Spots news

ကိုပါအမေရိကမှာခြေစွမ်းပြပြီး ဥရုဂွေးကို ကွာတားထိ ပို့ပေးထားတဲ့ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီဟာ မိခင်နိုင်ငံ အသင်းဖြစ်တဲ့ ဥရုဂွေးအသင်းကို ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်သို့ ​ခြေစွမ်းပြကာ ပို့ဆောင်ပေးခဲ့ပြီးနောက် ယူနိုက်တက်နည်းပြရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။

ဘိုလီဗီးယားအသင်းနဲ့ပွဲစဥ်မှာ ကာဗာနီဟာ ဥရုဂွေးအသင်းရဲ့ အထောင်တိုက်စစ်နေရာမှာ ပွဲထွက်ခဲ့ပါတယ်။ ယင်းပွဲစဥ်မှာ ပွဲကစားချိန် ပထမပိုင်းအတွင်း ဘိုလီဗီးယားအသင်းဂိုးသမားက

ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ပေမယ့် ဥရုဂွေးအသင်းအတွက် အနိုင်သုံးမှတ် သေချာစေမယ့်ဂိုးကို ယူနိုက်တက်တိုက်စစ်မှူးက ပွဲကစားချိန် ဒုတိယပိုင်းမှာ လှလှပပ သွင်းယူခဲ့တာပါ။

ဒါကတော့ PSG နဲ့ နာပိုလီကစားသမားဟောင်း ကာဗာနီ သွင်းယူနေကြ သွင်းဂိုးပုံစံဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေလည်း မကြာခဏ မြင်ဖူးနေကျ သွင်းဂိုးမျိုးဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အိုးလ်ထရက်ဖို့ဒ်အတွက် ၁၇ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်က သူ့ကို စာချုပ်သက်တမ်း တစ်နှစ်တိုးမြင့်ချုပ်ဆိုထားပါတယ်။

ဒါပေမယ့် ဘိုလီဗီးယားအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဥ်အပြီးမှာ ယူနိုက်တက်အသင်းရဲ့ လက်ထောက်နည်းပြ မိုက်ခ်ဖီလန်က ကာဗာနီကို ချီးကျူးသွားခဲ့ပါတယ်။

“မင်္ဂလာပါ နံနက်ခင်းပါဘဲဗျာ။ ကိုပါအမေရိကပွဲစဥ်မှာ အက်ဒီဆင်ကာဗာနီရဲ့ လှပတဲ့သွင်းဂိုးကိုကြည့်ဖို့ နှိုးထကြပါတော့။” လို့ ဖီလန်က တွစ်တာမှာ ရေးသားပြီး ကာဗာနီကို ချီးကျူးခဲ့ပါတယ်။

ကာဗာနီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ အစောပိုင်းက ယူနိုက်တက်ရဲ့ပွဲစဥ်တွေကို ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ၁၀ ဂိုးသွင်းပြီး ယူနိုက်တက်ကို အဆင့် ၂ နေရာ ပို့ပေးခဲ့သလို ယူရိုပါလိဂ်မှာ ခြောက်ဂိုးသွင်းပြီး ဗိုလ်လုပွဲကို ပို့ပေးခဲ့တယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉး အက္ဒီဆင္ကာဗာနီဟာ မိခင္နိုင္ငံ အသင္းျဖစ္တဲ့ ဥ႐ုေဂြးအသင္းကို ကိုပါအေမရိကဖလား ကြာတားဖိုင္နယ္သို႔ ​ေျခစြမ္းျပကာ ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ယူနိုက္တက္နည္းျပရဲ႕ ခ်ီးက်ဴးမႈကို ရရွိခဲ့ပါတယ္။

ဘိုလီဗီးယားအသင္းနဲ႕ပြဲစဥ္မွာ ကာဗာနီဟာ ဥ႐ုေဂြးအသင္းရဲ႕ အေထာင္တိုက္စစ္ေနရာမွာ ပြဲထြက္ခဲ့ပါတယ္။ ယင္းပြဲစဥ္မွာ ပြဲကစားခ်ိန္ ပထမပိုင္းအတြင္း ဘိုလီဗီးယားအသင္းဂိုးသမားက

ကိုယ့္ဂိုးကိုယ္ သြင္းယူမိခဲ့ေပမယ့္ ဥ႐ုေဂြးအသင္းအတြက္ အနိုင္သုံးမွတ္ ေသခ်ာေစမယ့္ဂိုးကို ယူနိုက္တက္တိုက္စစ္မႉးက ပြဲကစားခ်ိန္ ဒုတိယပိုင္းမွာ လွလွပပ သြင္းယူခဲ့တာပါ။

ဒါကေတာ့ PSG နဲ႕ နာပိုလီကစားသမားေဟာင္း ကာဗာနီ သြင္းယူေနၾက သြင္းဂိုးပုံစံျဖစ္ၿပီး ယူနိုက္တက္ပရိသတ္ေတြလည္း မၾကာခဏ ျမင္ဖူးေနက် သြင္းဂိုးမ်ိဳးျဖစ္ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီက အိုးလ္ထရက္ဖို႔ဒ္အတြက္ ၁၇ ဂိုး သြင္းယူနိုင္ခဲ့တာေၾကာင့္ ယူနိုက္တက္က သူ႕ကို စာခ်ဳပ္သက္တမ္း တစ္ႏွစ္တိုးျမင့္ခ်ဳပ္ဆိုထားပါတယ္။

ဒါေပမယ့္ ဘိုလီဗီးယားအသင္းကို ၂-၀ ဂိုးနဲ႕ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ယူနိုက္တက္အသင္းရဲ႕ လက္ေထာက္နည္းျပ မိုက္ခ္ဖီလန္က ကာဗာနီကို ခ်ီးက်ဴးသြားခဲ့ပါတယ္။

“မဂၤလာပါ နံနက္ခင္းပါဘဲဗ်ာ။ ကိုပါအေမရိကပြဲစဥ္မွာ အက္ဒီဆင္ကာဗာနီရဲ႕ လွပတဲ့သြင္းဂိုးကိုၾကည့္ဖို႔ ႏွိုးထၾကပါေတာ့။” လို႔ ဖီလန္က တြစ္တာမွာ ေရးသားၿပီး ကာဗာနီကို ခ်ီးက်ဴးခဲ့ပါတယ္။

ကာဗာနီဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီ အေစာပိုင္းက ယူနိုက္တက္ရဲ႕ပြဲစဥ္ေတြကို ဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ခဲ့ရပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာ ၁၀ ဂိုးသြင္းၿပီး ယူနိုက္တက္ကို အဆင့္ ၂ ေနရာ ပို႔ေပးခဲ့သလို ယူရိုပါလိဂ္မွာ ေျခာက္ဂိုးသြင္းၿပီး ဗိုလ္လုပြဲကို ပို႔ေပးခဲ့တယ္။