Spots news

ဆန်ချိုရဲ့ ပြောင်းရွေ့ကြေး အတွက် မာရှယ်နဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်တို့ကို ရောင်းချဖွယ်ရှိ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းမှ ကာလရှည် ပစ်မှတ် ဆန်ချိုအား ခေါ်ယူရရှိရန် သေချာနေတဲ့အတွက် လိုအပ်တဲ့ ပြောင်းရွှေ့ကြေးရရှိဖို့

အသင်းရဲ့ကစားသမား (၂)ဦးဖြစ်တဲ့ မာရှယ်နဲ့ ဗန်ဒီဘိခ်တို့ကိုရောင်းချကာ ငွေရှာဖွယ်ရှိကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၉၀ သန်း အထိ သုံးစွဲရဖို့ ရှိနေပြီး လက်ရှိမှာ ဒေါ့မွန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ

ငွေပေးချေမှု နဲ့ အပိုဆုကြေးငွေ ကိစ္စတွေကို ဆက်လက် ဆွေးနွေးနေကြောင်း သတင်းဌာနများက အတည်ပြု ထားပါတယ်။

မာရှယ် နဲ့ ဘန်ဒီဘိခ် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ပုံမှန် နေရာရရန် ရုန်းကန်ခဲ့ ရသူများဖြစ်ပြီး ဆိုးလ်ရှားအနေဖြင့် အသင်းကိုပြင်ဆင်ရာ၌ ၎င်းတို့ကို ရောင်းထုတ်ဖွယ်ရှိနေကြောင်း သိရပါတယ်။

နယ်သာလန် လက်ရွေးစင်ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီက အေဂျက်စ်အသင်းကနေ ယူနိုက်တက်သို့ ရောက်ရှိလာသူ ဖြစ်ပြီး

အသင်းမှာ ပုံမှန်နေရာ ရရန် ရုန်းကန်နေရသူဖြစ်ကာ ယခုနွေရာသီတွင် အသင်းမှထွက်ခွာမည်ဟု သတင်းများ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး မာရှယ် ကလည်း ယခုနှစ် မတ်လမှစ၍ ယူနိုက်တက် အသင်းရဲ့ ပွဲစဉ်များမှာ ပါဝင်ခြင်းမရှိတော့သလို သူ့ကိုလည်း နည်းပြဆိုးလ်ရှားက ရောင်းထုတ်ရန်စီစဉ်နေကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ စပါးအသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းကို လက်လွတ်ရဖွယ် ရှိနေတာမို့ ယူနိုက်တက်က ရောင်းချမယ့် အသက် ၂၅ နှစ်အရွယ် ပြင်သစ် တိုက်စစ်မှူး မာရှယ်ကို ပစ်မှတ်ထား စောင့်ကြည့်‌နေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေဒါ့မြန္အသင္းမွ ကာလရွည္ ပစ္မွတ္ ဆန္ခ်ိဳအား ေခၚယူရရွိရန္ ေသခ်ာေနတဲ့အတြက္ လိုအပ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးရရွိဖို႔

အသင္းရဲ႕ကစားသမား (၂)ဦးျဖစ္တဲ့ မာရွယ္နဲ႕ ဗန္ဒီဘိခ္တို႔ကိုေရာင္းခ်ကာ ေငြရွာဖြယ္ရွိေၾကာင္း ESPN သတင္းဌာနက ေဖာ္ျပခဲ့ ပါတယ္။

ယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၉၀ သန္း အထိ သုံးစြဲရဖို႔ ရွိေနၿပီး လက္ရွိမွာ ေဒါ့မြန္အသင္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္းတို႔ဟာ

ေငြေပးေခ်မႈ နဲ႕ အပိုဆုေၾကးေငြ ကိစၥေတြကို ဆက္လက္ ေဆြးေႏြးေနေၾကာင္း သတင္းဌာနမ်ားက အတည္ျပဳ ထားပါတယ္။

မာရွယ္ နဲ႕ ဘန္ဒီဘိခ္ တို႔ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက နည္းျပ ဆိုးလ္ရွားရဲ႕ လက္ေအာက္မွာ ပုံမွန္ ေနရာရရန္ ႐ုန္းကန္ခဲ့ ရသူမ်ားျဖစ္ၿပီး ဆိုးလ္ရွားအေနျဖင့္ အသင္းကိုျပင္ဆင္ရာ၌ ၎တို႔ကို ေရာင္းထုတ္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

နယ္သာလန္ လက္ေ႐ြးစင္ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ေႏြရာသီက ေအဂ်က္စ္အသင္းကေန ယူနိုက္တက္သို႔ ေရာက္ရွိလာသူ ျဖစ္ၿပီး

အသင္းမွာ ပုံမွန္ေနရာ ရရန္ ႐ုန္းကန္ေနရသူျဖစ္ကာ ယခုေႏြရာသီတြင္ အသင္းမွထြက္ခြာမည္ဟု သတင္းမ်ား ထြက္ေပၚေနသူ ျဖစ္ပါတယ္။

ဒါ့အျပင္ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉး မာရွယ္ ကလည္း ယခုႏွစ္ မတ္လမွစ၍ ယူနိုက္တက္ အသင္းရဲ႕ ပြဲစဥ္မ်ားမွာ ပါဝင္ျခင္းမရွိေတာ့သလို သူ႕ကိုလည္း နည္းျပဆိုးလ္ရွားက ေရာင္းထုတ္ရန္စီစဥ္ေနေၾကာင္း သိရပါတယ္။

လက္ရွိအခ်ိန္မွာ စပါးအသင္းဟာ တိုက္စစ္မႉး ဟယ္ရီကိန္းကို လက္လြတ္ရဖြယ္ ရွိေနတာမို႔ ယူနိုက္တက္က ေရာင္းခ်မယ့္ အသက္ ၂၅ ႏွစ္အ႐ြယ္ ျပင္သစ္ တိုက္စစ္မႉး မာရွယ္ကို ပစ္မွတ္ထား ေစာင့္ၾကည့္‌ေနပါတယ္။