Unicode Version
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ချက်အသင်းတို့ရဲ့ (၁၆)သင်းရှုံးထွက်အဆင့်မှာ ရေပန်းစားနေတဲ့ နယ်သာလန်အသင်းဟာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် နောက်ခံလူ ဒီလစ် အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရပြီးနောက်မှာ ရုန်းကန်ခဲ့ရပြီး ချက်အသင်းကို ရှုံးနိမ့်ရင်း ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါတယ်။
နယ်သာလန်အသင်းဟာ အုပ်စု C မှာ သြစတြီးယား ယူကရိန်းနဲ့ မက်ဆီဒိုးနီးယား အသင်းတွေကို အနိုင်ယူခဲ့ပြီး ရှုံးထွက်အဆင့်ကို တတ်လှမ်းခဲ့ပေမယ့် (၁၆)သင်းအဆင့် ရှုံးထွက်မှာတော့ ချက်အသင်းကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်လိုက်ရတာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။
ဒီရှုံးပွဲမှာ လူပြောများခဲ့တာကတော့ နယ်သာလန်တိုက်စစ်ကစားသမား မာလန်းရဲ့ ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဂိုးမသွင်းနိုင်ခဲ့ခြင်းနဲ့ ဒီလစ်ရဲ့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရမှုတွေက ရှုံးပွဲအတွက် အဓိကအကြောင်းအရာတွေ ဖြစ်သွားခဲ့ရပါတယ်။
ဒုတိယပိုင်း အစမှာ ဘောလုံးကို လက်နဲ့ထိမိခဲ့ရင်း ထုတ်ပယ်ခံခဲ့ရတဲ့ ဒီလစ်က “ကျွန်တော်ရဲ့ အပြုအမှုဆိုး အမှားတစ်ခုကနေ ကျွန်တော်တို့အသင်းက ရှုံးပွဲတွေ့ခဲ့ရတာဖြစ်လို့ ဒါက ကျွန်တော့်အတွက် တကယ့်ကို စိတ်ကသိကအောက် ဖြစ်စေရတယ်။ ဒါက အရမ်းကို ဆိုးလွန်းပါတယ်။
ကျွန်တော်တို့ ဘောလုံးကို ထိန်းလိုက်ဖို့ ပျက်ကွက်မိတယ်။ နောက်မှ လိုက်ဆည်ယူတော့ အခြေအနေ သိပ်မဟန်တော့ပဲ ပြိုင်ဘက်ရဲ့ တွန်းအားနဲ့ လဲကျမလိုဖြစ်ရင်းကနေ ဘောလုံးကိုပါ လက်နဲ့ထိမိသွားခဲ့တယ်။ ဒါက ပွဲရလဒ်ကိုပါ အပြောင်းအလဲ ဖြစ်
စေရတဲ့ အနေအထားထိ ဖြစ်သွားခဲ့တယ်။ ကျွန်တော်အသင်းက နောက်ဆုံးမိနစ်အထိကို ရုန်းကန်သွားခဲ့ရတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် တကယ်ကို အပြစ်တင်မိတယ်။ ဒါက လုံးဝမမှားသင့်တဲ့ အမှားတစ်ခု ဖြစ်သွားခဲ့ရပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်
Zawgyi Version
မေန႕ညက ယွဥ္ၿပိဳင္ခဲ့တဲ့ နယ္သာလန္အသင္းနဲ႕ ခ်က္အသင္းတို႔ရဲ႕ (၁၆)သင္းရႈံးထြက္အဆင့္မွာ ေရပန္းစားေနတဲ့ နယ္သာလန္အသင္းဟာ ပြဲကို ထိန္းခ်ဳပ္နိုင္ခဲ့ေပမယ့္ ေနာက္ခံလူ ဒီလစ္ အနီကတ္ျပ ထုတ္ပယ္ခံလိုက္ရၿပီးေနာက္မွာ ႐ုန္းကန္ခဲ့ရၿပီး ခ်က္အသင္းကို ရႈံးနိမ့္ရင္း ၿပိဳင္ပြဲကေန ထြက္ခြာလိုက္ရပါတယ္။
နယ္သာလန္အသင္းဟာ အုပ္စု C မွာ ၾသစႀတီးယား ယူကရိန္းနဲ႕ မက္ဆီဒိုးနီးယား အသင္းေတြကို အနိုင္ယူခဲ့ၿပီး ရႈံးထြက္အဆင့္ကို တတ္လွမ္းခဲ့ေပမယ့္ (၁၆)သင္းအဆင့္ ရႈံးထြက္မွာေတာ့ ခ်က္အသင္းကို (၂)ဂိုးျပတ္နဲ႕ အေရးနိမ့္လိုက္ရတာေၾကာင့္ ၿပိဳင္ပြဲကေန ထြက္ခြာသြားခဲ့ရပါတယ္။
ဒီရႈံးပြဲမွာ လူေျပာမ်ားခဲ့တာကေတာ့ နယ္သာလန္တိုက္စစ္ကစားသမား မာလန္းရဲ႕ ဂိုးသမားနဲ႕ တစ္ဦးခ်င္းအေတြ႕မွာ ဂိုးမသြင္းနိုင္ခဲ့ျခင္းနဲ႕ ဒီလစ္ရဲ႕ တိုက္ရိုက္အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရမႈေတြက ရႈံးပြဲအတြက္ အဓိကအေၾကာင္းအရာေတြ ျဖစ္သြားခဲ့ရပါတယ္။
ဒုတိယပိုင္း အစမွာ ေဘာလုံးကို လက္နဲ႕ထိမိခဲ့ရင္း ထုတ္ပယ္ခံခဲ့ရတဲ့ ဒီလစ္က “ကြၽန္ေတာ္ရဲ႕ အျပဳအမႈဆိုး အမွားတစ္ခုကေန ကြၽန္ေတာ္တို႔အသင္းက ရႈံးပြဲေတြ႕ခဲ့ရတာျဖစ္လို႔ ဒါက ကြၽန္ေတာ့္အတြက္ တကယ့္ကို စိတ္ကသိကေအာက္ ျဖစ္ေစရတယ္။ ဒါက အရမ္းကို ဆိုးလြန္းပါတယ္။
ကြၽန္ေတာ္တို႔ ေဘာလုံးကို ထိန္းလိုက္ဖို႔ ပ်က္ကြက္မိတယ္။ ေနာက္မွ လိုက္ဆည္ယူေတာ့ အေျခအေန သိပ္မဟန္ေတာ့ပဲ ၿပိဳင္ဘက္ရဲ႕ တြန္းအားနဲ႕ လဲက်မလိုျဖစ္ရင္းကေန ေဘာလုံးကိုပါ လက္နဲ႕ထိမိသြားခဲ့တယ္။ ဒါက ပြဲရလဒ္ကိုပါ အေျပာင္းအလဲ ျဖစ္
ေစရတဲ့ အေနအထားထိ ျဖစ္သြားခဲ့တယ္။ ကြၽန္ေတာ္အသင္းက ေနာက္ဆုံးမိနစ္အထိကို ႐ုန္းကန္သြားခဲ့ရတယ္။ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ တကယ္ကို အျပစ္တင္မိတယ္။ ဒါက လုံးဝမမွားသင့္တဲ့ အမွားတစ္ခု ျဖစ္သြားခဲ့ရပါတယ္” လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္