Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ်လူ ပေါ့ဘာကိုယ်တိုင် ချီးကျူး ထားရတဲ့ ရန်းနက်စ်အသင်းရဲ့ ပြင်သစ်ကစားသမား
အသက် ၁၈နှစ် အရွယ် ကွင်းလယ်ကြယ်ပွင့် ကာမာဗင်ဂါကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းများ အရသိရပါတယ်
ယူနိုက်တက်ဟာ သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကွင်းလယ်လူ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ပေါ့ဘာဘက်က
အသင်းမှာ ဆက်နေဖို့ မရေမရာ ဖြစ်နေတာကြောင့် စာချုပ်သစ် မချုပ်ဆိုပါက ပေါ့ဘာကို ယခုနှစ် နွေရာသီမှာပဲ ရောင်းထုတ်သွားမှာပါ။
တစ်ဖက်မှာ ပေါ့ဘာကို စာချုပ်သစ် ကမ်းလှမ်းထားသလို အဆင်မပြေပါက သူ့ရဲ့နေရာကို အစားဝင်နိုင်မယ့် ကစားသမား တဦးကို ခေါ်ယူဖို့
စီစဉ်နေပြီး ရန်းနက်စ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ကာမာဗင်ဂါဟာ ယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်လာပါတယ်။
အသက် ၁၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ကာမာဗင်ဂါဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိပြီး ရန်းနက်စ်အသင်းက
သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ကာမာဗင်ဂါကတော့ ထိပ်တန်း အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူး နေပါတယ်။
ယခင်က ကာမာဗင်ဂါကို ဥရောပ ထိပ်သီးအသင်း အတော်များများက စိတ်ဝင်စားခဲ့ကြပေမယ့် ယခုနှစ် နွေရာသီ
အပြောင်းအရွှေ့မှာတော့ ကာမာဗင်ဂါကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်း တသင်းထဲကပဲ လှုပ်ရှားနေပါတယ်။
Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါကို ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေသလို ကာမာဗင်ဂါကလည်း ယူနိုက်တက် အသင်းထံ
ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်း သိရှိရပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္း ကြင္းလယ္လူ ေပါ့ဘာကိုယ္တိုင္ ခ်ီးက်ဴး ထားရတဲ့ ရန္းနက္စ္အသင္းရဲ႕ ျပင္သစ္ကစားသမား အသက္ ၁၈ႏွစ္ အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ ကာမာဗင္ဂါကို ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း သတင္းမ်ား အရသိရပါတယ္
ယူနိုက္တက္ဟာ သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကြင္းလယ္လူ ေပါ့ဘာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေပမယ့္ ေပါ့ဘာဘက္က အသင္းမွာ ဆက္ေနဖို႔ မေရမရာ ျဖစ္ေနတာေၾကာင့္ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုပါက ေပါ့ဘာကို ယခုႏွစ္ ေႏြရာသီမွာပဲ ေရာင္းထုတ္သြားမွာပါ။
တစ္ဖက္မွာ ေပါ့ဘာကို စာခ်ဳပ္သစ္ ကမ္းလွမ္းထားသလို အဆင္မေျပပါက သူ႕ရဲ႕ေနရာကို အစားဝင္နိုင္မယ့္ ကစားသမား တဦးကို ေခၚယူဖို႔ စီစဥ္ေနၿပီး ရန္းနက္စ္အသင္း ကေန ထြက္ခြာဖို႔ စဥ္းစားေနတဲ့ ကာမာဗင္ဂါဟာ ယူနိုက္တက္ရဲ႕ ပစ္မွတ္ ျဖစ္လာပါတယ္။
အသက္ ၁၈ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ကာမာဗင္ဂါဟာ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိၿပီး ရန္းနက္စ္အသင္းက သူ႕ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားေနေပမယ့္ ကာမာဗင္ဂါကေတာ့ ထိပ္တန္း အသင္းႀကီး တသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ကူး ေနပါတယ္။
ယခင္က ကာမာဗင္ဂါကို ခ ဥေရာပ ထိပ္သီးအသင္း အေတာ္မ်ားမ်ားက စိတ္ဝင္စားခဲ့ၾကေပမယ့္ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာေတာ့ ကာမာဗင္ဂါကို ေခၚယူဖို႔ မန္ခ်က္စတာ ယူနိုက္တက္အသင္း တသင္းထဲကပဲ လႈပ္ရွားေနပါတယ္။
Daily Mail သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ကာမာဗင္ဂါကို ခ်ိတ္ဆက္မႈေတြ စတင္ ျပဳလုပ္ေနသလို ကာမာဗင္ဂါကလည္း ယူနိုက္တက္ အသင္းထံ
ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနေၾကာင္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ကာမာဗင္ဂါကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၄၀သန္း ဝန္းက်င္နဲ႕ ကမ္းလွမ္းဖြယ္ ရွိေၾကာင္း သိရွိရပါတယ္။