Unicode Version
ဝက်စ်ဟမ်းအနေနဲ့ အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ နည်းပြဒေးဗစ်မိုယက်စ်က အရိပ်အမြွက်ပြောပါတယ်။
လင်ဂတ် ဟာ ဝက်စ်ဟမ်း အသင်းကို ရောက်တဲ့ အချိန်မှာ အကောင်းဆုံး ခြေစွမ်းကို ပြန်လည် ပြသနိုင်ခဲ့ပြီး သူပါဝင် ကစားခဲ့တဲ့ (၁၆)ပွဲမှာ (၉)ဂိုးသွင်းယူပြီး (၅)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အသင်း ယူရိုပါလိဂ် ဝင်ခွင့်ရရှိအောင် လည်း စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။အဲဒါကြောင့် ဝက်စ်ဟမ်း အသင်းက လင်ဂတ် ကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စား နေတာပါ။
နှစ်သင်း သဘောတူညီမှု ရထားတဲ့ အငှားစာချုပ်အတိုင်းဆိုရင် လင်ဂတ်ဟာ ယခု နွေရာသီမှာ မိခင်ကလပ် ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းရမှာဖြစ်ပေမယ့်
ယူနိုက်တက် နည်းပြဟောင်း မိုယက်စ်ကတော့ လင်ဂတ်ကို ကာလရှည်စာချုပ်နဲ့ အမြဲတမ်းစာချုပ်ချုပ် ဆိုခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
”အနာဂတ်မှာ ကစားသမားကောင်းတွေကို ဆွဲဆောင်နိုင်တဲ့အသင်းတစ်သင်းဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အသင်းက အမှတ်ပေးဇယားရပ်တည်မှုရော၊ ကွင်းအနေအထားအရပါ အဲဒီလိုမျှော်လင့်နိုင်ပါတယ်။
လင်ဂတ်က ကျွန်တော်တို့အသင်းဆီ ပြောင်းရွှေ့ချင်ခဲ့သလို မှန်ကန်တဲ့အပြောင်းအရွှေ့လည်းဖြစ်ခဲ့ပါတယ်။ သူ့အတွက် ဒီနေရာက တကယ်ကောင်းတဲ့နေရာအဖြစ် မြင်တွေ့ခဲ့ပါတယ်။
နွေရာသီမှာ ကစားသမားသစ်တွေခေါ်ယူဖို့ မျှော်လင့်နေပေမယ့် လင်ဂတ်ကို ဆက်ထိန်းထားဖို့လည်း မျှော်လင့်ပါတယ်”လို့ မိုယက်စ်က ပြောပါတယ်။
လင်ဂတ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၂ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိအချိန်ထိ ယူနိုက်တက်က သူ့ကို စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
Zawgyi Version
ဝက္စ္ဟမ္းအေနနဲ႕ အသင္းအတြက္ ေျခစြမ္းျပခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ကို အၿမဲတမ္းစာခ်ဳပ္နဲ႕ ေခၚယူနိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ နည္းျပေဒးဗစ္မိုယက္စ္က အရိပ္အႁမြက္ေျပာပါတယ္။
လင္ဂတ္ ဟာ ဝက္စ္ဟမ္း အသင္းကို ေရာက္တဲ့ အခ်ိန္မွာ အေကာင္းဆုံး ေျခစြမ္းကို ျပန္လည္ ျပသနိုင္ခဲ့ၿပီး သူပါဝင္ ကစားခဲ့တဲ့ (၁၆)ပြဲမွာ (၉)ဂိုးသြင္းယူၿပီး (၅)ဂိုး ဖန္တီးနိုင္ခဲ့ပါတယ္။
ဒါ့အျပင္ အသင္း ယူရိုပါလိဂ္ ဝင္ခြင့္ရရွိေအာင္ လည္း စြမ္းေဆာင္ ေပးနိုင္ခဲ့ပါတယ္။အဲဒါေၾကာင့္ ဝက္စ္ဟမ္း အသင္းက လင္ဂတ္ ကို အၿပီးသတ္ေခၚယူဖို႔ စိတ္ဝင္စား ေနတာပါ။
ႏွစ္သင္း သေဘာတူညီမႈ ရထားတဲ့ အငွားစာခ်ဳပ္အတိုင္းဆိုရင္ လင္ဂတ္ဟာ ယခု ေႏြရာသီမွာ မိခင္ကလပ္ ယူနိုက္တက္နဲ႕ ျပန္လည္ပူးေပါင္းရမွာျဖစ္ေပမယ့္
ယူနိုက္တက္ နည္းျပေဟာင္း မိုယက္စ္ကေတာ့ လင္ဂတ္ကို ကာလရွည္စာခ်ဳပ္နဲ႕ အၿမဲတမ္းစာခ်ဳပ္ခ်ဳပ္ ဆိုေခၚယူဖို႔ ႀကိဳးစားသြားမယ္လို႔ ဆိုပါတယ္။
”အနာဂတ္မွာ ကစားသမားေကာင္းေတြကို ဆြဲေဆာင္နိုင္တဲ့အသင္းတစ္သင္းျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္။ အသင္းက အမွတ္ေပးဇယားရပ္တည္မႈေရာ၊ ကြင္းအေနအထားအရပါ အဲဒီလိုေမွ်ာ္လင့္နိုင္ပါတယ္။
လင္ဂတ္က ကြၽန္ေတာ္တို႔အသင္းဆီ ေျပာင္းေ႐ႊ႕ခ်င္ခဲ့သလို မွန္ကန္တဲ့အေျပာင္းအေ႐ႊ႕လည္းျဖစ္ခဲ့ပါတယ္။ သူ႕အတြက္ ဒီေနရာက တကယ္ေကာင္းတဲ့ေနရာအျဖစ္ ျမင္ေတြ႕ခဲ့ပါတယ္။
ေႏြရာသီမွာ ကစားသမားသစ္ေတြေခၚယူဖို႔ ေမွ်ာ္လင့္ေနေပမယ့္ လင္ဂတ္ကို ဆက္ထိန္းထားဖို႔လည္း ေမွ်ာ္လင့္ပါတယ္”လို႔ မိုယက္စ္က ေျပာပါတယ္။
လင္ဂတ္ဟာ ယူနိုက္တက္နဲ႕ ၂၀၂၂ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။ သို႔ေပမယ့္ လက္ရွိအခ်ိန္ထိ ယူနိုက္တက္က သူ႕ကို စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ထားျခင္း မရွိေသးဘူးလို႔ သိရပါတယ္။