Unicode Version
USA နိုင်ငံ Houston မြို့မှ အသက် ၅၄ နှစ် အရွယ် Ayanna Williams အမည် ရှိတဲ့အမျိုးသမီး ဟာ သူမရဲ့ ကမ္ဘာ့ အရှည်ဆုံးလက်သည်း များကို ပေါင် ၃၅၀၀၀ ( သိန်း ၆၃၀ ကျော်) ဖြင့် ရောင်းချ နေပါတယ်။သူမရဲ့လက်သည်း အရှည်က ၃၈ လက်မ ရှိပြီး ၂၈ နှစ်အကြာ မွေးထား ခဲ့ရပါတယ်။
အဆိုပါ လက်သည်း များကို ၂၀၁၇ ခုနှစ်မှာ ဂင်းနစ် ကမ္ဘာ့ စံချိန်မှာ ကမ္ဘာ့ အရှည်ဆုံး အဖြစ် သတ်မှတ်ခံ ခဲ့ရတာပါ။ဒါကြောင့် သူမ လက်သည်းများ အတွက် အလွန် ဈေးကြီးတဲ့ စျေးနှုန်း တစ်ခု လို့ ထင်မှတ် နေခဲ့ပါတယ်။Ayanna ဟာ သူမကိုယ်တိုင် အဝတ် ဝတ်ဖို့ နဲ့ ဟင်းလျာ တွေကိုလည်း မချက်ပြုတ် နိုင်ခဲ့ပါဘူး။Ayanna မှာ ဆီးချို ရောဂါ ရှိနေပြီး ကိုယ့်ကိုကိုယ် ဆေးထိုး ဖို့တောင် ခက်ခဲ ခဲ့ပါတယ်။
“လွန်ခဲ့တဲ့ ၁နှစ် လောက်က ရောင်းဖို့ဆုံးဖြတ်ချက် ချခဲ့ပေမဲ့ ကျွန်မ လက်သည်းတွေကို မှန်ကန်တဲ့ ဈေးနဲ့ပဲ ရောင်းမှာပါ ၊ရောင်းသူ မရမချင်း သူတို့ကို ကျွန်မ ဖြတ်ပစ်မှာ မဟုတ်ဘူး ” လို့ Ayanna က ဆိုပါတယ်။သူမဟာ ၁၉၉၂ ခုနှစ်မှ စတင်ပြီး သူမ လက်သည်း ကိုကြီးထွား စေခဲ့သလို နှစ်များတစ်လျှောက် သူမရဲ့ လက်သည်းတွေကို ဖြတ်တောက်ခြင်း မပြုခဲ့ပါဘူး။သူမကို နည်းမျိုးစုံနဲ့ ကန့်ကွက်ခဲ့ ကြပေမဲ့ သူမ ကတော့ ဒီဟာကို ပေးဆပ် ရကျိုး နပ်တဲ့ စျေးနှုန်းလို့ အမြဲတွေးထင် နေခဲ့ပါတယ်။အစပိုင်းမှာ သူမရဲ့ ခင်ပွန်းက မထောက်ပံ့ ခဲ့ပေမဲ့ အချိန် ကုန်တာနဲ့အမျှ သူမရဲ့ လက်သည်း တွေကို ချစ်မြတ်နိုး လာခဲ့ ပါတယ်။
သူမဟာ ဖုန်းမှာ စာရိုက်ဖို့ ခဲတံကို အသုံးပြု ခဲ့ပြီး “ ဘယ်ကိစ္စကို မဆို အေးဆေး လုပ်ဖို့ အတွက် ကျွန်မ လက်သည်းတွေ မရှိတော့မဲ့ အချိန်ကို မစောင့်နိုင် တော့ပါဘူး ၊ ဒါမှ ကျွန်မ မြေးလေးတွေနဲ့ အချိန်ပိုပြီး လွတ်လွတ် လပ်လပ် ကစားနိုင်မှာ ၊ပြီးတော့ အတွေးမရှိဘဲ ကားထဲမှာ ခုန်နိုင်မှာ ၊အခု ကျွန်မ လုပ်တဲ့ အရာအားလုံးကို ဖြည်းဖြည်း ချင်းဘဲ လုပ်ရတယ် ၊ မြန်မြန်ဆန်ဆန် လုပ်နိုင် ဖို့လည်း မျှော်လင့်နေ မိတယ် ” လို့ Ayanna က သူမ လက်သည်း တွေကို အမြန် ရောင်းထွက် ချင်ကြောင်း ဆိုခဲ့ပါ သေးတယ်။
