Spots news

ရေပန်းအစားဆုံး ပြင်သစ်ကို ယူရိုပြိုင်ပွဲမှ လွင့်စင်စေခဲ့တဲ့ ဆွစ်ဇာလန်

Unicode Version

ယူရိုချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့တဲ့ လကိရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ဟာ ဆွစ်ဇာလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အံ့ဖွယ် အရေးနိမ့်ပြီး ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကနေ စောစီးစွာ ထွက်ခွာသွားခဲ့ရပြီဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းဟာ ချီးကျူးဖွယ်ကောင်းတဲ့ အသင်းလိုက်ကစားပုံနဲ့ ပြင်သစ်ကို အကောင်းဆုံး ရင်ဆိုင်ဒုက္ခပေးနိုင်ခဲ့ပြီး ပွဲရဲ့ အဖွင့်ဂိုးကို စတင်ရခဲ့သလို ရှုံးနေရာကနေ သရေကျတဲ့အထိ နောက်ကနေ လိုက်ကစားပြီး

ပင်နယ်တီ အဆုံးအဖြတ်ခံယူရတဲ့အထိ ဆွဲခေါ်သွားနိုင်ခဲ့တဲ့အပြင် မက်ပေရဲ့ ပင်နယ်တီကို ဂိုးသမား Sommer ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တဲ့အတွက် နောက်တဆင့်ကို ထိုက်တန်စွာ တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပြင်သစ်အတွက် ဘန်ဇီမာက နှစ်လုံး၊ ပေါ့ဘာက အလန်းစား သွင်းဂိုး တဂိုး သွင်းယူနိုင်ခဲ့ပေမယ့် မလုံလောက်ခဲ့ပဲ ဘာပေရဲ့ ဂိုးဖြုန်းမှု၊ ပြိုင်ဘက်ကို အထင်သေးခဲ့မှုတွေက သူတို့ကို ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာသွားရစေခဲ့ပါတယ်။

ဒီနှစ် ယူရို ပြိုင်ပွဲကတော့ ဒီဘက်ခေတ်မှာ တွေ့မြင်ရဖို့ ခဲယဉ်းနေခဲ့တဲ့ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့ ဘောလုံးရသကို အကောင်းဆုံး ပေးစွမ်းနေနိုင်ဆဲ ဖြစ်ပါတယ်။

ဒိန်းမတ်၊ချက် နဲ့ ဆွစ်ဇာလန်တို့လို ဘယ်သူမှ ထင်မှတ်မထားတဲ့ ဖျက်မြင်းအသင်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ ယုံကြည်မှုတို့ကိုလည်း ချီးကျူးသင့်ပါတယ်။

Zawgyi Version





