Spots news

ဥရုဂွေးကြယ်ပွင့်ကစားသမားကို ယူနိုက်တက်သို့ ပြောင်းရွေ့လာဖို့ မဲဆွယ်ထားတဲ့ ကာဗာနီ

Unicode Version

ဥရုဂွေးနိုင်ငံကလာတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ဥရုဂွေးလက်ရွေးစင် ဒီလာခရုဇ် ကို ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့ ကာလရှည်ပစ်မှတ် ဖြစ်တဲ့ ဂျာမန်ကလပ် ဒေ့ါမွန်အသင်းရဲ့တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့က

ရာနှုန်းပြည့်နီးပါး သေချာနေပြီ ဖြစ်တဲ့ အတွက် အသင်းရဲ့ တခြားနေရာတွေကို အားဖြည့်ဖို့ အလျင်အမြန်ပဲ ပြန်လည် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ယခုနှစ်မှာ ဥရုဂွေးအသင်း အတွက် စတင်ကစားခွင့် ရရှိထားတဲ့ ဒီလာခရုဇ် ဟာ ကိုပါအမေရိကပွဲစဥ်တွေကစားနေတဲ့ ဥရုဂွေးအသင်းမှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်နေရတဲ့ ကစားသမားဖြစ်ပါတယ်။

ဒီလာခရုဇ်ဟာ ရေးဗားပလိတ်အသင်းမှာ ၂၀၁၇ ခုနှစ် ကတည်းက စတင်ကစားခဲ့ပြီး ကိုပါလီဘာတာဒိုးစ် ဖလားအပြင် အဓိက ဆုဖလားတွေ

အများအပြား ရယူနိုင် ခဲ့တာကြောင့် ဒီလာခရုဇ်ကို ခေါ်ယူဖို့ ယူနိုက်တက် အသင်း မျက်စိကျနေတာဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ အသက် ၂၄ နှစ်အရွယ် ရေးဗားပလိတ်အသင်း ကွင်းလယ်ကစားသမားကို ဖီအိုရင်တီးနား၊ ယူနိုက်တက်နဲ့ ဥရောပကလပ်သုံးသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အက်ဒီဆင်ကာဗာနီကတော့ ပြောင်းရွေ့ကြေး ယူရို ၁၆ သန်းကနေ ယူရိုသန်း ၂၀ အထိ ရှိနေတဲ့ ကစားသမားကို ယူနိုက်တက်သို့ လာကစားဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ TNT က ဆိုပါတယ်။

ယင်းကစားသမားနှစ်ယောက်ဟာ ဥရုဂွေးအသင်းရဲ့ ကိုပါအမေရိကပွဲစဥ်သုံးပွဲမှာ ပါဝင်ကစားခွင့်ရရှိထားပြီး

ဘိုလီဗီးယားအသင်းကို အနိုင်ယူခဲ့တဲ့ပွဲစဥ်မှာတော့ ကာဗာနီက သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီနဲ့ အတူ နိုင်ငံလက်ရွေးစင် အသင်းမှာ ကစားနေတဲ့ ဒီလာခရုဇ်ကို

ယူနိုက်တက်ဘက်က ပြိုင်ဘက် အသင်းတွေထက် လက်ဦးမှု ရယူနိုင်ကြောင်း မန်ချက်စတာ သတင်းဌာန များကလဲ ဖော်ပြသွားပါတယ်

Zawgyi Version

ဥ႐ုေဂြးနိုင္ငံကလာတဲ့ သတင္းေတြအရ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ လာမယ့္ရက္ပိုင္းအတြင္းမွာ ဥ႐ုေဂြးလက္ေ႐ြးစင္ ဒီလာခ႐ုဇ္ ကို ကမ္းလွမ္းသြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

ယူနိုက္တက္ဟာ အသင္းရဲ႕ ကာလရွည္ပစ္မွတ္ ျဖစ္တဲ့ ဂ်ာမန္ကလပ္ ေဒ့ါမြန္အသင္းရဲ႕ေတာင္ပံတိုက္စစ္ ကစားသမား ဆန္ခ်ိဳကို ေခၚယူနိုင္ဖို႔က

ရာႏႈန္းျပည့္နီးပါး ေသခ်ာေနၿပီ ျဖစ္တဲ့ အတြက္ အသင္းရဲ႕ တျခားေနရာေတြကို အားျဖည့္ဖို႔ အလ်င္အျမန္ပဲ ျပန္လည္ ႀကိဳးပမ္းလာတာ ျဖစ္ပါတယ္။

ယခုႏွစ္မွာ ဥ႐ုေဂြးအသင္းအတြက္ စတင္ကစားခြင့္ ရရွိထားတဲ့ ဒီလာခ႐ုဇ္ ဟာ ကိုပါအေမရိကပြဲစဥ္ေတြကစားေနတဲ့ ဥ႐ုေဂြးအသင္းမွာ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ေနရတဲ့ ကစားသမားျဖစ္ပါတယ္။

ဒီလာခ႐ုဇ္ဟာ ေရးဗားပလိတ္အသင္းမွာ ၂၀၁၇ ခုႏွစ္ ကတည္းက စတင္ကစားခဲ့ၿပီး ကိုပါလီဘာတာဒိုးစ္ ဖလားအျပင္ အဓိက ဆုဖလားေတြအမ်ားအျပား ရယူနိုင္ခဲ့တာေၾကာင့္ ဒီလာခ႐ုဇ္ကို ေခၚယူဖို႔ ယူနိုက္တက္ အသင္း မ်က္စိက်ေနတာျဖစ္ပါတယ္။

လက္ရွိ အခ်ိန္မွာ အသက္ ၂၄ ႏွစ္အ႐ြယ္ ေရးဗားပလိတ္အသင္း ကြင္းလယ္ကစားသမားကို ဖီအိုရင္တီးနား၊ ယူနိုက္တက္နဲ႕ ဥေရာပကလပ္သုံးသင္းက စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

အက္ဒီဆင္ကာဗာနီကေတာ့ ေျပာင္းေ႐ြ႕ေၾကး ယူရို ၁၆ သန္းကေန ယူရိုသန္း ၂၀ အထိ ရွိေနတဲ့ ကစားသမားကို ယူနိုက္တက္သို႔လာကစားဖို႔ ဖိတ္ေခၚခဲ့တယ္လို႔ TNT က ဆိုပါတယ္။

ယင္းကစားသမားႏွစ္ေယာက္ဟာ ဥ႐ုေဂြးအသင္းရဲ႕ ကိုပါအေမရိကပြဲစဥ္သုံးပြဲမွာ ပါဝင္ကစားခြင့္ရရွိထားၿပီး ဘိုလီဗီးယားအသင္းကို အနိုင္ယူခဲ့တဲ့ပြဲစဥ္မွာေတာ့ ကာဗာနီက သြင္းဂိုးတစ္ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ တိုက္စစ္မႉး ကာဗာနီနဲ႕ အတူ နိုင္ငံလက္ေ႐ြးစင္ အသင္းမွာ ကစားေနတဲ့ ဒီလာခ႐ုဇ္ကို ယူနိုက္တက္ဘက္က ၿပိဳင္ဘက္ အသင္းေတြထက္ လက္ဦးမႈ ရယူနိုင္ေၾကာင္း မန္ခ်က္စတာ သတင္းဌာန မ်ားကလဲ ေဖာ္ျပသြားပါတယ္