Spots news

ဈေးကိုင်နေတဲ့ ဟယ်ရီကိန်းကြောင့် ဂရဇ်မန်းကို ပြောင်းလဲ ချိန်ရွယ်လာတဲ့ မန်စီးတီး

Unicode Version

မန်ချက်စတာ စီးတီးအသင်းဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ ကြေးပေးပြီး ခေါ်ယူဖို့ ယခုနွေရာသီ အပြောင်း အရွေ့မှာ ကြိုးစားနေပေမယ့်

စပါးအသင်းရဲ့ အကြီးအကဲ လီဗိုင်းက ဟယ်ရီကိန်းရဲ့ တန်ကြေးကို ဈေးကိုင်နေတဲ့ အတွက် မန်စီးတီး အသင်းဟာ နောက်ဆုတ်လာဖွယ်ရာ ရှိနေပါတယ်။

မန်ချက်စတာ စီးတီး အနေနဲ့ အသင်းရဲ့ တိုက်စစ်မှူး အဂူရိုရဲ့ နေရာအတွက် အစားထိုးဖို့ လိုအပ်နေပြီး အသင်းကို တိုက်စစ်အင်အား ဖြည့်တင်းမှု

မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်တဲ့ အတွက် အသင်းရဲ့ အဓိက ပစ်မှတ်ကို ပြောင်းလဲ ချိန်ရွယ် လာဖွယ်ရာ ရှိပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးက ဟယ်ရီကိန်းကို မခေါ်ယူနိုင်ဘူးဆိုရင် ဘာစီလိုနာ အသင်းက ရောင်းချဖွယ်ရှိနေတဲ့ ပြင်သစ် လက်ရွေးစင်

တိုက်စစ်မှူး ဂရဇ်မန်းကို အစားထိုး ခေါ်ယူဖွယ် ရှိနေပြီး စုံစမ်းမှုများ ပြုလုပ်နေတယ်လို့ စပိန် အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြနေပါတယ်။

မူလက ဂွာဒီယိုလာက ဂရီးလစ်ရှ်နဲ့ ဟယ်ရီကိန်းဟာ မန်စီးတီးရဲ့ အဓိက အပြောင်းအရွှေ့ပစ်မှတ်လို့ သတ်မှတ်ထားတာ ဖြစ်ပေမယ့် ကိန်းကိုမရရင် ဂရဇ်မန်းကို အစားထိုး ခေါ်ပါလိမ့်မယ်။

အသက် ၃၀ အရွယ် ပြင်သစ် လက်ရွေးစင် ဂရဇ်မန်းဟာ ဝါရင့်တိုက်စစ် ကစားသမားဖြစ်ပြီး ကွက်ပျောက်တိုက်စစ် ကစားတတ်လို့ ဂွာဒီယိုလာနှစ်သက်တဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။

ဘာစီလိုနာမှာ နှစ်ရာသီပဲ ကစားရ သေးပေမယ့် ခြေစွမ်းမပြ နိုင်တာကြောင့် အသင်းပြောင်းချင်နေတဲ့ ဂရဇ်မန်းကို ငွေကြေး ကျပ်တည်းနေတဲ့ ဘာစီလိုနာက ရောင်းထုတ်ဖွယ် ရှိတာကြောင့် မန်စီးတီးက အခွင့်အရေးယူဖို့ ကြိုးစားနေခြင်းလည်း ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ စီးတီးအသင္းဟာ စပါးအသင္းရဲ႕ တိုက္စစ္မႉး ဟယ္ရီကိန္းကို ၿဗိတိန္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးေပးၿပီး ေခၚယူဖို႔ ယခုေႏြရာသီ အေျပာင္း အေ႐ြ႕မွာ ႀကိဳးစားေနေပမယ့္

စပါးအသင္းရဲ႕ အႀကီးအကဲ လီဗိုင္းက ဟယ္ရီကိန္းရဲ႕ တန္ေၾကးကို ေဈးကိုင္ေနတဲ့ အတြက္ မန္စီးတီး အသင္းဟာ ေနာက္ဆုတ္လာဖြယ္ရာ ရွိေနပါတယ္။

မန္ခ်က္စတာ စီးတီး အေနနဲ႕ အသင္းရဲ႕ တိုက္စစ္မႉး အဂူရိုရဲ႕ ေနရာအတြက္ အစားထိုးဖို႔ လိုအပ္ေနၿပီး အသင္းကို တိုက္စစ္အင္အား ျဖည့္တင္းမႈ

မျဖစ္မေန လုပ္ေဆာင္ရမွာ ျဖစ္တဲ့ အတြက္ အသင္းရဲ႕ အဓိက ပစ္မွတ္ကို ေျပာင္းလဲ ခ်ိန္႐ြယ္ လာဖြယ္ရာ ရွိပါတယ္။

လက္ရွိအခ်ိန္မွာ မန္စီးတီးက ဟယ္ရီကိန္းကို မေခၚယူနိုင္ဘူးဆိုရင္ ဘာစီလိုနာ အသင္းက ေရာင္းခ်ဖြယ္ရွိေနတဲ့ ျပင္သစ္ လက္ေ႐ြးစင္

တိုက္စစ္မႉး ဂရဇ္မန္းကို အစားထိုး ေခၚယူဖြယ္ ရွိေနၿပီး စုံစမ္းမႈမ်ား ျပဳလုပ္ေနတယ္လို႔ စပိန္ အေျခစိုက္ သတင္းမီဒီယာေတြက ေဖာ္ျပေနပါတယ္။

မူလက ဂြာဒီယိုလာက ဂရီးလစ္ရွ္နဲ႕ ဟယ္ရီကိန္းဟာ မန္စီးတီးရဲ႕ အဓိက အေျပာင္းအေ႐ႊ႕ပစ္မွတ္လို႔ သတ္မွတ္ထားတာ ျဖစ္ေပမယ့္ ကိန္းကိုမရရင္ ဂရဇ္မန္းကို အစားထိုး ေခၚပါလိမ့္မယ္။

အသက္ ၃၀ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ဂရဇ္မန္းဟာ ဝါရင့္တိုက္စစ္ ကစားသမားျဖစ္ၿပီး ကြက္ေပ်ာက္တိုက္စစ္ ကစားတတ္လို႔ ဂြာဒီယိုလာႏွစ္သက္တဲ့ တိုက္စစ္မႉးတစ္ဦးလည္း ျဖစ္ပါတယ္။

ဘာစီလိုနာမွာ ႏွစ္ရာသီပဲ ကစားရေသးေပမယ့္ ေျခစြမ္းမျပနိုင္တာေၾကာင့္ အသင္းေျပာင္းခ်င္ေနတဲ့ ဂရဇ္မန္းကို ေငြေၾကးက်ပ္တည္းေနတဲ့

ဘာစီလိုနာက ေရာင္းထုတ္ဖြယ္ ရွိတာေၾကာင့္ မန္စီးတီးက အခြင့္အေရးယူဖို႔ ႀကိဳးစားေနျခင္းလည္း ျဖစ္ပါတယ္။