Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဇွန်လ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝါရင့်ဂိုးသမား ဆာဂျီယိုရိုမဲရိုးကို ဂျုဗင်တပ်စ် ဆယ်လ်တာဗီဂို အသင်းတွေကနေ
ခေါ်ယူသွားချင်နေပေမယ့်လည်း လက်ရှိမှာ ရိုမဲရိုးကို အတွက် အဲဗာတန်အသင်းက ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။
ရိုမဲရိုးဟာ ယူနိုက်တက်အသင်းကို ၂၀၁၅ခုနှစ်ကတည်းက ဆမ်ဒိုရီးယားအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား အက်အေဖလား လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
ရိုမဲရိုးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်အသင်းမှာ တစ်ပွဲတစ်လေမှကို ပါဝင်ကစားထားရခြင်းမရှိသလို စာချုပ်အရလည်း ဒီလအတွင်းမှာပဲ
သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ကစားသမားဘက်ကရော အသင်းဘက်ကရော လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ထား ပါတယ်။
ဒီလို အခြေအနေရှိနေတဲ့ ဝါရင့်ဂိုးသမားကြီးကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက အလိုရှိနေခဲ့တဲ့ အဲဗာတန်အသင်းကနေ ထပ်မံကြိုးစား
လာခဲ့ပြီး အရခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးလျက် ရှိနေတယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။
ဒါပေမယ့် အဲဗာတန်အသင်းမှာ အင်္ဂလန်လက်ရွေးစင် ဂိုးသမား ပစ်ဖိုဒ့်နဲ့ ဆွီဒင်လက်ရွေးစင် ဂိုးသမား အော်လ်ဆန်တို့ ရှိနေတာကြောင့်
အသင်းမှာ ပုံမှန်နေရာရဖို့ မလွယ်ကူနိုင်တာကြောင့် အဲဗာတန်ရဲ့ကမ်းလှမ်းမှုကို ရိုမဲရိုးဘက်ကနေ အသေအချာ စဉ်းစားဖွယ် ရှိနေပါတယ်။
လတ်တလောမှာ ရိုမဲရိုးကို အီတလီစီးရီးအေရဲ့ ထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းဘက်ကနေလည်း ပစ်မှတ်ထားလျက်ရှိ
နေပြီး ပါးမားအသင်းဆီကို ပြောင်းရွှေ့သွားခဲ့တဲ့ ဝါရင့်ဂိုးသမားကြီး ဘူဖွန်ရဲ့နေရာမှာ ရိုမဲရိုးနဲ့ ပြန်လည်အစားထိုးချင်နေပါတယ်။
ရိုမဲရိုးဟာလည်း အီတလီမှာ ကျင်လည်ခဲ့ဖူးသူဖြစ်လို့ ဂျုဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကိုပါ စဉ်းစားဖွယ် ရှိနေပေမယ့် လာလီဂါကလပ် အသင်းဖြစ်တဲ့ ဆယ်လ်တာဗီဂိုအသင်းက ရိုမဲရိုးကို
