Spots news

“ မိတ်ဆွေကို ရိုးသားစွာ ပြန်လည်စနောက် မိတာပါ ” – ကာဗာနီ

Unicode Version

လူမျိူးရေး ခွဲခြားတဲ့ အဓိပ္ပာယ်ကို သက်ရောက်  နေတဲ့ စကား အသုံး အနှုန်း တစ်ခုကို သုံးစွဲ မိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီကို (၃)ပွဲပယ် ပြစ်ဒဏ် နှင့် ပေါင်တစ်သိန်း ကို ဒဏ်ရိုက် ကြောင်း အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ်ချက် ချခဲ့တဲ့အပေါ် ကာဗာနီက အယူခံ မဝင် ခဲ့ပေမယ့် ထိုဆုံးဖြတ်ချက် အပေါ် တုံ့ပြန် ပြောဆို သွားပါတယ်။

မန်ချက်စတာ ယူနိုက်တက် နဲ့ ဆောက်သမ်တန် တို့ ယှဉ်ပြိုင်ပြီး ယူနိုက်တက်က 3-2 ရလဒ်နှင့် အနိုင် ရရှိခဲ့ ပါတယ်။ အင်စတာဂရမ် မှာ သူ့ကို ချီးကျူးမှု တွေ ပြုလုပ် သွားခဲ့တဲ့ မိတ်ဆွေ တစ်ယောက် ကို Gracias Negrito ဆိုတဲ့ စာသားဖြင့် ကာဗာနီဟာ ပြန်လည် ကျေးဇူးတင် ကြောင်း ရေးသားခဲ့တာ ဖြစ်‌ပေမယ့် ဒီစာသားကို အက်အေ ကနေ လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်းလို့ ယူဆ ခဲ့တာကြောင့် ကာဗာနီကို စွဲချက် တင်ခဲ့ပြီး နောက်ဆုံးမှာ အခုလို (၃)ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက် တာပါ။

ကာဗာနီက အဆိုပါ ပြစ်ဒဏ် အတွက် အယူခံ မဝင်ခဲ့ပဲ သူ့အနေနဲ့ လူမျိုးရေး ခွဲခြားမှု ပြုလုပ်ခဲ့တာ မဟုတ်ပဲ မိတ်ဆွေ ဖြစ်သူကို ရိုးသားစွာ ကျေးဇူးတင် စကား ပြန်လည် တုံ့ပြန် ခဲ့တာ  ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။

ကာဗာနီက “အဆင် မပြေတဲ့ အခိုက်အတန့် ထဲကို ရောက်ရှိ နေရတဲ့ ကျွန်တော့် အတွက် ကျွန်တော် နောက်ထပ် ဘာကိုမှ ထပ်မဖြစ် စေချင်တော့ပါဘူး ။ ကျွန်‌တော့်ရဲ့ ပြစ်ဒဏ် အတွက် ကျွန်တော် လက်ခံ ပါတယ်။ ကျွန်တော် အင်္ဂလိပ်တွေရဲ့ ဓလေ့ ထုံးစံ ဥပဒေ တွေအကြောင်း ကို ပိုမို သိရှိ လိုက်ရပါတယ်။ ကျွန်တော်ရဲ့ ထင်မြင်ချက် တွေကိုတော့ ပြောမပြတော့ ပါဘူး။ ကျွန်တော့် ကြောင့် စိတ် မကျေမနပ် ဖြစ်ခဲ့ ရရင်လည်း တောင်းပန်ပါတယ်။ ကျွန်တော်က မိတ်ဆွေ တစ်ယောက် အတွက် ချစ်ခင်မှု ကိုပဲ  ဖော်ပြခဲ့တာပါ။ ကျန်တာ ဘာမှ မပါ ဝင်ပါဘူး။ ကျွန်တော့်ကို ခင်မင်တဲ့ သူတွေဆိုရင် ကျွန်တော်က ရိုးစင်းတဲ့ ပျော်ရွှင်မှုနဲ့ ဆက်ဆံရေး ကောင်းမွန်မှု တွေကို ရရှိအောင် ကြိုးစား တတ်သူ ဆိုတာ ကောင်းကောင်း သိကြ ပါလိမ့်မယ်။ ကျွန်တော့် အတွက် အားပေး စကားတွေ ချစ်ခင်ကြောင်း တွေ များစွာကို ဖော်ပြပေးခဲ့ သူတွေ အားလုံး ကိုလည်း ကျေးဇူးအထူး တင်ပါတယ်။ ကျွန်တော့် နှလုံးသားက ငြိမ်းအေး နေပါတယ်။ ကျွန်တော်က အေးအေး ဆေးဆေး နေတတ်ပြီး ချစ်ခင်မှု တွေကို ထုတ်ပြ တတ်လို့ပါ” လို့ ပြောကြား ခဲ့ပါတယ် ။

