Spots news

ပြိုင်ဘက် ချယ်လ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ မန်စီးတီး

Unicode Version

မန်စီးတီးအသင်းဟာ အသင်းရဲ့ ညာနောက်ခံနေရာအတွက် ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်လူငယ် နောက်ခံအစွန်လူ ရီးစ်ဂျိမ်းစ်ကို

ခေါ်ယူသွားချင်နေတယ်လို့ ဗြိတိန်နာမည်ကျော် အားကစားသတင်းမီဒီယာကြီးဖြစ်တဲ့ The Athletic ကနေ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးအကယ်ဒမီထွက် ရီးစ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ချယ်လ်ဆီးစီနီယာအသင်းကြီးအတွက် စတင်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပေမယ့်လည်း

ပြိုင်ပွဲစုံပွဲပေါင်း (၄၇)ပွဲအထိကို ပါဝင်ကစားခဲ့ရသလို အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ် ဆုဖလားကြီးပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ရီးစ်ဂျိမ်းစ်ဟာ ခံစစ်စွမ်းရည်ကောင်းမွန်သလို သူရဲ့ဖြတ်တင်ဘောတွေနဲ့ အဝေးကန်ချက်တွေကနေလည်း အသင်းရဲ့တိုက်စစ်ပိုင်းကိုပါ ကူညီပေးနိုင်တဲ့

ကစားသမားကောင်း တစ်ယောက် ဖြစ်နေတဲ့အတွက် မန်စီးတီးနည်းပြ ဂွာဒီယိုလာက ရီးစ်ဂျိမ်းစ်ကို မျက်စိကျလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီးအသင်းရဲ့ ညာခြမ်းခံစစ်နေရာမှာ ကိုင်းလ်ဝေါ်ကာနဲ့ ဂျာအိုကန်ဆယ်လိုတို့လို တကယ့်အရည်အသွေး မြင့်မားလှတဲ့ ညာနောက်ခံလူတွေ ရှိလို့နေတာကြောင့် ရီးစ်ဂျိမ်းစ်ကို အဓိကပစ်မှတ်အဖြစ်

သတ်မှတ်ဖွယ်မရှိသလို ချယ်လ်ဆီးအသင်းဘက်ကနေလည်း သူတို့အသင်းရဲ့ အလားအလာကောင်းလှတဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးကို ပြိုင်ဘက်အသင်းတစ်သင်းဆီကို အလွယ်တကူ ရောင်းချဖွယ် မရှိနိုင်ပါဘူး။

ဒါပေမယ့် ချယ်လ်ဆီးအသင်းဘက်ကနေ အင်တာညာနောက်ခံလူ ဟာကီမီကို ကြိုးပမ်းခဲ့ဖူးတာကြောင့် အသင်းမှာ ရှိနေတဲ့ ညာနောက်ကစားသမား ရီးစ်ဂျိမ်းစ်ရဲ့အနာဂတ်ကလည်း အနည်းငယ်လေး လှုပ်ခတ်လာရမှာတော့ သေချာနေပါတယ်။

Zawgyi Version

မန္စီးတီးအသင္းဟာ အသင္းရဲ႕ ညာေနာက္ခံေနရာအတြက္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းရဲ႕ အဂၤလန္လူငယ္ ေနာက္ခံအစြန္လူ ရီးစ္ဂ်ိမ္းစ္ကို ေခၚယူသြားခ်င္ေနတယ္လို႔ ၿဗိတိန္နာမည္ေက်ာ္ အားကစားသတင္းမီဒီယာႀကီးျဖစ္တဲ့ The Athletic ကေန ေဖာ္ျပသြားခဲ့ပါတယ္။

ခ်ယ္လ္ဆီးအကယ္ဒမီထြက္ ရီးစ္ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီကမွ ခ်ယ္လ္ဆီးစီနီယာအသင္းႀကီးအတြက္ စတင္ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ေပမယ့္လည္း ၿပိဳင္ပြဲစုံပြဲေပါင္း (၄၇)ပြဲအထိကို ပါဝင္ကစားခဲ့ရသလို အသင္းနဲ႕အတူ ဥေရာပခ်န္ပီယံလိဂ္ ဆုဖလားႀကီးပါ ပိုင္ဆိုင္နိုင္ခဲ့ရပါတယ္။

ရီးစ္ဂ်ိမ္းစ္ဟာ ခံစစ္စြမ္းရည္ေကာင္းမြန္သလို သူရဲ႕ျဖတ္တင္ေဘာေတြနဲ႕ အေဝးကန္ခ်က္ေတြကေနလည္း အသင္းရဲ႕တိုက္စစ္ပိုင္းကိုပါ ကူညီေပးနိုင္တဲ့ ကစားသမားေကာင္းတစ္ေယာက္ ျဖစ္ေနတဲ့အတြက္ မန္စီးတီးနည္းျပ ဂြာဒီယိုလာက ရီးစ္ဂ်ိမ္းစ္ကို မ်က္စိက်လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ မန္စီးတီးအသင္းရဲ႕ ညာျခမ္းခံစစ္ေနရာမွာ ကိုင္းလ္ေဝၚကာနဲ႕ ဂ်ာအိုကန္ဆယ္လိုတို႔လို တကယ့္အရည္အေသြး ျမင့္မားလွတဲ့ ညာေနာက္ခံလူေတြ ရွိလို႔ေနတာေၾကာင့္ ရီးစ္ဂ်ိမ္းစ္ကို အဓိကပစ္မွတ္အျဖစ္

သတ္မွတ္ဖြယ္မရွိသလို ခ်ယ္လ္ဆီးအသင္းဘက္ကေနလည္း သူတို႔အသင္းရဲ႕ အလားအလာေကာင္းလွတဲ့ ၾကယ္ပြင့္ကစားသမားတစ္ဦးကို ၿပိဳင္ဘက္အသင္းတစ္သင္းဆီကို အလြယ္တကူ ေရာင္းခ်ဖြယ္ မရွိနိုင္ပါဘူး။

ဒါေပမယ့္ ခ်ယ္လ္ဆီးအသင္းဘက္ကေန အင္တာညာေနာက္ခံလူ ဟာကီမီကို ႀကိဳးပမ္းခဲ့ဖူးတာေၾကာင့္ အသင္းမွာ ရွိေနတဲ့ ညာေနာက္ကစားသမား ရီးစ္ဂ်ိမ္းစ္ရဲ႕အနာဂတ္ကလည္း အနည္းငယ္ေလး လႈပ္ခတ္လာရမွာေတာ့ ေသခ်ာေနပါတယ္။

Credit to Original