Spots news

ဘောလုံးလောကရဲ့ ဉာဏ်အကောင်းဆုံးကစားသမားလို့ ချီးမွန်းခံရတဲ့ ရော်နယ်ဒို

Unicode Version

မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်းက ဘယ်ဂျီယမ်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုကို ချီးကျူးခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူတွေ့ဖူးသမျှ ကစားသမားများအနက် ဘောလုံးဦးနှောက်အကောင်းဆုံး ကစားသမားဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၃ မှ ၂၀၀၆ အထိ ရွိုင်းကိန်းနှင့်အတူ အိုးထရက်ဖို့တွင် ကစားခဲ့ပြီး ၂၀၀၆ တွင် ရွိုင်းကိန်း မန်ယူမှထွက်ခွာသွားပြီးနောက်

ရော်နယ်ဒိုဟာ အသင်း၏ ကြယ်ပွင့်ကစားသမား ဖြစ်လာခဲ့သလို ဘောလုံးလောက၏ သူရဲကောင်းအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။

ယခုအခါ အသက် ၃၆ နှစ်ရှိပြီဖြစ်သော ရော်နယ်ဒိုဟာ ကမ္ဘာ့အဆင့်အမြင့်ဆုံး ပြိုင်ပွဲများတွင် ခြေစွမ်းပြသနေဆဲဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ်

ရပ်တည်နေဆဲဖြစ်ပါတယ်။ ယူရို-၂၀၂၁ တွင် ၅ ဂိုး သွင်းထားသော ရော်နယ်ဒိုဟာ ယခုအချိန်အထိ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေပါတယ်။

“ရော်နယ်ဒိုက ကျွန်တော် တွေ့ဖူးသမျှ ကစားသမားတွေထဲမှာ ဘောလုံးဦးနှောက် အကောင်းဆုံးပါ။ ၁၉၅၀၊ ၁၉၆၀ က ဘောလုံးသမားတွေကိုတော့ ထည့်မပြောပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ သူဟာ ဂိုးသွင်းရတာ သိပ်ခြေတွေ့နေပါတယ်။ သူ့ရဲ့ ဘောလုံးကစားရာမှာ ဦးနှောက်ကောင်းပုံက အံ့ဩစရာပါ”

“ရော်နယ်ဒိုရဲ့ အားကစားအပေါ်မှာ နားလည်ပုံနဲ့ မတူညီတဲ့နိုင်ငံတွေမှာ ခြေစွမ်းပြနိုင်ပုံ၊ ကွင်းထဲမှာ သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ပုံတွေက အတုယူစရာပါ။ သူ့ကို တကယ့် ပါရမီရှင်လို့

ပြောရပါလိမ့်မယ်။ သူကစားတာ ကြည့်ရတာကိုက သိပ်ကောင်းပါတယ်။ ဘောလုံးလောကရဲ့ဉာဏ် အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်ပါတယ်”ဟု ရွှိုင်းကိန်းက ပြောဆိုခဲ့ပါတယ်။

Zawgyi Version

မန္ယူအသင္းေခါင္းေဆာင္ေဟာင္း ႐ြိုင္းကိန္းက ဘယ္ဂ်ီယမ္အသင္းကို ရႈံးနိမ့္ခဲ့ေသာ္လည္း ေပၚတူဂီတိုက္စစ္မႉး ေရာ္နယ္ဒိုကို ခ်ီးက်ဴးခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ သူေတြ႕ဖူးသမွ် ကစားသမားမ်ားအနက္ ေဘာလုံးဦးေႏွာက္အေကာင္းဆုံး ကစားသမားျဖစ္ေၾကာင္း ေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ၂၀၀၃ မွ ၂၀၀၆ အထိ ႐ြိုင္းကိန္းႏွင့္အတူ အိုးထရက္ဖို႔တြင္ ကစားခဲ့ၿပီး ၂၀၀၆ တြင္ ႐ြိုင္းကိန္း မန္ယူမွထြက္ခြာသြားၿပီးေနာက္

ေရာ္နယ္ဒိုဟာ အသင္း၏ ၾကယ္ပြင့္ကစားသမား ျဖစ္လာခဲ့သလို ေဘာလုံးေလာက၏ သူရဲေကာင္းအျဖစ္လည္း သတ္မွတ္ခံခဲ့ရပါတယ္။

ယခုအခါ အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္ေသာ ေရာ္နယ္ဒိုဟာ ကမာၻ႔အဆင့္အျမင့္ဆုံး ၿပိဳင္ပြဲမ်ားတြင္ ေျခစြမ္းျပသေနဆဲျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားအျဖစ္

ရပ္တည္ေနဆဲျဖစ္ပါတယ္။ ယူရို-၂၀၂၁ တြင္ ၅ ဂိုး သြင္းထားေသာ ေရာ္နယ္ဒိုဟာ ယခုအခ်ိန္အထိ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ ရပ္တည္ေနပါတယ္။

“ေရာ္နယ္ဒိုက ကြၽန္ေတာ္ ေတြ႕ဖူးသမွ် ကစားသမားေတြထဲမွာ ေဘာလုံးဦးေႏွာက္ အေကာင္းဆုံးပါ။ ၁၉၅၀၊ ၁၉၆၀ က ေဘာလုံးသမားေတြကိုေတာ့ ထည့္မေျပာပါဘူး။

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ သူဟာ ဂိုးသြင္းရတာ သိပ္ေျခေတြ႕ေနပါတယ္။ သူ႕ရဲ႕ ေဘာလုံးကစားရာမွာ
ဦးေႏွာက္ေကာင္းပုံက အံ့ဩစရာပါ”

“ေရာ္နယ္ဒိုရဲ႕ အားကစားအေပၚမွာ နားလည္ပုံနဲ႕ မတူညီတဲ့နိုင္ငံေတြမွာ ေျခစြမ္းျပနိုင္ပုံ၊ ကြင္းထဲမွာ သူ႕ကိုယ္သူ ထိန္းသိမ္းနိုင္ပုံေတြက အတုယူစရာပါ။ သူ႕ကို တကယ့္ ပါရမီရွင္လို႔

ေျပာရပါလိမ့္မယ္။ သူကစားတာ ၾကည့္ရတာကိုက သိပ္ေကာင္းပါတယ္။ ေဘာလုံးေလာကရဲ႕ဉာဏ္ အေကာင္းဆုံး ကစားသမား တစ္ေယာက္ ျဖစ္ပါတယ္”ဟု ႐ႊိုင္းကိန္းက ေျပာဆိုခဲ့ပါတယ္။