Spots news

ယူနိုက်တက်ရဲ့ပစ်မှတ် နူနိုမန်ဒက်စ်ကို ဈေးချပေးလိုက်တဲ့ စပို့တင်းလစ္စဘွန်း

Unicode Version

စပို့တင်းလစ္စဘွန်းအသင်းဟာ မန်ချက်စတာယူနိုက်တက်အပါအဝင် ဥရောပထိပ်သီး ကလပ်အသင်းတွေ ခေါ်ယူဖို့ပစ်မှတ်ထားခံနေရတဲ့ အသင်းရဲ့ ပေါ်တူဂီလူငယ်နောက်ခံလူ နူနိုမန်ဒက်စ်အတွက် သူတို့အသင်းအရင်သတ်မှတ်ထားတဲ့ ဈေးနှုန်းပမာဏကို ပြင်ဆင်လျှော့ချလိုက်ပါတယ်။

အသက်(၁၉)နှစ်အရွယ်သာရှိသေးသူ နူနိုမန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းအကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက စပို့တင်းလစ္စဘွန်းအသင်း ပေါ်တူဂီအမှတ်ပေးဖလား ပြန်လည်ဆွတ်ခူးနိုင်အောင် အဓိကနေရာကနေပါဝင်ကူညီပေးခဲ့ပါတယ်။

မန်ဒက်စ်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် ပေါ်တူဂီအသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့်လည်း တစ်ပွဲမှ ပါဝင်ကစားခွင့်တော့မရခဲ့ပါဘူး။ အခုလောလောဆယ်မှာ မန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်၊ မန်စီးတီး၊ ဘာစီလိုနာ၊ ရီးယဲလ်၊ အေစီမီလန်၊

ဂျူဗင်တပ်စ်စတဲ့ ဥရောပထိပ်သီးအသင်းတွေက အပြိုင်စိတ်ဝင်စားနေကြပြီး စပို့တင်းလစ္စဘွန်းအသင်းကလည်း မန်ဒက်စ်အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချခဲ့လို့ မန်ဒက်စ်ကို ခေါ်ယူခွင့်ရရေးတိုက်ပွဲက ပိုပြင်းထန်လာဖို့ရှိနေပါပြီ။

စပို့တင်းလစ္စဘွန်းအသင်းဟာ ၂၀၂၀၊ ဒီဇင်ဘာလတုန်းက မန်ဒက်စ်ကို စာချုပ်သက်တမ်းတိုးခဲ့ပြီး စာချုပ်လျော်ကြေးကိုလည်း
ယူရို(၄၅)သန်းကနေ ယူရိုသန်း(၇၀)အထိ တိုးမြှင့်ခဲ့ပေမယ့် အခု ယူရိုသန်း(၅၀) ဝန်းကျင်လောက်ရရင် မန်ဒက်စ်ကို ရောင်းချသွားဖို့ရှိနေပါတယ်။

Zawgyi Version

စပို႔တင္းလစၥဘြန္းအသင္းဟာ မန္ခ်က္စတာယူနိုက္တက္အပါအဝင္ ဥေရာပထိပ္သီး ကလပ္အသင္းေတြ ေခၚယူဖို႔ပစ္မွတ္ထားခံေနရတဲ့ အသင္းရဲ႕ ေပၚတူဂီလူငယ္ေနာက္ခံလူ ႏူနိုမန္ဒက္စ္အတြက္ သူတို႔အသင္းအရင္သတ္မွတ္ထားတဲ့ ေဈးႏႈန္းပမာဏကို ျပင္ဆင္ေလွ်ာ့ခ်လိဳက္ပါတယ္။

အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးသူ ႏူနိုမန္ဒက္စ္ဟာ စပို႔တင္းလစၥဘြန္းအကယ္ဒမီကေန ထြက္ေပၚခဲ့တဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက စပို႔တင္းလစၥဘြန္းအသင္း ေပၚတူဂီအမွတ္ေပးဖလား ျပန္လည္ဆြတ္ခူးနိုင္ေအာင္ အဓိကေနရာကေနပါဝင္ကူညီေပးခဲ့ပါတယ္။

မန္ဒက္စ္ဟာ ယူရို-၂၀၂၀ ၿပိဳင္ပြဲအတြက္ ေပၚတူဂီအသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရေပမယ့္လည္း တစ္ပြဲမွ ပါဝင္ကစားခြင့္ေတာ့မရခဲ့ပါဘူး။ အခုေလာေလာဆယ္မွာ မန္ဒက္စ္ကို ေခၚယူဖို႔အတြက္ ယူနိုက္တက္၊ မန္စီးတီး၊ ဘာစီလိုနာ၊ ရီးယဲလ္၊ ေအစီမီလန္၊

ဂ်ဴဗင္တပ္စ္စတဲ့ ဥေရာပထိပ္သီးအသင္းေတြက အၿပိဳင္စိတ္ဝင္စားေနၾကၿပီး စပို႔တင္းလစၥဘြန္းအသင္းကလည္း မန္ဒက္စ္အတြက္ သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ေလွ်ာ့ခ်ခဲ့လို႔ မန္ဒက္စ္ကို ေခၚယူခြင့္ရေရးတိုက္ပြဲက ပိုျပင္းထန္လာဖို႔ရွိေနပါၿပီ။

စပို႔တင္းလစၥဘြန္းအသင္းဟာ ၂၀၂၀၊ ဒီဇင္ဘာလတုန္းက မန္ဒက္စ္ကို စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး စာခ်ဳပ္ေလ်ာ္ေၾကးကိုလည္း
ယူရို(၄၅)သန္းကေန ယူရိုသန္း(၇၀)အထိ တိုးျမႇင့္ခဲ့ေပမယ့္ အခု ယူရိုသန္း(၅၀) ဝန္းက်င္ေလာက္ရရင္ မန္ဒက္စ္ကို ေရာင္းခ်သြားဖို႔ရွိေနပါတယ္။