Spots news

ယူရိုမှာခြေစွမ်းပြနေတဲ့ နယ်သာလန်ကြယ်ပွင့် နောက်ခံလူကို ခေါ်ယူချင်နေတဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိကျင်းပနေတဲ့ ယူရို-၂၀၂၀ပြိုင်ပွဲမှာ နယ်သာလန်အသင်းနဲ့ အတူ ခြေစွမ်းပြ ကစားနေတဲ့ ညာနောက်ခံလူ ဒန်ဇဲလ်ဒမ်ဖရီးစ်ကို ခေါ်ယူဖို့ စုံစမ်းနေပါတယ်။

ယူနိုက်တက် အသင်းနည်းပြဆိုးလ်ရှားဟာ အသင်းရဲ့ ညာနောက်ခံ ကစားသမား ဘစ်ဆာကာနဲ့အပြိုင် ပွဲထွက်ခွင့် နေရာအတွက် ဖိအားပေးနိုင်မယ့်ကစားသမား တစ်ဦးခေါ်ယူလိုနေပြီး

အက်သလက်တီကို အသင်းက အင်္ဂလန်လက်ရွေးစင် ကစားသမား ထရစ်ပီယာကို ချိတ်ဆက်နေပေမယ့် အက်သလက်တီကိုအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွေ့ကြေးကြောင့် ပျက်ပြယ်ဖွယ်ရာ ရှိနေပါတယ်။

ထို့ကြောင့် ယူနိုက်တက်ဟာ ထရစ်ပီယာ အစား PSV လူငယ် ကစားသမား ဒမ်ဖရီးစ်ကို ပြောင်းလဲကြိုးပမ်းဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ Manchester Evening News က ဖော်ပြခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဒမ်ဖရီးစ်ဟာ
၂၀၁၈ ခုနှစ်တုန်းက ဟီရန်ဗင်း အသင်းကနေ PSV အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြကစားနိုင်တာကြောင့် ယူရိုပြိုင်ပွဲဝင် နယ်သာလန်အသင်းမှာ ရွေးချယ်ခံ ခဲ့ရတာ ဖြစ်ပါတယ်။

အခုအချိန်မှာလည်း ဒမ်ဖရီးစ်ဟာ နယ်သာလန်အသင်းခံစစ်မှာ အကောင်းဆုံးပုံစံ ပြသနေတာကြောင့် ယူနိုက်တက် အသင်းက သူ့ခြေစွမ်းကို စောင့်ကြည့်နေတာဖြစ်ပြီး

ဒမ်ဖရီးစ်ကို ခေါ်ယူဖို့ အဲဗာတန်နဲ့ နယူးကာဆယ်အသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီကတည်းက ကြိုးပမ်းနေတဲ့ အတွက် ဒီနှစ်သင်းနဲ့အပြိုင် ယူနိုက်တက် အသင်း ကြိုးစားရဖို့ ရှိနေပါပြီ။

Zawgyi Version






