Spots news

မန်ယူတို့ ယူရို ၈၅ သန်းဖြင့် သဘောတူညီမှုရရှိပြီး ဆန်ချို ယူရိုပွဲပြီးရင် တကယ်ရောက်မည်

Unicode Version

မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ အချိန်အတော်ကြာ စောင့်စားနေခဲ့ရတဲ့ တောင်ပံကစား သမား ဆန်ချိုကို ဒေါ့မွန် အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းနဲ့ ယူနိုက်တက်တို့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဂျာမန်သတင်း ဌာနတွေက အတည်ပြု သွားခဲ့ပါပြီ။

မန်စီးတီး လူငယ် ကစားသမားဟောင်း ဆန်ချိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ သူတို့ရဲ့ ကာလရှည် ပစ်မှတ်ကစားသမားကို ခေါ်ယူနိုင်ခဲ့ပါပြီ။

သတင်းရဲ့ တိကျမှု ၁၀၀ ရာနှုန်း ဖြစ်တာမလို့ ယူနိုက်တက် ပရိတ်သတ်တွေ ပျော်လို့ရပါပြီ။ ကလပ်အသင်းနှစ်ခုအကြားမှာ ငွေပေးချေမှု အသေးစိတ် အချက်အလက်တွေကတော့ ကျန်ရှိနေသေးပေမယ့် အပြောင်းအရွှေ့စာချုပ်ကိစ္စကို မကြာခင်မှာ အဆုံးသတ်နိုင်တော့မှာပါ။

အဂ်လန် လက်ရွေးစင် တောင်ပံကစားသမား အတွက် ယူရိုပြိုင်ပွဲအပြီးမှာ ဆေးစစ်မှု ပြုလုပ်သွားမှာ ဖြစ်ပြီး ထိုအချိန်မှ အပြောင်းအရွေ့ကို နှစ်ဖက်အသင်းများမှ တရားဝင်ထုတ်ဖော် ကြေငြာ သွားမှာ ဖြစ်ကြောင်း ဂျာမန်သတင်း ဌာနက ဖော်ပြထားပါတယ်။

အသက် (၂၁) နှစ်ရှိပြီဖြစ်တဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ယူနိုက်တက်အသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေရရှိခဲ့ပေမယ့် ဒေါ့မွန်အသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းရာမှာ အဆင်မပြေခဲ့တာကြောင့် မနှစ်က

အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။ ဒီနှစ်မှာ လည်း ဆန်ချို့ကို စိတ်ဝင်စားမှု ဆက်ရှိနေတဲ့ ယူနိုက်တက် အသင်းဟာ နွေရာသီအပြောင်းအရွှေ့ စကတည်းကကြိုးစားနေခဲ့ပြီး ကမ်းလှမ်းမှု (၂)ကြိမ် အပြီးမှာ သဘောတူညီမှုရရှိခဲ့တာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ပရိသတ္ေတြ အခ်ိန္အေတာ္ၾကာ ေစာင့္စားေနခဲ့ရတဲ့ ေတာင္ပံကစား သမား ဆန္ခ်ိဳကို ေဒါ့မြန္ အသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ယူရို ၈၅ သန္းနဲ႕ ယူနိုက္တက္တို႔ ေခၚယူနိုင္ခဲ့ၿပီ ျဖစ္ေၾကာင္း ဂ်ာမန္သတင္း ဌာနေတြက အတည္ျပဳ သြားခဲ့ပါၿပီ။

မန္စီးတီး လူငယ္ ကစားသမားေဟာင္း ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ႏွစ္ကတည္းက ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ သူတို႔ရဲ႕ ကာလရွည္ ပစ္မွတ္ကစားသမားကို ေခၚယူနိုင္ခဲ့ပါၿပီ။

သတင္းရဲ႕ တိက်မႈ ၁၀၀ ရာႏႈန္း ျဖစ္တာမလို႔ ယူနိုက္တက္ ပရိတ္သတ္ေတြ ေပ်ာ္လို႔ရပါၿပီ။ ကလပ္အသင္းႏွစ္ခုအၾကားမွာ ေငြေပးေခ်မႈ အေသးစိတ္ အခ်က္အလက္ေတြကေတာ့ က်န္ရွိေနေသးေပမယ့္ အေျပာင္းအေ႐ႊ႕စာခ်ဳပ္ကိစၥကို မၾကာခင္မွာ အဆုံးသတ္နိုင္ေတာ့မွာပါ။

အဂ္လန္ လက္ေ႐ြးစင္ ေတာင္ပံကစားသမား အတြက္ ယူရိုၿပိဳင္ပြဲအၿပီးမွာ ေဆးစစ္မႈ ျပဳလုပ္သြားမွာ ျဖစ္ၿပီး ထိုအခ်ိန္မွ အေျပာင္းအေ႐ြ႕ကို ႏွစ္ဖက္အသင္းမ်ားမွ တရားဝင္ထုတ္ေဖာ္ ေၾကျငာ သြားမွာ ျဖစ္ေၾကာင္း ဂ်ာမန္သတင္း ဌာနက ေဖာ္ျပထားပါတယ္။

အသက္ (၂၁) ႏွစ္ရွိၿပီျဖစ္တဲ့ ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ ရာသီကတည္းက ယူနိုက္တက္အသင္းနဲ႕ ပုဂၢိဳလ္ေရး သေဘာတူညီမႈေတြရရွိခဲ့ေပမယ့္ ေဒါ့မြန္အသင္းနဲ႕ ေျပာင္းေ႐ႊ႕ေၾကးညွိႏွိုင္းရာမွာ အဆင္မေျပခဲ့တာေၾကာင့္ မႏွစ္က

အေျပာင္းအေ႐ႊ႕မျဖစ္ခဲ့ပါဘူး။ ဒီႏွစ္မွာ လည္း ဆန္ခ်ိဳ႕ကို စိတ္ဝင္စားမႈ ဆက္ရွိေနတဲ့ ယူနိုက္တက္ အသင္းဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ စကတည္းကႀကိဳးစားေနခဲ့ၿပီး ကမ္းလွမ္းမႈ (၂)ႀကိမ္ အၿပီးမွာ သေဘာတူညီမႈရရွိခဲ့တာပါ။