Unicode Version
အင်္ဂလန် နဲ့ ယူနိုက်တက် ကစားသမားဟောင်း ရွန်းနီကတော့ ဂျာမနီ နဲ့ ကစားမယ့် ယူရို ၂၀၂၀ ရှုံးထွက်ပွဲစဉ်မှာ နည်းပြ ဆောက်ဂိတ်အနေနဲ့ တိုက်စစ်မှူး ရက်ရ်ှဖို့ဒ်ကို ပွဲထွက်ခွင့်ပေးသင့်တယ်လို့ ဆိုခဲ့ပါတယ်။
ဒါပေမယ့် ရက်ရ်ှဖို့ဒ်ကတော့ အဆိုပါ ပွဲစဉ်မှာ မိမိ ပွဲထွက်ခွင့်ရရေးထက် အသင်းဖော် ဆန်ချိုကို ပိုပြီး ပွဲထွက်ခွင့်ရစေချင်နေပါတယ်။ ရက်ရ်ှဖို့ဒ်ဟာ အုပ်စုပွဲစဉ် (၃) ပွဲလုံးမှာ လူစားဝင်ကစားသမား
အဖြစ်သာ ပါဝင်ခဲ့ရပြီး ဆန်ချိုဟာလည်း ချက်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲမှာ လူစားဝင်ကစားသမားအဖြစ် မိနစ်အနည်းငယ်သာ ပါဝင်ခွင့်ရထားပါသေးတယ်။
ဆန်ချိုဟာ ဂျာမန် ဘွန်ဒက်စ်လီဂါမှာ ကစားဖူးတဲ့ ကစားသမားဖြစ်တာကြောင့် နည်းပြ ဆောက်ဂိတ်အနေနဲ့ ၎င်းကိုရွေးချယ်သင့်ပြီး ဂျာမနီနဲ့ပွဲမှာ
လျှို့ဝှက်လက်နက်အနေနဲ့ အသုံးချသင့်ကြောင့် ရက်ရ်ှဖို့ဒ်က အကြံပြုခဲ့တာပါ။
“သူ (ဆန်ချို) က ကျွန်တော်တို့ထက်ပိုပြီး သူတို့ ဂျာမန်ကစားသမားတွေအကြောင်း နောကြေအောင်သိနေပါလိမ့်မယ်။ သူက ဘွန်ဒက်စ်လီဂါမှာ ကစားဖူးတယ်လေ။”
“သူက ဂျာမန်ကစားသမားတွေရဲ့အကြောင်းတွေ အကျင့်စရိုက်တွေ အားသာချက်၊ အားနည်ချက်တွေကို ကောင်းကောင်းသိထားလိမ့်မယ်လို့ ကျွန်တော် ကျိန်းသေ
ပြောရဲပါတယ်။ နောက်ပြီး သူ့အနေနဲ့ ဂျာမန်နောက်တန်းကို ကောင်းကောင်း
ထိုးဖောက်နိုင်ပါလိမ့်မယ်။” လို့ ရက်ရ်ှဖို့ဒ်က အခိုင်အမာပြောဆိုပါတယ်။
ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါမှာ တောက်ပခဲ့ပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာတော့ အရန်ကစားသမားသာ ဖြစ်လို့နေပါတယ်။
ဒေါ့မွန်အသင်း နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အကြားမှာလည်း ပြောင်းရွှေ့ကြေး ကိစ္စသဘောတူညီမှုရသွားတာကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲပြီးတာနဲ့ ဆန်ချိုဟာ ယူနိုက်တက်ရဲ့ တရားဝင်ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။
