Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကစားသမား နဲ့ လူငယ်အင်အား ဖြည့်တင်းဖို့ အတွက် ပြင်ဆင်လျက်ရှိနေပြီး လက်ရှိအချိန်မှာ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်အရဲ့ ကွင်းလယ်လူ နီကိုလပ်စ်ဒီလာခရုဇ်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ အသင်းရဲ့ ကာလရှည်ပစ်မှတ် ဖြစ်တဲ့ ဂျာမန်ကလပ် ဒေ့ါမွန်အသင်းရဲ့တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့က ရာနှုန်းပြည့်နီးပါး သေချာနေပြီ ဖြစ်တဲ့ အတွက် အသင်းရဲ့ တခြားနေရာတွေကို အားဖြည့်ဖို့ အလျင်အမြန်ပဲ ပြန်လည် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာ ယူနိုက်တက်ဟာ နာမည်ကျော်ကွင်းလယ်လူ တချို့ကို ပစ်မှတ် ထားနေသလို အခု ရေးဗားပလိတ်ကွင်းလယ်လူ ဒီလာခရုဇ်ကလည်း အံ့အားသင့်စရာကောင်းအောင် ယူနိုက်တက်အသင်းရဲ့ လျာထားစာရင်းမှာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။
အသက်(၂၄)နှစ်အရွယ် ကာဗာနီရဲ့ အသင်းဖော် ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ ဒီလာခရုဇ်ဟာ လက်ရှိ အချိန်မှာနိုင်ငံအသင်းနဲ့အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲဆင်နွှဲနေပြီး သူက ရေးဗားပလိတ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားခွင့် ရရှိနေတာ ဖြစ်ပါတယ်။
ဒီလာခရုဇ်ဟာ ရေးဗားပလိတ်အသင်းမှာ ၂၀၁၇ ခုနှစ် ကတည်းက စတင်ကစားခဲ့ပြီး ကိုပါလီဘာတာဒိုးစ် ဖလားအပြင် အဓိက ဆုဖလားတွေအများအပြား ရယူနိုင်ခဲ့တာကြောင့် ဒီလာခရုဇ်ကို ခေါ်ယူဖို့ ယူနိုက်တက် အသင်း မျက်စိကျနေတာဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီနဲ့ အတူ နိုင်ငံလက်ရွေးစင် အသင်းမှာ ကစားနေတဲ့ ဒီလာခရုဇ်ကို ယူနိုက်တက်ဘက်က ပြိုင်ဘက် အသင်းတွေထက် လက်ဦးမှု ရယူနိုင်ကြောင်း မန်ချက်စတာ သတင်းဌာန များကလဲ ဖော်ပြသွားပါတယ်
ယူနိုက်တက်အသင်းဟာ ဒီလာခရုဇ်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း(၂၀)နဲ့ စတင်ကမ်းလှမ်းသွားဖို့ရှိနေပြီး ဒီလာခရုဇ်ကို ယူနိုက်တက်အပြင် စီးရီးအေ ကလပ်အသင်းတချို့ကလည်း ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ကစားသမား နဲ႕ လူငယ္အင္အား ျဖည့္တင္းဖို႔ အတြက္ ျပင္ဆင္လ်က္ရွိေနၿပီး လက္ရွိအခ်ိန္မွာ အာဂ်င္တီးနား ထိပ္သီးကလပ္ ေရးဗားပလိတ္အရဲ႕ ကြင္းလယ္လူ နီကိုလပ္စ္ဒီလာခ႐ုဇ္ကို ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။
ယူနိုက္တက္ဟာ အသင္းရဲ႕ ကာလရွည္ပစ္မွတ္ ျဖစ္တဲ့ ဂ်ာမန္ကလပ္ ေဒ့ါမြန္အသင္းရဲ႕ေတာင္ပံတိုက္စစ္ ကစားသမား ဆန္ခ်ိဳကို ေခၚယူနိုင္ဖို႔က ရာႏႈန္းျပည့္နီးပါး ေသခ်ာေနၿပီ ျဖစ္တဲ့ အတြက္ အသင္းရဲ႕ တျခားေနရာေတြကို အားျဖည့္ဖို႔ အလ်င္အျမန္ပဲ ျပန္လည္ ႀကိဳးပမ္းလာတာ ျဖစ္ပါတယ္။
လက္ရွိ အခ်ိန္မွာ ယူနိုက္တက္ဟာ နာမည္ေက်ာ္ကြင္းလယ္လူ တခ်ိဳ႕ကို ပစ္မွတ္ ထားေနသလို အခု ေရးဗားပလိတ္ကြင္းလယ္လူ ဒီလာခ႐ုဇ္ကလည္း အံ့အားသင့္စရာေကာင္းေအာင္ ယူနိုက္တက္အသင္းရဲ႕ လ်ာထားစာရင္းမွာ ပါဝင္လာတာပဲ ျဖစ္ပါတယ္။
အသက္(၂၄)ႏွစ္အ႐ြယ္ ကာဗာနီရဲ႕ အသင္းေဖာ္ ဥ႐ုေဂြး လက္ေ႐ြးစင္ ကြင္းလယ္လူ ဒီလာခ႐ုဇ္ဟာ လက္ရွိ အခ်ိန္မွာနိုင္ငံအသင္းနဲ႕အတူ ကိုပါအေမရိကဖလား ၿပိဳင္ပြဲဆင္ႏႊဲေနၿပီး သူက ေရးဗားပလိတ္အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးအျဖစ္ ပါဝင္ကစားခြင့္ ရရွိေနတာ ျဖစ္ပါတယ္။
ဒီလာခ႐ုဇ္ဟာ ေရးဗားပလိတ္အသင္းမွာ ၂၀၁၇ ခုႏွစ္ ကတည္းက စတင္ကစားခဲ့ၿပီး ကိုပါလီဘာတာဒိုးစ္ ဖလားအျပင္ အဓိက ဆုဖလားေတြအမ်ားအျပား ရယူနိုင္ခဲ့တာေၾကာင့္ ဒီလာခ႐ုဇ္ကို ေခၚယူဖို႔ ယူနိုက္တက္ အသင္း မ်က္စိက်ေနတာျဖစ္ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉး ကာဗာနီနဲ႕ အတူ နိုင္ငံလက္ေ႐ြးစင္ အသင္းမွာ ကစားေနတဲ့ ဒီလာခ႐ုဇ္ကို ယူနိုက္တက္ဘက္က ၿပိဳင္ဘက္ အသင္းေတြထက္ လက္ဦးမႈ ရယူနိုင္ေၾကာင္း မန္ခ်က္စတာ သတင္းဌာန မ်ားကလဲ ေဖာ္ျပသြားပါတယ္
ယူနိုက္တက္အသင္းဟာ ဒီလာခ႐ုဇ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးယူရိုသန္း(၂၀)နဲ႕ စတင္ကမ္းလွမ္းသြားဖို႔ရွိေနၿပီး ဒီလာခ႐ုဇ္ကို ယူနိုက္တက္အျပင္ စီးရီးေအ ကလပ္အသင္းတခ်ိဳ႕ကလည္း ပစ္မွတ္ထားေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။