Unicode Version
လက်ရှိမှာ နည်းပြလက်မဲ့ ဖြစ်နေတဲ့ စပါးအသင်းကတော့ နည်းပြနေရာအတွက် ရိန်းဂျားစ်အသင်း နည်းပြ စတီဗင်ဂျရတ်ကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။
စပါးအသင်းဟာ မော်ရင်ဟိုကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် ရှာဖွေနေပြီး ဝုဗ်နည်းပြ နူနိုဆန်တိုကိုလည်း မျက်စိကျနေပါတယ်။
နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ပီးနောက် စပါးအသင်းဟာ နည်းပြရာထူးအတွက် အစားထိုးဖို့ ကြိုးစား နေတာဖြစ်ပေမယ့် အသင်းရဲ့ ပစ်မှတ်များ
ဖြစ်ကြသော နာဂယ်စ်မန်း၊ ကွန်တီ၊ ဖွန်ဆီကာတို့က အကြောင်း အမျိုးမျိုးကြောင့် ရာထူးကို လက်မခံနိုင် ဖြစ်နေတာပါ။
ဒါပေမယ့် လန်ဒန်ကသတင်းတွေအရ စပါး အသင်းဟာ စတီဗင် ဂျရတ်ကို ချိတ်ဆက်လာတယ်လို့ ဖော်ပြနေကြပါတယ်။ အသက် ၄၁ နှစ်သားဟာ
၂၀၁၈ ကတည်းက ရိန်းဂျားစ်ကို တာဝန်ယူခဲ့တာဖြစ်ပြီး ၂၀၂၀ -၂၁ ရာသီတုန်းက စကော့တလန်လိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။
ဂျရတ်ဟာ ရိန်းဂျားစ်အသင်းကို ၁၇၀ ပွဲ ကိုင်တွယ်ခဲ့ကာ ၁၁၂ ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
တော့တင်ဟမ် ဟာပြီးခဲ့တဲ့ရာသီတုန်းက ရိုင်ယန်မေဆင်ကို ယာယီနည်းပြ အဖြစ်တာဝန်ယူစေခဲ့တာ ဖြစ်ပါတယ် ။
အသင်းရဲ့ နည်းပြရာထူး မရေရာမှု အောက်မှာ အဓိကက ကစားသမားများ ဖြစ်ကြတဲ့ ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင် တို့ရဲ့ အနာဂတ်
မတည်ငြိမ်မှုများ ဖြစ်လာတဲ့အတွက် နည်းပြသစ်အတွက် စပါးအသင်းဟာ ပိုမို ကြိုးပမ်းနေရတာဖြစ်ပါတယ်။
Zawgyi Version
လက္ရွိမွာ နည္းျပလက္မဲ့ ျဖစ္ေနတဲ့ စပါးအသင္းကေတာ့ နည္းျပေနရာအတြက္ ရိန္းဂ်ားစ္အသင္း နည္းျပ စတီဗင္ဂ်ရတ္ကို ပစ္မွတ္ထားလာတယ္လို႔ သိရပါတယ္။
စပါးအသင္းဟာ ေမာ္ရင္ဟိုကို ထုတ္ပယ္ၿပီးေနာက္ နည္းျပသစ္ ရွာေဖြေနၿပီး ဝုဗ္နည္းျပ ႏူနိုဆန္တိုကိုလည္း မ်က္စိက်ေနပါတယ္။
နည္းျပေမာ္ရင္ဟိုကို ထုတ္ပယ္ပီးေနာက္ စပါးအသင္းဟာ နည္းျပရာထူးအတြက္ အစားထိုးဖို႔ ႀကိဳးစား ေနတာျဖစ္ေပမယ့္ အသင္းရဲ႕ ပစ္မွတ္မ်ားျဖစ္ၾကေသာ နာဂယ္စ္မန္း၊ ကြန္တီ၊ ဖြန္ဆီကာတို႔က အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ရာထူးကို လက္မခံနိုင္ ျဖစ္ေနတာပါ။
ဒါေပမယ့္ လန္ဒန္ကသတင္းေတြအရ စပါး အသင္းဟာ စတီဗင္ ဂ်ရတ္ကို ခ်ိတ္ဆက္လာတယ္လို႔ ေဖာ္ျပေနၾကပါတယ္။ အသက္ ၄၁ ႏွစ္သားဟာ ၂၀၁၈ ကတည္းက ရိန္းဂ်ားစ္ကို တာဝန္ယူခဲ့တာျဖစ္ၿပီး ၂၀၂၀ -၂၁ ရာသီတုန္းက စေကာ့တလန္လိဂ္ဖလားကို ရယူေပးနိုင္ခဲ့ပါတယ္။
ဂ်ရတ္ဟာ ရိန္းဂ်ားစ္အသင္းကို ၁၇၀ ပြဲ ကိုင္တြယ္ခဲ့ကာ ၁၁၂ ပြဲအထိ အနိုင္ရရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ရိုင္ယန္ေမဆင္ကို ယာယယီနည္းျပ အျဖစ္တာဝန္ယူေစခဲ့တာ ျဖစ္ပါတယ္ ။
အသင္းရဲ႕ နည္းျပရာထူး မေရရာမႈ ေအာက္မွာ အဓိကက ကစားသမားမ်ား ျဖစ္ၾကတဲ့ ဟယ္ရီကိန္း ၊ ဆြန္ေဟာင္မင္ တို႔ရဲ႕ အနာဂတိ မတည္ၿငိမ္မႈမ်ား ျဖစ္လာတဲ့အတြက္ နည္းျပသစ္အတြက္ စပါးအသင္းဟာ ပိုမို ႀကိဳးပမ္းေနရတာျဖစ္ပါတယ္။