Spots news

ပီအက်စ်ဂျီထက် လက်ဦးမှုရယူပြီး လူငယ်ကြယ်ပွင့်ကိုခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ယူနိုက်တက်

Unicode Version

ပြင်သစ်အ‌ခြေစိုက် သတင်းဌာန များရဲ့ ဖော်ပြချက်အရ ကလာတဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်

အပတ်အတွင်းမှာပဲ ကာမာဗင်ဂါ ရဲ့အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွေ့အတွက် တွေ့ဆုံဆွေးနွေးသွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ပြင်သစ် လက်ရွေးစင် အသင်းကြီးအတွက် ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ ရန်းနက်စ်အသင်းက အသက် ၁၈  နှစ်အရွယ်  လူငယ်ကြယ်ပွင့်

ကစားသမား ကာမာဗင်ဂါ ကိုခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပြင်သီထိပ်သီး ပီအက်စ်ဂျီ အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့ ကာလရှည်ပစ်မှတ် ဖြစ်တဲ့ ဂျာမန်ကလပ် ဒေ့ါမွန်အသင်းရဲ့တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့က

ရာနှုန်းပြည့်နီးပါး သေချာနေပြီ ဖြစ်တဲ့ အတွက် အသင်းရဲ့ တခြားနေရာတွေကို အားဖြည့်ဖို့ အလျင်အမြန်ပဲ ပြန်လည် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါ အတွက် ပြိုင်ဘက် ပီအက်စ်ဂျီအသင်းထက် လက်ဦးမှုကို ရယူဖိုလ လာမယ့်

အပတ်မှာပဲ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ စကားပြောသွားတော့မယ်လို့ ပြင်သစ်မီဒီယာ များက ဖော်ပြသွားကြပါတယ်။

ရန်းနက်စ်အသင်းဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ သူတို့အသင်းရဲ့ကစားသမားကို လာမယ့် ရာသီမှာ အလွတ်ပြောင်းရွေ့ကြေးနဲ့

လက်လွှတ်လိုခြင်း မရှိတာကြောင့် ယခုနွေရာသီမှာ ပြင်သစ် ကွင်းလယ်ကစားသမားကို အသင်းက ရောင်းချ​ပေးသွားဖွယ် ရှိနေပါတယ်။

ကာမာဗင်ဂါ ရဲ့ အေးဂျင့်ဖြစ်သူ ဂျိုနသန် ဘားနက် ကတော့ ပြီးခဲ့တဲ့နှစ်က ပြင်သစ် လူငယ် ကြယ်ပွင့် အတွက် ကမ်းလှမ်းမှုတွေ လက်ခံရရှိခဲ့ပေမယ့်

ယခုနှစ်မှာတော့ ရန်းနက်စ်အသင်းကို စွန့်ခွာနိုင်တယ်လို့ မေလအတွင်းက AMTV သို့ ပြောကြားထားတာ ရှိပါတယ်။

Zawgyi Version

ျပင္သစ္အ‌ေျခစိုက္ သတင္းဌာန မ်ားရဲ႕ ေဖာ္ျပခ်က္အရ ကလာတဲ့ ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ လာမယ့္ အပတ္အတြင္းမွာပဲ ကာမာဗင္ဂါ ရဲ႕ေအးဂ်င့္ျဖစ္သူနဲ႕ အေျပာင္းအေ႐ြ႕အတြက္ ေတြ႕ဆုံေဆြးေႏြးသြားဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

ျပင္သစ္ လက္ေ႐ြးစင္ အသင္းႀကီးအတြက္ ပါဝင္ကစားခြင့္ ရရွိခဲ့တဲ့ ရန္းနက္စ္အသင္းက အသက္ ၁၈  ႏွစ္အ႐ြယ္  လူငယ္ၾကယ္ပြင့္ ကစားသမား ကာမာဗင္ဂါ ကိုေခၚယူဖို႔ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ျပင္သီထိပ္သီး ပီအက္စ္ဂ်ီ အသင္းတို႔က စိတ္ဝင္စားေနၾကပါတယ္။

ယူနိုက္တက္ဟာ အသင္းရဲ႕ ကာလရွည္ပစ္မွတ္ ျဖစ္တဲ့ ဂ်ာမန္ကလပ္ ေဒ့ါမြန္အသင္းရဲ႕ေတာင္ပံတိုက္စစ္ ကစားသမား ဆန္ခ်ိဳကို ေခၚယူနိုင္ဖို႔က ရာႏႈန္းျပည့္နီးပါး ေသခ်ာေနၿပီ ျဖစ္တဲ့ အတြက္ အသင္းရဲ႕ တျခားေနရာေတြကို အားျဖည့္ဖို႔ အလ်င္အျမန္ပဲ ျပန္လည္ ႀကိဳးပမ္းလာတာ ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ ကာမာဗင္ဂါ အတြက္ ၿပိဳင္ဘက္ ပီအက္စ္ဂ်ီအသင္းထက္ လက္ဦးမႈကို ရယူဖိုလ လာမယ့္အပတ္မွာပဲ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႕ စကားေျပာသြားေတာ့မယ္လို႔ ျပင္သစ္မီဒီယာ မ်ားက ေဖာ္ျပသြားၾကပါတယ္။

ရန္းနက္စ္အသင္းဟာ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ေတာ့တဲ့ သူတို႔အသင္းရဲ႕ ကစားသမားကို လာမယ့္ ရာသီမွာ အလြတ္တန္းေျပာင္းေ႐ြ႕ေၾကးနဲ႕ လက္လႊတ္လိုျခင္း မရွိတာေၾကာင့္ ယခုေႏြရာသီမွာ ျပင္သစ္ ကြင္းလယ္ကစားသမားကို အသင္းက ေရာင္းခ်​ေပးသြားဖြယ္ ရွိေနပါတယ္။

ကာမာဗင္ဂါ ရဲ႕ ေအးဂ်င့္ျဖစ္သူ ဂ်ိဳနသန္ ဘားနက္ ကေတာ့ ၿပီးခဲ့တဲ့ႏွစ္က ျပင္သစ္ လူငယ္ ၾကယ္ပြင့္ အတြက္ ကမ္းလွမ္းမႈေတြ လက္ခံရရွိခဲ့ေပမယ့္ ယခုႏွစ္မွာေတာ့ ရန္းနက္စ္အသင္းကို စြန့္ခြာနိုင္တယ္လို႔ ေမလအတြင္းက AMTV သို႔ ေျပာၾကားထားတာ ရွိပါတယ္။