Zawgyi Version
အဂၤလန္ နဲ႕ ယူနိုက္တက္ ကစားသမားေဟာင္း ႐ြန္းနီကေတာ့ ဂ်ာမနီ နဲ႕ ကစားမယ့္ ယူရို ၂၀၂၀ ရႈံးထြက္ပြဲစဥ္မွာ နည္းျပ ေဆာက္ဂိတ္အေနနဲ႕ တိုက္စစ္မႉး ရက္ရ္ွဖို႔ဒ္ကို ပြဲထြက္ခြင့္ေပးသင့္တယ္လို႔ ဆိုခဲ့ပါတယ္။
ဒါေပမယ့္ ရက္ရ္ွဖို႔ဒ္ကေတာ့ အဆိုပါ ပြဲစဥ္မွာ မိမိ ပြဲထြက္ခြင့္ရေရးထက္ အသင္းေဖာ္ ဆန္ခ်ိဳကို ပိုၿပီး ပြဲထြက္ခြင့္ရေစခ်င္ေနပါတယ္။ ရက္ရ္ွဖို႔ဒ္ဟာ အုပ္စုပြဲစဥ္ (၃) ပြဲလုံးမွာ လူစားဝင္ကစားသမား
အျဖစ္သာ ပါဝင္ခဲ့ရၿပီး ဆန္ခ်ိဳဟာလည္း ခ်က္အသင္းနဲ႕ အုပ္စုေနာက္ဆုံးပြဲမွာ လူစားဝင္ကစားသမားအျဖစ္ မိနစ္အနည္းငယ္သာ ပါဝင္ခြင့္ရထားပါေသးတယ္။
ဆန္ခ်ိဳဟာ ဂ်ာမန္ ဘြန္ဒက္စ္လီဂါမွာ ကစားဖူးတဲ့ ကစားသမားျဖစ္တာေၾကာင့္ နည္းျပ ေဆာက္ဂိတ္အေနနဲ႕ ၎ကိုေ႐ြးခ်ယ္သင့္ၿပီး ဂ်ာမနီနဲ႕ပြဲမွာ
လွ်ို႔ဝွက္လက္နက္အေနနဲ႕ အသုံးခ်သင့္ေၾကာင့္ ရက္ရ္ွဖို႔ဒ္က အႀကံျပဳခဲ့တာပါ။
“သူ (ဆန္ခ်ိဳ) က ကြၽန္ေတာ္တို႔ထက္ပိုၿပီး သူတို႔ ဂ်ာမန္ကစားသမားေတြအေၾကာင္း ေနာေၾကေအာင္သိေနပါလိမ့္မယ္။ သူက ဘြန္ဒက္စ္လီဂါမွာ ကစားဖူးတယ္ေလ။”
“သူက ဂ်ာမန္ကစားသမားေတြရဲ႕အေၾကာင္းေတြ အက်င့္စရိုက္ေတြ အားသာခ်က္၊ အားနည္ခ်က္ေတြကို ေကာင္းေကာင္းသိထားလိမ့္မယ္လို႔ ကြၽန္ေတာ္ က်ိန္းေသ
ေျပာရဲပါတယ္။ ေနာက္ၿပီး သူ႕အေနနဲ႕ ဂ်ာမန္ေနာက္တန္းကို ေကာင္းေကာင္း
ထိုးေဖာက္နိုင္ပါလိမ့္မယ္။” လို႔ ရက္ရ္ွဖို႔ဒ္က အခိုင္အမာေျပာဆိုပါတယ္။
ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္းနဲ႕အတူ ဘြန္ဒက္စ္လီဂါမွာ ေတာက္ပခဲ့ေပမယ့္ ယူရို ၂၀၂၀ ၿပိဳင္ပြဲဝင္ အဂၤလန္အသင္းမွာေတာ့ အရန္ကစားသမားသာ ျဖစ္လို႔ေနပါတယ္။
ေဒါ့မြန္အသင္း နဲ႕ ယူနိုက္တက္အသင္းတို႔ရဲ႕ အၾကားမွာလည္း ေျပာင္းေ႐ႊ႕ေၾကး ကိစၥသေဘာတူညီမႈရသြားတာေၾကာင့္ ယူရို ၂၀၂၀ ၿပိဳင္ပြဲၿပီးတာနဲ႕ ဆန္ခ်ိဳဟာ ယူနိုက္တက္ရဲ႕ တရားဝင္ကစားသမားျဖစ္လာေတာ့မွာျဖစ္ပါတယ္။