Spots news

ယူနိုက်တက်မှာ ဆက်လက်တိုက်ပွဲဝင်မှာဖြစ်ပြီး အာဆင်နယ်ကို မပြောင်းချင်တဲ့ ဗန်ဒီဘိခ်

Unicode Version

ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ်အသင်းဟာ အားနည်းနေတဲ့ ကွင်းလယ်ပြသနာကို ဖြေရှင်းဖို့အတွက် အသင်းမှာ ပုံမှန်နေရာမရ ဖြစ်နေတဲ့

မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူရန် ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း ဗြိတိန်အ‌ခြေစိုက် အားကစား သတင်းဌာန များက ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ဟာ အေဂျက်ဇ်ကနေ ပေါင် သန်း ၄၀ နဲ့ ရောက်ရှိလာခဲ့တဲ့နောက် အသင်းမှာ နေရာရဖို့ ရုန်းကန်နေခဲ့ရပါတယ်။

လတ်တလောမှာလည်း ဗန်ဒီဘိခ်ဟာ ဒဏ်ရာပြဿနာကြောင့် နယ်သာလန်အသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်ခဲ့ရပြီး ယူရို ၂၀၂၀ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

ပေါ့ဘာ ဖာနန်ဒက်စ် ဖရက်ဒ် တွမ်မီနေးတို့လို ယူနိုက်တက်ရဲ့ ကွင်းလယ် ကစားသမားတွေလောက် အသင်းမှာ နေရာမရတဲ့ ဗန်ဒီဘိခ်ကို

ဥရောပ အသင်းပေါင်း များစွာကနေ စောင့်ကြည့်လျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ စီးရီးအေ အသင်းများနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်ပါ ပါဝင်လာခဲ့ပါတယ်။

သို့ပေမယ့် FCInterNews ရဲ့ ဖော်ပြချက်အရ ဗန်ဒီဘိခ်ဟာ စီးရီးအေသို့ ပြောင်းရွေ့လိုခြင်းမရှိသလို ပရီးမီးယားလိဂ်ပြိုင်ဘက် ကလပ်ဖြစ်တဲ့

အာဆင်နယ်သို့လည်း ပြောင်းရွေ့လိုခြင်း မရှိပဲ သူဟာ ယူနိုက်တက်မှာဆက်နေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားချင် နေပါတယ်။

နယ်သာလန် နဲ့ ရီးရဲလ် ကွင်းလယ်လူဟောင်း ရာဖေးလ် ဗန်ဒါဘတ်ကတော့ ဗန်ဒီဘိခ်ကို ပွဲထွက်ခွင့်မပေးတဲ့ ယူနိုက်တက်ကို

ဝေဖန်ထားကာ ဗန်ဒီဘိခ်အနေနဲ့ ယခုနွေရာသီမှာ အသင်းပြောင်းကစားသင့်တယ်လို့ အကြံပြုထားပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ အာဆင္နယ္အသင္းဟာ အားနည္းေနတဲ့ ကြင္းလယ္ျပသနာကို ေျဖရွင္းဖို႔အတြက္ အသင္းမွာ ပုံမွန္ေနရာမရ ျဖစ္ေနတဲ့

မန္ခ်က္စတာ ယူနိုက္တက္ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေခၚယူရန္ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနေၾကာင္း ၿဗိတိန္အ‌ေျခစိုက္ အားကစား သတင္းဌာန မ်ားက ဆိုပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ နယ္သာလန္လက္ေ႐ြးစင္ဟာ ေအဂ်က္ဇ္ကေန ေပါင္ သန္း ၄၀ နဲ႕ ေရာက္ရွိလာခဲ့တဲ့ေနာက္ အသင္းမွာ ေနရာရဖို႔ ႐ုန္းကန္ေနခဲ့ရပါတယ္။

လတ္တေလာမွာလည္း ဗန္ဒီဘိခ္ဟာ ဒဏ္ရာျပႆနာေၾကာင့္ နယ္သာလန္အသင္းရဲ႕ လူစာရင္းကေန ႏႈတ္ထြက္ခဲ့ရၿပီး ယူရို ၂၀၂၀ ၿပိဳင္ပြဲနဲ႕ လြဲေခ်ာ္ခဲ့ရပါတယ္။

ေပါ့ဘာ ဖာနန္ဒက္စ္ ဖရက္ဒ္ တြမ္မီေနးတို႔လို ယူနိုက္တက္ရဲ႕ ကြင္းလယ္ ကစားသမားေတြေလာက္ အသင္းမွာ ေနရာမရတဲ့ ဗန္ဒီဘိခ္ကို

ဥေရာပ အသင္းေပါင္း မ်ားစြာကေန ေစာင့္ၾကည့္လ်က္ရွိေနၿပီး ဒီအသင္းေတြထဲမွာ စီးရီးေအ အသင္းမ်ားနဲ႕ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ အာဆင္နယ္ပါ ပါဝင္လာခဲ့ပါတယ္။

သို႔ေပမယ့္ FCInterNews ရဲ႕ ေဖာ္ျပခ်က္အရ ဗန္ဒီဘိခ္ဟာ စီးရီးေအသို႔ ေျပာင္းေ႐ြ႕လိုျခင္းမရွိသလို ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ကလပ္ျဖစ္တဲ့

အာဆင္နယ္သို႔လည္း ေျပာင္းေ႐ြ႕လိုျခင္း မရွိပဲ သူဟာ ယူနိုက္တက္မွာဆက္ေနၿပီး ပြဲထြက္ခြင့္အတြက္ တိုက္ပြဲဝင္သြားခ်င္ ေနပါတယ္။

နယ္သာလန္ နဲ႕ ရီးရဲလ္ ကြင္းလယ္လူေဟာင္း ရာေဖးလ္ ဗန္ဒါဘတ္ကေတာ့ ဗန္ဒီဘိခ္ကို ပြဲထြက္ခြင့္မေပးတဲ့ ယူနိုက္တက္ကို ေဝဖန္ထားကာ ဗန္ဒီဘိခ္အေနနဲ႕ ယခုေႏြရာသီမွာ အသင္းေျပာင္းကစားသင့္တယ္လို႔ အႀကံျပဳထားပါတယ္။