Unicode Version
အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်လူ ချာကာကို ရောင်းထုတ်ပြီးပါက ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စီစဉ်နေရာမှာ ပေါ်တူဂီအသင်းနဲ့ အတူ ယူရို၂၀၂၀ပြိုင်ပွဲမှာ
ခြေစွမ်းပြသနိုင်ခဲ့တဲ့ လိုင်လီ ကွင်းလယ်လူ ရီနာတို ဆန်းချက်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ကွင်းလယ်လူ ချာကာဟာ အာဆင်နယ်အသင်း ကနေ ပေါ်တူဂီနည်းပြ မော်ရင်ဟို ရှိတဲ့ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာသလို လက်ရှိမှာ
ရိုးမားအသင်းနဲ့ အာဆင်နယ်အသင်းကြားမှာ တရားဝင် ဆွေးနွေးမှုတွေ ရှိနေပြီး မကြာခင်မှာ အပြောင်းအရွှေ့ဟာ အပြီးသတ်ဖွယ် ရှိနေပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ကို စတင် ရှာဖွေနေကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုင်လီအသင်းနဲ့ ခြေစွမ်းပြနိုင်ခဲ့သလို ယူရို၂၀၂၀ပြိုင်ပွဲမှာလည်း
ပေါ်တူဂီအသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြနေတဲ့ ရီနာတို ဆန်းချက်ဟာ အာဆင်နယ်အသင်းရဲ့ ထိပ်သီး ပစ်မှတ် ကစားသမား ဖြစ်လာပါတယ်။
အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ ကွင်းလယ်လူ ရီနာတို ဆန်းချက်ဟာ ကြံ့ခိုင်မှု ကောင်းသလို ၊ သူ့ရဲ့ ဘောလုံးပေးပို့မှု ၊ အဝေးကန်ချက်တွေနဲ့ တဖက်အသင်းရဲ့ ဂိုးပေါက်ကို
ခြိမ်းခြောက် နိုင်မှုတို့ဟာ နည်းပြ အာတီတာကို မျက်စိကျစေခဲ့ပြီး သူ့ကို ခေါ်ယူဖို့ အာဆင်နယ်အသင်း အပြင် အခြား ထိပ်သီးအသင်း တချို့ကပါ စိတ်ဝင်စားနေပါတယ်။
ရီနာတို ဆန်းချက်ဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ ရယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ ခြေစွမ်းပိုင်းဟာ သံသယဝင်စရာ မလိုပဲ
လိုင်လီ အသင်းကတော့ သူတို့အသင်းနဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသေးတဲ့ ရီနာတို ဆန်းချက်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်နေပါတယ်။
ဒါပေမယ့် ရီနာတို ဆန်းချက်က အသင်းပြောင်းဖို့ စဉ်းစားဖွယ် ရှိပြီး လက်ရှိမှာ အာဆင်နယ်အသင်းဟာ ရီနာတို ဆန်းချက်ရဲ့ အေးဂျင့်ထံကို ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။
အာဆင်နယ် အသင်းဟာ ရီနာတို ဆန်းချက်ကို ခေါ်ယူချင်ရင် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိနေပါတယ်။
Zawgyi Version
အာဆင္နယ္အသင္းဟာ အသင္းရဲ႕ ကြင္းလယ္လူ ခ်ာကာကို ေရာင္းထုတ္ၿပီးပါက ကြင္းလယ္လူ တဦးကို ေခၚယူဖို႔ စီစဥ္ေနရာမွာ ေပၚတူဂီအသင္းနဲ႕ အတူ ယူရို၂၀၂၀ၿပိဳင္ပြဲမွာ
ေျခစြမ္းျပသနိုင္ခဲ့တဲ့ လိုင္လီ ကြင္းလယ္လူ ရီနာတို ဆန္းခ်က္ကို ေခၚယူဖို႔ စိတ္ဝင္စား ေနေၾကာင္း ဥေရာပ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။
ကြင္းလယ္လူ ခ်ာကာဟာ အာဆင္နယ္အသင္း ကေန ေပၚတူဂီနည္းျပ ေမာ္ရင္ဟို ရွိတဲ့ ရိုးမားအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ထားတာသလို လက္ရွိမွာ
ရိုးမားအသင္းနဲ႕ အာဆင္နယ္အသင္းၾကားမွာ တရားဝင္ ေဆြးေႏြးမႈေတြ ရွိေနၿပီး မၾကာခင္မွာ အေျပာင္းအေ႐ႊ႕ဟာ အၿပီးသတ္ဖြယ္ ရွိေနပါတယ္။
လက္ရွိမွာေတာ့ အာဆင္နယ္အသင္းဟာ ကြင္းလယ္လူ ကို စတင္ ရွာေဖြေနကာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ လိုင္လီအသင္းနဲ႕ ေျခစြမ္းျပနိုင္ခဲ့သလို ယူရို၂၀၂၀ၿပိဳင္ပြဲမွာလည္း
ေပၚတူဂီအသင္းရဲ႕ အဓိက ကြင္းလယ္လူ အျဖစ္ ေျခစြမ္းျပေနတဲ့ ရီနာတို ဆန္းခ်က္ဟာ အာဆင္နယ္အသင္းရဲ႕ ထိပ္သီး ပစ္မွတ္ ကစားသမား ျဖစ္လာပါတယ္။
အသက္ ၂၃ႏွစ္ အ႐ြယ္ ေပၚတူဂီ ကြင္းလယ္လူ ရီနာတို ဆန္းခ်က္ဟာ ႀကံ့ခိုင္မႈ ေကာင္းသလို ၊ သူ႕ရဲ႕ ေဘာလုံးေပးပို႔မႈ ၊ အေဝးကန္ခ်က္ေတြနဲ႕ တဖက္အသင္းရဲ႕ ဂိုးေပါက္ကို
ၿခိမ္းေျခာက္နိုင္မႈတို႔ဟာ နည္းျပ အာတီတာကို မ်က္စိက်ေစခဲ့ၿပီး သူ႕ကို ေခၚယူဖို႔ အာဆင္နယ္အသင္း အျပင္ အျခား ထိပ္သီးအသင္း တခ်ိဳ႕ကပါ စိတ္ဝင္စားေနပါတယ္။
ရီနာတို ဆန္းခ်က္ဟာ ဥေရာပရဲ႕ အေကာင္းဆုံး လူငယ္ ကစားသမားဆုကိုပါ ရယူနိုင္ခဲ့တာေၾကာင့္ သူ႕ရဲ႕ ေျခစြမ္းပိုင္းဟာ သံသယဝင္စရာ မလိုပဲ
လိုင္လီအသင္းကေတာ့ သူတို႔အသင္းနဲ႕ ၂၀၂၃ ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း ရွိေနေသးတဲ့ ရီနာတို ဆန္းခ်က္ကို အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္းခ်င္ေနပါတယ္။
ဒါေပမယ့္ ရီနာတို ဆန္းခ်က္က အသင္းေျပာင္းဖို႔ စဥ္းစားဖြယ္ ရွိၿပီး လက္ရွိမွာ အာဆင္နယ္အသင္းဟာ ရီနာတို ဆန္းခ်က္ရဲ႕ ေအးဂ်င့္ထံကို ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနပါတယ္။
အာဆင္နယ္အသင္းဟာ ရီနာတို ဆန္းခ်က္ကို ေခၚယူခ်င္ရင္ အနိမ့္ဆုံး ေျပာင္းေ႐ႊ႕ေၾကး ယူရို ၄၀သန္း ဝန္းက်င္ သုံးစြဲရဖြယ္ ရွိေနပါတယ္။