Unicode Version
ဂျာမနီ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ အီကေး ဂန်ဒိုဂန်၊ ရိုဘင်ဂိုဆန်နဲ့ အန်တိုနီယို ရူဒီဂါတို့ ၃ ယောက်စလုံး အင်္ဂလန်နဲ့ ဝင်ဘလေကို သွားရောက် ကစားရမယ့် ပွဲစဉ်မှာ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့်
ပါဝင်နိုင်ဖို့ မသေချာ တော့ဘူးလို့ သိရပါတယ်။ ကွင်းလယ်လူ ဂန်ဒိုဂန်ကတော့ ပြီးခဲ့တဲ့ တစ်ပတ်က အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ခေါင်းထိခိုက် မိခဲ့တာဖြစ်ပြီး တနင်္လာနေ့ကမှ အသင်းနဲ့ ထရိန်နင် ပြန်ဆင်း နိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ခံအစွန်လူ ဂိုဆန်နဲ့ ဗဟိုခံစစ်မှူး ရူဒီဂါတို့ကတော့ ကိုဗစ် လက္ခဏာတွေ ဖြစ်ပေါ်နေပြီး ကူးစက်ခံ ထားရသလို ခံစားနေ ရတယ်လို့ သိရပါတယ်။ ဂျာမနီ နည်းပြကြီး ဂျိုအာချင်လို ကတော့ “ကျွန်တော်တို့ ကစားသမား အားလုံး
ကစားဖို့ဖြစ်နိုင် မဖြစ်နိုင်ကို မနက်ဖြန်ကျရင်(ယနေ့) ဆုံးဖြတ် သွားမှာပါ။ အခုချိန်မှာ ပြောလို့ မရသေးပါဘူး။ ကျွန်တော်တို့ စောင့်ဖို့ လိုပါတယ်။ အဲ့ဒီအဖြေက ဒီညတော့ သိနိုင်ဦးမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
နည်းပြ ဂျိုအာချင်လိုဟာ ဒီပြိုင်ပွဲပြီးရင် ၁၅ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဂျာမနီ နည်းပြ ရာထူးကနေ နှုတ်ထွက် တော့မှာဖြစ်ပြီး တကယ်လို့သာ အင်္ဂလန်ကို ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ ဂျာမနီကို
တာဝန်ယူခဲ့တဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဆိုပါ ရှုံးထွက် အဆင့် ပွဲစဉ်ဟာ အင်္ဂလန်ရော၊ ဂျာမနီရော အတွက် အရမ်းကို အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်နေပါတယ်။
Zawgyi Version
ဂ်ာမနီ အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ အီေကးဂန္ဒိုဂန္၊ ရိုဘင္ဂိုဆန္နဲ႕ အန္တိုနီယို ႐ူဒီဂါတို႔ ၃ ေယာက္စလုံး အဂၤလန္နဲ႕ ဝင္ဘေလကို သြားေရာက္ကစားရမယ့္ ပြဲစဥ္မွာ ႀကံ့ခိုင္မႈ မျပည့္ဝတာေၾကာင့္
ပါဝင္နိုင္ဖို႔ မေသခ်ာေတာ့ဘူးလို႔ သိရပါတယ္။ ကြင္းလယ္လူ ဂန္ဒိုဂန္ကေတာ့ ၿပီးခဲ့တဲ့တစ္ပတ္က အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ေခါင္းထိခိုက္မိခဲ့တာျဖစ္ၿပီး တနလၤာေန႕ကမွ အသင္းနဲ႕ထရိန္နင္ ျပဆင္နိုင္ခဲ့တာ ျဖစ္ပါတယ္။
ေနာက္ခံအစြန္လူ ဂိုဆန္နဲ႕ ဗဟိုခံစစ္မႉး ႐ူဒီဂါတို႔ကေတာ့ ကိုဗစ္လကၡဏာေတြ ျဖစ္ေပၚေနၿပီး ကူးစက္ခံထားရသလို ခံစားေနရတယ္လို႔ သိရပါတယ္။ ဂ်ာမနီနည္းျပႀကီး ဂ်ိဳအာခ်င္လိုကေတာ့ “ကြၽန္ေတာ္တို႔ကစားသမားအားလုံး
ကစားဖို႔ျဖစ္နိုင္မျဖစ္နိုင္ကို မနက္ျဖန္က်ရင္(ယေန႕) ဆုံးျဖတ္သြားမွာပါ။ အခုခ်ိန္မွာ ေျပာလို႔မရေသးပါဘူး။ ကြၽန္ေတာ္တို႔ေစာင့္ဖို႔လိုပါတယ္။ အဲ့ဒီအေျဖက ဒီညေတာ့ သိနိုင္ဦးမွာ မဟုတ္ပါဘူး”လို႔ ေျပာခဲ့ပါတယ္။
နည္းျပဂ်ိဳအာခ်င္လိုဟာ ဒီၿပိဳင္ပြဲၿပီးရင္ ၁၅ ႏွစ္ၾကာ တာဝန္ယူခဲ့တဲ့ ဂ်ာမနီနည္းျပရာထူးကေန ႏႈတ္ထြက္ေတာ့မွျဖစ္ၿပီး တကယ္လို႔သာ အဂၤလန္ကို ရႈံးနိမ့္ခဲ့မယ္ဆိုရင္ေတာ့ ဂ်ာမနီကို
တာဝန္ယူခဲ့တဲ့ ေနာက္ဆုံးပြဲစဥ္ျဖစ္သြားမွာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ အဆိုပါရႈံးထြက္အဆင့္ပြဲစဥ္ဟာ အဂၤလန္ေရာ၊ ဂ်ာမနီေရာအတြက္ အရမ္းကိုအေရးပါတဲ့ ပြဲတစ္ပြဲျဖစ္ေနပါတယ္။