့္ ဆန္ခ်ိဳအား မန္ခ်က္စတာ ယူနိုက္တက္အသင္းသို႔ ေရာင္းခ်မည့္ သတင္းမွာ ပိုမိုေသခ်ာသေလာက္ရွိ သြားၿပီျဖစ္ပါတယ္။

ၿဗိတိန္မီဒီယာမ်ားရဲ႕ ေဖာ္ျပခ်က္အရ ေဒါ့မြန္အသင္းဟာ အသင္းေတာင္ပံကစားသမား ဆန္ခ်ိဳကို ယူနိုက္တက္ ထံသို႔ ေပါင္ (၈၀)သန္းျဖင့္ ေရာင္းခ်ရန္ သေဘာတူညီခဲ့ၿပီျဖစ္ၿပီး အေျပာင္းအေ႐ႊ႕မွာ မၾကာမီရက္ပိုင္းမွာ တရားဝင္ ေၾကျငာဖြယ္ ရွိပါတယ္။

ထို႔ေၾကာင့္ ေဒါ့မြန္အသင္းဟာ ဆန္ခ်ိဳရဲ႕ေနရာကို  အစားထိုးရန္အတြက္ PSV တိုက္စစ္ကစားသမား မာလန္းကို ပစ္မွတ္ထားေနျခင္းျဖစ္ၿပီး ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူ ရိုင္အိုလာႏွင့္ေဆြးေႏြးမႈမ်ားပင္ ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း ဂ်ာမန္သတင္းစာ Bild က ေဖာ္ျပခဲ့ပါတယ္။

အသက္ (၂၂)ႏွစ္အ႐ြယ္ရွိ နယ္သာလန္ကစားသမား မာလန္းဟာ အာဆင္နယ္အကယ္ဒမီထြက္ ကစားသမား တစ္ဦးျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၂၀-၂၁ ရာသီက PSV အသင္းအတြက္ ၿပိဳင္ပြဲစုံ (၄၅)ပြဲတြင္ (၂၇)ဂိုး သြင္းယူခဲ့ပါတယ္။

ေဒါ့မြန္အသင္းဟာ ကမ္းလွမ္းမႈကို ၿပိဳင္ဘက္အသင္းမ်ားထက္ လက္ဦးဖို႔ အလ်င္စလို လုပ္ေနၿပီး PSV တိုက္စစ္ကစားသမား မာလန္းကို ေပါင္ (၂၅)သန္းဝန္းက်င္ျဖင့္ ေခၚယူလိုေနပါတယ္။ မာလန္းကို လီဗာပူးအသင္းကလဲ စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။