အသင်းရဲ့ပင်တိုင်ဂိုးသမားအဖြစ်နဲ့ပါ အသုံးပြုလာနိုင်တာကြောင့် ဆယ်လ်တာဗီဂိုက ရိုမဲရိုးအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ဇြန္လ အကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားေတာ့မယ့္ ဝါရင့္ဂိုးသမား ဆာဂ်ီယိုရိုမဲရိုးကို ဂ်ဳဗင္တပ္စ္ ဆယ္လ္တာဗီဂို အသင္းေတြကေန
ေခၚယူသြားခ်င္ေနေပမယ့္လည္း လက္ရွိမွာ ရိုမဲရိုးကို အတြက္ အဲဗာတန္အသင္းက ေဆြးေႏြးမႈေတြ လုပ္ေဆာင္လ်က္ရွိေနပါတယ္။
ရိုမဲရိုးဟာ ယူနိုက္တက္အသင္းကို ၂၀၁၅ခုႏွစ္ကတည္းက ဆမ္ဒိုရီးယားအသင္းကေန ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းနဲ႕အတူ ယူရိုပါလိဂ္ဖလား အက္ေအဖလား လိဂ္ဖလားတို႔ကို ရယူနိုင္ခဲ့ပါတယ္။
ရိုမဲရိုးဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ယူနိုက္တက္အသင္းမွာ တစ္ပြဲတစ္ေလမွကို ပါဝင္ကစားထားရျခင္းမရွိသလို စာခ်ဳပ္အရလည္း ဒီလအတြင္းမွာပဲ
သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္လို႔ ကစားသမားဘက္ကေရာ အသင္းဘက္ကေရာ လက္တြဲျဖဳတ္ဖို႔ ဆုံးျဖတ္ထား ပါတယ္။
ဒီလို အေျခအေနရွိေနတဲ့ ဝါရင့္ဂိုးသမားႀကီးကို ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာကတည္းက အလိုရွိေနခဲ့တဲ့ အဲဗာတန္အသင္းကေန ထပ္မံႀကိဳးစား
လာခဲ့ၿပီး အရေခၚယူနိုင္ဖို႔အတြက္ ကစားသမားရဲ႕ေအးဂ်င့္ျဖစ္သူနဲ႕ ေဆြးေႏြးလ်က္ ရွိေနတယ္လို႔ The Athletic ကေန ေဖာ္ျပလာခဲ့ပါတယ္။
ဒါေပမယ့္ အဲဗာတန္အသင္းမွာ အဂၤလန္လက္ေ႐ြးစင္ ဂိုးသမား ပစ္ဖိုဒ့္နဲ႕ ဆြီဒင္လက္ေ႐ြးစင္ ဂိုးသမား ေအာ္လ္ဆန္တို႔ ရွိေနတာေၾကာင့္
အသင္းမွာ ပုံမွန္ေနရာရဖို႔ မလြယ္ကူနိုင္တာေၾကာင့္ အဲဗာတန္ရဲ႕ကမ္းလွမ္းမႈကို ရိုမဲရိုးဘက္ကေန အေသအခ်ာ စဥ္းစားဖြယ္ ရွိေနပါတယ္။
လတ္တေလာမွာ ရိုမဲရိုးကို အီတလီစီးရီးေအရဲ႕ ထိပ္သီးအသင္းႀကီးတစ္သင္းျဖစ္တဲ့ ဂ်ဳဗင္တပ္စ္အသင္းဘက္ကေနလည္း ပစ္မွတ္ထားလ်က္ရွိ
ေနၿပီး ပါးမားအသင္းဆီကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဝါရင့္ဂိုးသမားႀကီး ဘူဖြန္ရဲ႕ေနရာမွာ ရိုမဲရိုးနဲ႕ ျပန္လည္အစားထိုးခ်င္ေနပါတယ္။
ရိုမဲရိုးဟာလည္း အီတလီမွာ က်င္လည္ခဲ့ဖူးသူျဖစ္လို႔ ဂ်ဳဗင္တပ္စ္ရဲ႕ ကမ္းလွမ္းမႈကိုပါ စဥ္းစားဖြယ္ ရွိေနေပမယ့္ လာလီဂါကလပ္ အသင္းျဖစ္တဲ့ ဆယ္လ္တာဗီဂိုအသင္းက ရိုမဲရိုးကို
အသင္းရဲ႕ပင္တိုင္ဂိုးသမားအျဖစ္နဲ႕ပါ အသုံးျပဳလာနိုင္တာေၾကာင့္ ဆယ္လ္တာဗီဂိုက ရိုမဲရိုးအတြက္ အေကာင္းဆုံး ေ႐ြးခ်ယ္မႈတစ္ခု ျဖစ္လာနိုင္ပါတယ္။