Spots news

အဲ‌ဗာတန်အသင်းရဲ့ တိုက်စစ်မှူးကယ်လ်ဗက်လူဝင်ကို ‌ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ လွဲချော်ထားတဲ့ ဥရောပဝင်ခွင့်တွေကို ပြန်လည်ရယူသွားဖို့အတွက် အသင်းကို အင်အားဖြည့်တင်းသွားဖို့ ပြင်ဆင်လျက် ရှိနေပြီး

အသင်းရဲ့ တိုက်စစ်အင်အားကို အားဖြည့်ရန်အတွက် အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင် အားပစ်မှတ်ထားနေကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူး အူဘာမီယန်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ (၂၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ် ပီးခဲ့တဲ့

ဘောလုံးရာသီမှာ သူရဲ့ဂိုးသွင်းစွမ်းရည် ကျဆင်းသွားခဲ့ရကာ တစ်ရာသီလုံး သွင်းဂိုး(၁၅)ဂိုးသာ ရှိခဲ့ပါတယ်။

ထို့ကြောင့် အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်းရဲ့ ဂိုးသွင်းစွမ်းရည် ကျဆင်းလာမှုကြောင့် နွေစျေးကွက်အတွင်းမှာ တိုက်စစ် အင်အား

ဖြည့်တင်းဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပြီး အဲဗာတန် အသင်းမှာ ခြေစွမ်းပြသနေတဲ့ ကယ်လ်ဗတ်လူဝင် ကို စိတ်ဝင်စား လာတာ ဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းတွင်

ပါဝင်ကစားလျက်ရှိနေပြီး အာဆင်နယ်အသင်းတာဝန်ရှိသူများက ၎င်းရဲ့ခြေစွမ်းအား စောင့်ကြည့်လေ့လာလျက်ရှိကြောင်း သိရပါတယ်။

ကယ်လ်ဗတ်လူဝင်ဟာ ပြီးခဲ့သည့် ဘောလုံးရာသီက အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ(၃၉)ပွဲကစားကာ(၂၁)ဂိုးသွင်းယူပေးခဲ့ပြီး၊

အဲဗာတန်အသင်း တွင်ကစားခဲ့သည့် (၅)ရာသီအတွင်း ပြိုင်ပွဲစုံ (၅၃)ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းဟာ လြဲေခ်ာ္ထားတဲ့ ဥေရာပဝင္ခြင့္ေတြကို ျပန္လည္ရယူသြားဖို႔အတြက္ အသင္းကို အင္အားျဖည့္တင္းသြားဖို႔ ျပင္ဆင္လ်က္ ရွိေနၿပီး အသင္းရဲ႕ တိုက္စစ္အင္အားကို အားျဖည့္ရန္အတြက္ အဲဗာတန္တိုက္စစ္မႉး ကယ္လ္ဗတ္လူဝင္ အားပစ္မွတ္ထားေနေၾကာင္း သိရွိရသည္။

အာဆင္နယ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး အူဘာမီယန္းဟာ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီမွာ (၂၉)ဂိုးအထိ သြင္းယူနိုင္ခဲ့ေပမယ္ ပီးခဲ့တဲ့ေဘာလုံးရာသီမွာ သူရဲ႕ဂိုးသြင္းစြမ္းရည္ က်ဆင္းသြားခဲ့ရကာ တစ္ရာသီလုံး သြင္းဂိုး(၁၅)ဂိုးသာ ရွိခဲ့ပါတယ္။

ထို႔ေၾကာင့္ အာဆင္နယ္ အသင္းဟာ တိုက္စစ္မႉး အူဘာမီယန္းရဲ႕ ဂိုးသြင္းစြမ္းရည္ က်ဆင္းလာမႈေၾကာင့္ ေႏြေစ်းကြက္အတြင္းမွာ တိုက္စစ္ အင္အား ျဖည့္တင္းဖို႔ ျပင္ဆင္လာခဲ့တာ ျဖစ္ၿပီး အဲဗာတန္ အသင္းမွာ ေျခစြမ္းျပသေနတဲ့ ကယ္လ္ဗတ္လူဝင္ ကို စိတ္ဝင္စား လာတာ ျဖစ္ပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉး ကယ္လ္ဗတ္လူဝင္ဟာ ယူရို-၂၀၂၀ ၿပိဳင္ပြဲဝင္ အဂၤလန္လက္ေ႐ြးစင္အသင္းတြင္ ပါဝင္ကစားလ်က္ရွိေနၿပီး အာဆင္နယ္အသင္းတာဝန္ရွိသူမ်ားက ၎ရဲ႕ေျခစြမ္းအား ေစာင့္ၾကည့္ေလ့လာလ်က္ရွိေၾကာင္း သိရပါတယ္။

ကယ္လ္ဗတ္လူဝင္ဟာ ၿပီးခဲ့သည့္ ေဘာလုံးရာသီက အဲဗာတန္အသင္းအတြက္ ၿပိဳင္ပြဲစုံ(၃၉)ပြဲကစားကာ(၂၁)ဂိုးသြင္းယူေပးခဲ့ၿပီး၊ အဲဗာတန္အသင္း တြင္ကစားခဲ့သည့္ (၅)ရာသီအတြင္း ၿပိဳင္ပြဲစုံ (၅၃)ဂိုး သြင္းယူေပးထားသူ ျဖစ္ပါတယ္။