Spots news

ဘာစီလိုနာကို သာမက လီဗာပူးကိုပါ အကြပ်ရိုက် စေပြန်တဲ့ ကော်တင်ဟို

Unicode Version

ယခု အပတ် လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာ အသင်း နဲ့ အီဘာ တို့ သရေကျ ခဲ့တဲ့အတွက်ကြောင့် ရမှတ် ၂မှတ် ဆုံးရှုံး ခဲ့ရသလို ဆုဖလား မျှော်လင့်ချက် ကလဲ တဖြည်းဖြည်း မှေးမှိန် ခဲ့ရပြီ ဖြစ်ပါတယ်။ အသင်း ခေါင်းဆောင် မက်ဆီ မပါဝင် နိုင်ခဲ့ပေမယ့် ပွဲကြည့်စင် ပေါ် လာရောက် ကြည့်ရှု ခဲ့ပါတယ်။ ဘာစီလိုနာ ရဲ့ ခြေစွမ်းဟာ အသင်းကြီး တစ်သင်းရဲ့ ခြေစွမ်းအောက် ရောက်ရှိ နေခဲ့ပြီး တစ်ဖက် တစ်ဂိုးစီ ဖြင့် ပြီးဆုံးခဲ့ပါတယ်။ ထိုပွဲမှာ ဒဏ်ရာမှ ပြန် သက်သာ လာစ ကော်တင်ဟို ဟာ ပြန်လည် ဒဏ်ရာ ရရှိခဲ့ ပြန်ပါတယ် ။

ဒူးဒဏ်ရာ ပြန်လည် ရရှိ ခဲ့တာ ဖြစ်ပြီး နောက်ထပ် လေးလ ငါးလ ခန့် အနားယူ ရဦးမှာ ဖြစ်တယ်လို့ ဘာစီလိုနာ ဘက်က အတည်ပြုပြောကြားသွား ခဲ့ပါတယ်။ ဒါဟာ ဘာစီလိုနာ ရဲ့ ကစားသမား အင်အား ကို ထိခိုက်ရုံ သာမက ကော်တင်ဟို ရဲ့ ကလပ် အသင်းဟောင်း လီဗာပူး အသင်း ကိုပါ ထိခိုက် ခဲ့တာပါ ။ ကော်တင်ဟို ကို လီဗာပူး ကနေ ဘာစီလိုနာသို့ ခေါ်ယူခဲ့တုန်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ အချက် အလက် အရ ဘရာဇီးသား ရဲ့ ပြောင်းရွေ့ကြေး ဟာ ပေါင်သန်း ၁၂၀ ဖြင့် ဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင် ရည်အပေါ်မူတည်ပြီး နောက်ထပ် ပေါင်သန်း ၄၀ ထပ်ဆောင်း ပေးရမှာ ဖြစ်ပါတယ်။

အဆိုပါ သန်း ၄၀ ကတော့ ဘာစီလိုနာ အတွက် ကော်တင်ဟို ပွဲ ၁၀၀ ပြည့်တိုင်း လီဗာပူး အနေနဲ့ သန်း ၂၀ ရရှိမှာ ဖြစ်ပြီး လက်ရှိ မှာတော့ ကော်တင်ဟို ဟာ ပွဲ ၉၀ ကစား ထားပြီးပြီ ဖြစ်ပါတယ်။ သူ့ရဲ့ဒဏ်ရာ ကြောင့် ငွေပေးချေ ရဖို့က လည်း နှောက်နှေး သွားပြီ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာမည့် နွေရာသီမှာ သူ့ကို ရောင်းချဖို့ အတွက် ပြင်ဆင်နေတာ ဖြစ်တဲ့ အတွက် ဒီရာသီမှာသာ ပွဲပေါင်း ၁၀၀ မပြည့်ခဲ့ဘူး ဆိုရင်တော့ အဲ့ဒီအရေအတွက် သို့ ရောက်ရှိဖို့ အခွင့်အရေးနည်းပါး သွားပြီ ဖြစ်ပါတယ်။

Zawgyi Version