Zawgyi Version

လူမ်ိဴးေရး ခြဲျခားတဲ့ အဓိပၸာယ္ကို သက္ေရာက္ ေနတဲ့ စကား အသုံး အႏႈန္း တစ္ခုကို သုံးစြဲ မိခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉး ကာဗာနီကို (၃)ပြဲပယ္ ျပစ္ဒဏ္ ႏွင့္ ေပါင္တစ္သိန္းကို ဒဏ္ရိုက္ေၾကာင္း အဂၤလန္ ေဘာလုံး အဖြဲ႕ခ်ဳပ္က ဆုံးျဖတ္ခ်က္ ခ်ခဲ့တဲ့အေပၚ ကာဗာနီက အယူခံ မဝင္ ခဲ့ေပမယ့္ ထိုဆုံးျဖတ္ခ်က္ အေပၚ တုံ႕ျပန္ ေျပာဆို သြားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ ေဆာက္သမ္တန္ တို႔ ယွဥ္ၿပိဳင္ၿပီး ယူနိုက္တက္က 3-2 ရလဒ္ႏွင့္ အနိုင္ ရရွိခဲ့ ပါတယ္။ အင္စတာဂရမ္ မွာ သူ႕ကို ခ်ီးက်ဴးမႈ ေတြ ျပဳလုပ္ သြားခဲ့တဲ့ မိတ္ေဆြတစ္ေယာက္ ကို Gracias Negrito ဆိုတဲ့ စာသားျဖင့္ ကာဗာနီဟာ ျပန္လည္ ေက်းဇူးတင္ ေၾကာင္း ေရးသားခဲ့တာ ျဖစ္‌ေပမယ့္ ဒီစာသားကို အက္ေအကေန လူမ်ိဳးေရး ခြဲျခားတဲ့ အသုံးအႏႈန္းလို႔ ယူဆ ခဲ့တာေၾကာင့္ ကာဗာနီကို စြဲခ်က္ တင္ခဲ့ၿပီး ေနာက္ဆုံးမွာ အခုလို (၃)ပြဲပယ္ ျပစ္ဒဏ္ ခ်မွတ္လိုက္ တာပါ။

ကာဗာနီက အဆိုပါ ျပစ္ဒဏ္ အတြက္ အယူခံ မဝင္ခဲ့ပဲ သူ႕အေနနဲ႕ လူမ်ိဳးေရး ခြဲျခားမႈ ျပဳလုပ္ခဲ့တာ မဟုတ္ပဲ မိတ္ေဆြ ျဖစ္သူကို ရိုးသားစြာ ေက်းဇူးတင္ စကား ျပန္လည္ တုံ႕ျပန္ ခဲ့တာ ျဖစ္ေၾကာင္း ေျပာဆို ခဲ့ပါတယ္။

ကာဗာနီက “အဆင္ မေျပတဲ့ အခိုက္အတန႔္ ထဲကို ေရာက္ရွိေနရတဲ့ ကြၽန္ေတာ့္ အတြက္ ကြၽန္ေတာ္ေနာက္ထပ္ ဘာကိုမွ ထပ္မျဖစ္ ေစခ်င္ေတာ့ပါဘူး ။ ကြၽန္‌ေတာ့္ရဲ႕ ျပစ္ဒဏ္ အတြက္ ကြၽန္ေတာ္ လက္ခံပါတယ္။ ကြၽန္ေတာ္ အဂၤလိပ္ေတြရဲ႕ ဓေလ့ ထုံးစံ ဥပေဒ ေတြအေၾကာင္း ကို ပိုမို သိရွိ လိုက္ရပါတယ္။ ကြၽန္ေတာ္ရဲ႕ ထင္ျမင္ခ်က္ ေတြကိုေတာ့ ေျပာမျပေတာ့ ပါဘူး။ ကြၽန္ေတာ့္ ေၾကာင့္ စိတ္မေက်မနပ္ ျဖစ္ခဲ့ ရရင္လည္း ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္က မိတ္ေဆြ တစ္ေယာက္အတြက္ ခ်စ္ခင္မႈ ကိုပဲ ေဖာ္ျပခဲ့တာပါ။ က်န္တာ ဘာမွ မပါဝင္ပါဘူး။ ကြၽန္ေတာ့္ကို ခင္မင္တဲ့ သူေတြဆိုရင္ ကြၽန္ေတာ္က ရိုးစင္းတဲ့ ေပ်ာ္႐ႊင္မႈနဲ႕ ဆက္ဆံေရး ေကာင္းမြန္မႈ ေတြကို ရရွိေအာင္ ႀကိဳးစား တတ္သူ ဆိုတာ ေကာင္းေကာင္း သိၾကပါလိမ့္မယ္။ ကြၽန္ေတာ့္အတြက္ အားေပး စကားေတြ ခ်စ္ခင္ေၾကာင္းေတြ မ်ားစြာကို ေဖာ္ျပေပးခဲ့ သူေတြ အားလုံးကိုလည္း ေက်းဇူးအထူး တင္ပါတယ္။ ကြၽန္ေတာ့္ႏွလုံးသားက ၿငိမ္းေအးေနပါတယ္။ ကြၽန္ေတာ္က ေအးေအး ေဆးေဆး ေနတတ္ၿပီး ခ်စ္ခင္မႈ ေတြကို ထုတ္ျပ တတ္လို႔ပါ” လို႔ ေျပာၾကား ခဲ့ပါတယ္ ။