Spots news
ဆံပင်အရောင်ကို အထအနကောက်ပြီး မေးတဲ့ မေးခွန်းတွေကို ပေါ့ဘာ ငြင်းဆန်
Unicode Version
မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်လူ ပေ့ါဘာက သူ့ရဲ့ဆံပင် ပုံစံသစ်က ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့အရိပ်အယောင်
ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေတာကို ငြင်းဆန်ပယ်ချလိုက်ပြီး အခုလောလောဆယ် ယူရိုပြိုင်ပွဲကိုသာ အာရုံစိုက်ထားတယ်လို့ ဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာ ပြင်သစ်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဆင်နွှဲနေတဲ့ ပေ့ါဘာဟာ ဆံပင်အဖြူတစ်ဝက်၊ အမည်းတစ်ဝက်ပုံစံသစ်ပြောင်းလဲခဲ့တာကြောင့် ဒါက ဂျူဗင်တပ်စ်အသင်းရဲ့ဂျာစီအရောင်ဖြစ်တဲ့အတွက် အသင်းဟောင်းဆီ ပေ့ါဘာ ပြန်တော့မလားဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ်နေတာပါ။
ဒါပေမဲ့လည်း ပေ့ါဘာက “ကျွန်တော့်ဆံပင်ပုံစံက အနာဂတ်နဲ့ပတ်သက်ပြီး အချက်ပေးတာလားဆိုတဲ့ မေးခွန်းတွေထွက်လာမယ်ဆိုတာ ကျွန်တော်မျှော်လင့်ပြီးသားပါပဲ။ အခုအချိန်မှာတော့ ယူရိုပြိုင်ပွဲကလွဲပြီး ဘယ်လိုအနာဂတ်ကိုမှ မတွေးထားသေးပါဘူး။ ကျွန်တော့်ဆံပင်ပုံစံက မကြာခဏပြောင်းနေတာပါ”လို့ပြောကြားခဲ့ပါတယ်။
အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူပေ့ါဘာဟာ ယူနိုက်တက်အသင်းနဲ့ လာမယ့်နှစ်၊ နွေရာသီကျရင် စာချုပ်သက်တမ်းပြည့်တော့မှာဖြစ်ပြီး အခုအချိန်မှာ ယူနိုက်တက်အသင်းက သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။
ဒါပေမဲ့လည်း စာချုပ်သစ်ချုပ်ဆိုဖို့က ကြန့်ကြာနေတာကြောင့် ယူနိုက်တက်အသင်းကနေ ပေ့ါဘာ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး သူ့ကို အသင်းဟောင်း ဂျူဗင်တပ်စ်အပြင် ထိပ်သီးကလပ်တွေက ပစ်မှတ်ထားနေကြတာပါ။
Zawgyi Version
မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်လူ ပေါ့ဘာက သူ့ရဲ့ဆံပင် ပုံစံသစ်က ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့အရိပ်အယောင်
လက်ရှိအချိန်မှာ ပြင်သစ်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဆင်နွှဲနေတဲ့ ပေါ့ဘာဟာ ဆံပင်အဖြူတစ်ဝက်၊ အမည်းတစ်ဝက်ပုံစံသစ်ပြောင်းလဲခဲ့တာကြောင့် ဒါက ဂျူဗင်တပ်စ်အသင်းရဲ့ဂျာစီအရောင်ဖြစ်တဲ့အတွက် အသင်းဟောင်းဆီ ပေါ့ဘာ ပြန်တော့မလားဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ်နေတာပါ။
အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ လာမယ့်နှစ်၊ နွေရာသီကျရင် စာချုပ်သက်တမ်းပြည့်တော့မှာဖြစ်ပြီး အခုအချိန်မှာ ယူနိုက်တက်အသင်းက သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။
ဒါပေမဲ့လည်း စာချုပ်သစ်ချုပ်ဆိုဖို့က ကြန့်ကြာနေတာကြောင့် ယူနိုက်တက်အသင်းကနေ ပေါ့ဘာ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး သူ့ကို အသင်းဟောင်း ဂျူဗင်တပ်စ်အပြင် ထိပ်သီးကလပ်တွေက ပစ်မှတ်ထားနေကြတာပါ။