Spots news

ပြိုင်ဘက်တွေနဲ့ အပြိုင်ကမ်းလှမ်းရဖို့ ရှိနေတဲ့ ယူနိုက်တက် စိတ်ဝင်စားနေတဲ့ ရာဖင်ဟာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဒ်စ်အသင်း အတွက် ခြေစွမ်းပြကစားခဲ့တဲ့ ကွင်းလယ်လူ

ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ တခြားပြိုင်ဘက် အသင်းတွေဖြစ်တဲ့ လီဗာပူး၊ မန်စီးတီး တို့နဲ့အပြိုင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

လိဒ်စ်အသင်းဟာ အသက်(၂၄)နှစ် အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်တောင်ပံ တိုက်စစ်ကစားသမား ရာဖင်ဟာကို

၂၀၂၀ ခုနှစ်တုန်းက ရန်းစ် အသင်းကနေ ပေါင်(၁၇)သန်းနဲ့ ခေါ်ယူခဲ့ပြီး (၄)နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲပေါင်း(၃၀)ကစား (၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၉)ဂိုးပြုလုပ်ခဲ့တဲ့ ရာဖင်ဟာကို ပရီးမီးယားလိဂ်ထိပ်သီး အသင်းတွေ

ဖြစ်တဲ့ လီဗာပူး၊ မန်စီးတီး၊ ယူနိုက်တက်တို့က အပြိုင်အဆိုင် ပစ်မှတ်ထား နေကြပြီး ယူနိုက်တက် အသင်းက လက်ဦးမှု ရယူနိုင်ဖို့ ပိုမိုနီးစပ် နေပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်နဲ့ ရာဖင်ဟာတို့ဟာ စပို့တင်း လစ္စဘွန်းအသင်းမှာ အတူတကွ ကစားခဲ့ဖူးသလို

ရင်းနှီးတဲ့သူတွေ ဖြစ်တာကြောင့် ယူနိုက်တက် အသင်းက အဲဒီအချက်ကို အသုံးချပြီး ရာဖင်ဟာကို ခေါ်ယူဖို့ ပြင်ဆင် နေတာပါ။

ဒါပေမဲ့လည်း လိဒ်စ် အသင်းက သူတို့ရဲ့အဓိက ကစားသမားကို လွယ်လွယ်နဲ့ လက်လွတ်ခံဖို့မရှိတာကြောင့်

မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ လီဗာပူး မန်စီးတီးတို့နဲ့ အပြိုင် ခက်ခက်ခဲခဲ ကြိုးပမ်းရဖို့ ရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက လိဒ္စ္အသင္း အတြက္ ေျခစြမ္းျပကစားခဲ့တဲ့ ကြင္းလယ္လူ ရာဖင္ဟာကို ေခၚယူနိုင္ဖို႔ တျခားၿပိဳင္ဘက္ အသင္းေတြျဖစ္တဲ့ လီဗာပူး၊ မန္စီးတီး တို႔နဲ႕အၿပိဳင္ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

လိဒ္စ္အသင္းဟာ အသက္(၂၄)ႏွစ္ အ႐ြယ္ရွိၿပီျဖစ္သူ ဘရာဇီးလ္ေတာင္ပံ တိုက္စစ္ကစားသမား ရာဖင္ဟာကို ၂၀၂၀ ခုႏွစ္တုန္းက ရန္းစ္ အသင္းကေန ေပါင္(၁၇)သန္းနဲ႕ ေခၚယူခဲ့ၿပီး (၄)ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ပြဲေပါင္း(၃၀)ကစား (၆)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၉)ဂိုးျပဳလုပ္ခဲ့တဲ့ ရာဖင္ဟာကို ပရီးမီးယားလိဂ္ထိပ္သီး အသင္းေတြ

ျဖစ္တဲ့ လီဗာပူး၊ မန္စီးတီး၊ ယူနိုက္တက္တို႔က အၿပိဳင္အဆိုင္ ပစ္မွတ္ထား ေနၾကၿပီး ယူနိုက္တက္ အသင္းက လက္ဦးမႈ ရယူနိုင္ဖို႔ ပိုမိုနီးစပ္ ေနပါတယ္။

ယူနိုက္တက္ ကြင္းလယ္လူ ဘ႐ူနို ဖာနန္ဒက္စ္နဲ႕ ရာဖင္ဟာတို႔ဟာ စပို႔တင္း လစၥဘြန္းအသင္းမွာ အတူတကြ ကစားခဲ့ဖူးသလို ရင္းႏွီးတဲ့သူေတြ ျဖစ္တာေၾကာင့္ ယူနိုက္တက္ အသင္းက အဲဒီအခ်က္ကို အသုံးခ်ၿပီး ရာဖင္ဟာကို ေခၚယူဖို႔ ျပင္ဆင္ ေနတာပါ။

ဒါေပမဲ့လည္း လိဒ္စ္ အသင္းက သူတို႔ရဲ႕အဓိက ကစားသမားကို လြယ္လြယ္နဲ႕ လက္လြတ္ခံဖို႔မရွိတာေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္ အသင္း အေနနဲ႕ လီဗာပူး မန္စီးတီးတို႔နဲ႕ အၿပိဳင္ ခက္ခက္ခဲခဲ ႀကိဳးပမ္းရဖို႔ ရွိေနပါတယ္။