Zawgyi Version
USA နိုင္ငံ Houston ၿမိဳ႕မွ အသက္ ၅၄ ႏွစ္အ႐ြယ္ Ayanna Williams အမည္ ရွိတဲ့အမ်ိဳးသမီး ဟာ သူမရဲ႕ကမာၻ႔ အရွည္ဆုံးလက္သည္း မ်ားကို ေပါင္ ၃၅၀၀၀ ( သိန္း ၆၃၀ ေက်ာ္) ျဖင့္ ေရာင္းခ် ေနပါတယ္။သူမရဲ႕လက္သည္း အရွည္က ၃၈ လက္မ ရွိၿပီး ၂၈ ႏွစ္အၾကာ ေမြးထား ခဲ့ရပါတယ္။
အဆိုပါလက္သည္း မ်ားကို ၂၀၁၇ ခုႏွစ္မွာ ဂင္းနစ္ ကမာၻ႔စံခ်ိန္မွာ ကမာၻ႔ အရွည္ဆုံး အျဖစ္ သတ္မွတ္ခံ ခဲ့ရတာပါ။ဒါေၾကာင့္ သူမ လက္သည္းမ်ား အတြက္ အလြန္ ေဈးႀကီးတဲ့ ေစ်းႏႈန္းတစ္ခု လို႔ ထင္မွတ္ ေနခဲ့ပါတယ္။Ayanna ဟာ သူမကိုယ္တိုင္ အဝတ္ ဝတ္ဖို႔ နဲ႕ ဟင္းလ်ာ ေတြကိုလည္း မခ်က္ျပဳတ္ နိုင္ခဲ့ပါဘူး။Ayanna မွာ ဆီးခ်ိဳ ေရာဂါ ရွိေနၿပီး ကိုယ့္ကိုကိုယ္ ေဆးထိုးဖို႔ေတာင္ ခက္ခဲ ခဲ့ပါတယ္။
“လြန္ခဲ့တဲ့ ၁ႏွစ္ ေလာက္က ေရာင္းဖို႔ဆုံးျဖတ္ခ်က္ ခ်ခဲ့ေပမဲ့ ကြၽန္မ လက္သည္းေတြကို မွန္ကန္တဲ့ ေဈးနဲ႕ပဲ ေရာင္းမွာပါ ၊ေရာင္းသူ မရမခ်င္း သူတို႔ကို ကြၽန္မ ျဖတ္ပစ္မွာ မဟုတ္ဘူး ” လို႔ Ayanna က ဆိုပါတယ္။သူမဟာ ၁၉၉၂ ခုႏွစ္မွ စတင္ၿပီး သူမလက္သည္း ကိုႀကီးထြား ေစခဲ့သလို ႏွစ္မ်ားတစ္ေလွ်ာက္ သူမရဲ႕ လက္သည္းေတြကို ျဖတ္ေတာက္ျခင္း မျပဳခဲ့ပါဘူး။သူမကို နည္းမ်ိဳးစုံနဲ႕ ကန႔္ကြက္ခဲ့ ၾကေပမဲ့ သူမကေတာ့ ဒီဟာကို ေပးဆပ္ရက်ိဳး နပ္တဲ့ ေစ်းႏႈန္းလို႔ အၿမဲေတြးထင္ ေနခဲ့ပါတယ္။အစပိုင္းမွာ သူမရဲ႕ ခင္ပြန္းက မေထာက္ပံ့ ခဲ့ေပမဲ့ အခ်ိန္ ကုန္တာနဲ႕အမွ် သူမရဲ႕လက္သည္း ေတြကို ခ်စ္ျမတ္နိုး လာခဲ့ပါတယ္။
သူမဟာ ဖုန္းမွာ စာရိုက္ဖို႔ ခဲတံကို အသုံးျပဳ ခဲ့ၿပီး “ ဘယ္ကိစၥကို မဆို ေအးေဆးလုပ္ဖို႔ အတြက္ ကြၽန္မ လက္သည္းေတြ မရွိေတာ့မဲ့ အခ်ိန္ကို မေစာင့္နိုင္ ေတာ့ပါဘူး ၊ ဒါမွ ကြၽန္မ ေျမးေလးေတြနဲ႕ အခ်ိန္ပိုၿပီး လြတ္လြတ္ လပ္လပ္ ကစားနိုင္မွာ ၊ၿပီးေတာ့ အေတြးမရွိဘဲ ကားထဲမွာ ခုန္နိုင္မွာ ၊အခု ကြၽန္မ လုပ္တဲ့ အရာအားလုံးကို ျဖည္းျဖည္း ခ်င္းဘဲ လုပ္ရတယ္ ၊ ျမန္ျမန္ဆန္ဆန္ လုပ္နိုင္ ဖို႔လည္း ေမွ်ာ္လင့္ေန မိတယ္ ” လို႔ Ayanna က သူမ လက္သည္း ေတြကို အျမန္ ေရာင္းထြက္ ခ်င္ေၾကာင္း ဆိုခဲ့ပါ ေသးတယ္။