Unicode Version
ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းကတော့ အသင်းရဲ့ တိုက်စစ်အင်အား အတွက် ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်ကစားသမား အာလင်းဟာလန်းကို အရခေါ်ယူသွားဖို့အတွက်
ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေတဲ့အပြင် အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ တိုက်စစ်ကစားသမား တမ်မီ အေဘရာဟမ်ကိုပါ အလိုက်ပေး ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကြီးကို အရယူဆောင်နိုင်ခဲ့ပေမယ့်လည်း အသင်းရဲ့ တိုက်စစ်အစုအဖွဲ့က
သိသာတဲ့ ကောင်းမွန်မှု မရှိနေခဲ့တာကြောင့် ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး အရခေါ်ယူသွားဖို့အတွက် ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
လတ်တလောမှာတော့ ချယ်လ်ဆီး အသင်းဟာ ဟာလန်းကို အတော်လေး စိတ်ဝင်စားလျက်ရှိနေပြီး ခေါ်ယူဖို့အတွက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေလည်း
ပြုလုပ်လျက် ရှိနေသလို တကယ်တမ်း ကမ်းလှမ်းလာရ တော့မယ်ဆိုရင်လည်း ပြောင်းရွေ့ကြေးအဖြစ် ပေါင်သန်း(၁၇၀) လောက်နဲ့ပါ ကမ်းလှမ်းလာရ နိုင်ပါတယ်။
ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းက အသင်းအတွက် သွင်းဂိုး(၄၀) လောက်အထိ သွင်းယူပေးထားနိုင်တဲ့ အဓိက ကစားသမားတစ်ယောက်ကို
ရောင်းထုတ် မသွားချင်ပေမယ့်လည်း ချယ်လ်ဆီးဘက်ကနေ သန်း(၁၇၀)နဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ကမ်းလှမ်းမှုကို လက်သင့်ခံသွားဖွယ် ရှိနေပါတယ်။
ဒါပေမယ့် ချယ်လ်ဆီး အသင်းကတော့ ဟာလန်းအတွက် ပေါင်သန်း(၁၀၀) ပတ်လည်အပြင် အသင်းရဲ့ အင်္ဂလန်တိုက်စစ် ကစားသမား
အေဘရာဟမ်တို့ကို အလိုက်ပေး ကမ်းလှမ်းသွားချင်နေတာ ဖြစ်လို့ ဒီကမ်းလှမ်းမှုကို ဒေါ့မွန်ဘက်က ပယ်ချနိုင်ဖွယ် ရှိနေပါတယ်။
ဒေါ့မွန်အသင်းဟာ ဂျေဒန်ဆန်ချိုကိုလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောင်းချသွားဖွယ် ရှိနေတဲ့အတွက် နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ဦးကိုတော့ အသင်းမှာသာ
ဆက်လက် ထိန်းသိမ်းသွားဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးဘက် ကတော့ ဟာလန်းကို မခေါ်ယူနိုင်ခဲ့ရင် စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းကိုသာ ထပ်မံကမ်းလှမ်းဖွယ် ရှိနေပါတယ်။
Zawgyi Version
ခ်န္ပီယံလိဂ္ ခ်န္ပီယံ ခ်ယ္လ္ဆီးအသင္းကေတာ့ အသင္းရဲ႕ တိုက္စစ္အင္အား အတြက္ ေဒါ့မြန္အသင္းရဲ႕ ေနာ္ေဝၾကယ္ပြင့္ တိုက္စစ္ကစားသမား အာလင္းဟာလန္းကို အရေခၚယူသြားဖို႔အတြက္
ေဆြးေႏြးမႈေတြ ျပဳလုပ္လ်က္ရွိေနတဲ့အျပင္ အသင္းနဲ႕ လမ္းခြဲဖြယ္ရွိေနတဲ့ တိုက္စစ္ကစားသမား တမ္မီေအဘရာဟမ္ကိုပါ အလိုက္ေပး ကမ္းလွမ္းဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ဥေရာပ ခ်န္ပီယံလိဂ္ ဆုဖလားႀကီးကို အရယူေဆာင္နိုင္ခဲ့ေပမယ့္လည္း အသင္းရဲ႕ တိုက္စစ္အစုအဖြဲ႕က
သိသာတဲ့ ေကာင္းမြန္မႈ မရွိေနခဲ့တာေၾကာင့္ ဒီႏွစ္ေႏြေစ်းကြက္အတြင္းမွာပဲ ထိပ္တန္းတိုက္စစ္မႉးတစ္ဦး အရေခၚယူသြားဖို႔အတြက္ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။
လတ္တေလာမွာေတာ့ ခ်ယ္လ္ဆီးအသင္းဟာ ဟာလန္းကို အေတာ္ေလး စိတ္ဝင္စားလ်က္ရွိေနၿပီး ေခၚယူဖို႔အတြက္ ကစားသမားရဲ႕ေအးဂ်င့္ျဖစ္သူနဲ႕ ေဆြးေႏြးမႈေတြလည္း
ျပဳလုပ္လ်က္ရွိေနသလို တကယ္တမ္း ကမ္းလွမ္းလာရေတာ့မယ္ဆိုရင္လည္း ေျပာင္းေ႐ြ႕ေၾကးအျဖစ္ ေပါင္သန္း(၁၇၀)ေလာက္နဲ႕ပါ ကမ္းလွမ္းလာရနိုင္ပါတယ္။
ေဒါ့မြန္အသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီအတြင္းက အသင္းအတြက္ သြင္းဂိုး(၄၀) ေလာက္အထိ သြင္းယူေပးထားနိုင္တဲ့ အဓိက ကစားသမားတစ္ေယာက္ကို
ေရာင္းထုတ္မသြားခ်င္ေပမယ့္လည္း ခ်ယ္လ္ဆီးဘက္ကေန သန္း(၁၇၀)နဲ႕သာ ကမ္းလွမ္းလာခဲ့မယ္ဆိုရင္ေတာ့ ကမ္းလွမ္းမႈကို လက္သင့္ခံသြားဖြယ္ ရွိေနပါတယ္။
ဒါေပမယ့္ ခ်ယ္လ္ဆီးအသင္းကေတာ့ ဟာလန္းအတြက္ ေပါင္သန္း(၁၀၀)ပတ္လည္အျပင္ အသင္းရဲ႕ အဂၤလန္တိုက္စစ္ကစားသမား
ေအဘရာဟမ္တို႔ကို အလိုက္ေပးကမ္းလွမ္းသြားခ်င္ေနတာျဖစ္လို႔ ဒီကမ္းလွမ္းမႈကို ေဒါ့မြန္ဘက္က ပယ္ခ်နိဳင္ဖြယ္ ရွိေနပါတယ္။
ေဒါ့မြန္အသင္းဟာ ေဂ်ဒန္ဆန္ခ်ိဳကိုလည္း မန္ခ်က္စတာယူနိုက္တက္အသင္းဆီ ေရာင္းခ်သြားဖြယ္ ရွိေနတဲ့အတြက္ ေနာက္ထပ္ၾကယ္ပြင့္ကစားသမားတစ္ဦးကိုေတာ့ အသင္းမွာသာ
ဆက္လက္ ထိန္းသိမ္းသြားဖြယ္ ရွိေနပါတယ္။ ခ်ယ္လ္ဆီးဘက္ကေတာ့ ဟာလန္းကို မေခၚယူနိုင္ခဲ့ရင္ စပါးအသင္းရဲ႕ တိုက္စစ္မႉး ဟာရီကိန္းကိုသာ ထပ္မံကမ္းလွမ္းဖြယ္ ရွိေနပါတယ္။