Spots news

၂ နှစ်‌ကျော်ကြာ ကြိုးစားပြီးနောက် ဆန်ချို မန်ယူကို ရောက်ပြီ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခေါ်ယူဖို့ နှစ်နှစ်အထိကြာခဲ့တဲ့ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ်တောင်ပံ ကစားသမား

ဖြစ်သူဆန်ချိုကို ယခုရက်ပိုင်း အတွင်းမှာပဲ တရားဝင် ခေါ်ယူနိုင်တော့မယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ် များစွာက ဖော်ပြသွားကြပါတယ်။

ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ညာတောင်ပံ အတွက် အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဆန်ချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နွေရာသီ

အပြောင်းအရွှေ့ထဲက ကြိုးစားခဲ့တာ ဖြစ်ပေမယ့် အောင်မြင်မှု မရခဲ့ပဲ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှသာ ဆန်ချိုကို ခေါ်ယူဖို့ ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု ရဖို့ နီးစပ်နေတာပါ။

ဘောလုံးလောကမှာ လူငယ်ကြယ်ပွင့် များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း အထိ တောင်းဆိုခဲ့တာကြောင့်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ လက်လျှော့သွားခဲ့တာ ဖြစ်ပြီး ယခုနှစ်မှာတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ယူရို ၉၀သန်းသာ တောင်းဆိုထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germany သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယမန်နေ့ညမှာပဲ ဆန်ချိုအတွက် ဒေါ့မွန်အသင်းက တောင်းဆိုထားတဲ့

ပြောင်းရွှေ့ကြေး ယူရို ၉၀သန်းကို ပေးချေဖို့ သဘောတူလိုက်ပြီး နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး ပေးချေမှု ၊ အပိုဆုကြေး စတဲ့ ကိစ္စတွေကို အပြီးသတ် ညှိနှိုင်းရန်သာ ကျန်တော့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရယူထားနိုင်သလို ယခုလ အစမှာလည်း ဆန်ချိုနဲ့ စာချုပ်ကိစ္စ

ဆွေးနွေးမှုတွေ ရှိထားတာကြောင့် ဒေါ့မွန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ကြားမှာသာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရပါက အပြောင်းအရွှေ့ဟာ ခပ်မြန်မြန်ပဲ ဖြစ်ပေါ်လာဖွယ် ရှိပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေခၚယူဖို႔ ႏွစ္ႏွစ္အထိၾကာခဲ့တဲ့ ဂ်ာမန္ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းရဲ႕ အဂၤလန္ လူငယ္

ေတာင္ပံ ကစားသမား ျဖစ္သူ ဆန္ခ်ိဳကို ယခုရက္ပိုင္း အတြင္းမွာပဲ တရားဝင္ ေခၚယူနိုင္ေတာ့မယ္လို႔ ခိုင္လုံတဲ့ သတင္းရင္းျမစ္ မ်ားစြာက ေဖာ္ျပသြားၾကပါတယ္။

ယူနိုက္တက္အသင္းဟာ သူတို႔အသင္းရဲ႕ အားနည္းေနတဲ့ ညာေတာင္ပံ အတြက္ အသက္ ၂၁ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ဆန္ခ်ိဳကို ေခၚယူဖို႔ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ ေႏြရာသီ

အေျပာင္းအေ႐ႊ႕ထဲက ႀကိဳးစားခဲ့တာ ျဖစ္ေပမယ့္ ေအာင္ျမင္မႈ မရခဲ့ပဲ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွသာ ဆန္ခ်ိဳကို ေခၚယူဖို႔ ေဒါ့မြန္အသင္းနဲ႕ သေဘာတူညီမႈ ရဖို႔ နီးစပ္ေနတာပါ။

ေဘာလုံးေလာကမွာ လူငယ္ၾကယ္ပြင့္ မ်ားစြာကို ေမြးထုတ္ေပးနိုင္ခဲ့တဲ့ ေဒါ့မြန္အသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဆန္ခ်ိဳအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၂၀သန္း အထိ ေတာင္းဆိုခဲ့တာေၾကာင့္

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ လက္ေလွ်ာ့သြားခဲ့တာ ျဖစ္ၿပီး ယခုႏွစ္မွာေတာ့ ေဒါ့မြန္အသင္းဟာ ဆန္ခ်ိဳအတြက္ ယူရို ၉၀သန္းသာ ေတာင္းဆိုထားပါတယ္။

နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Sky Germany သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ယမန္ေန႕ညမွာပဲ ဆန္ခ်ိဳအတြက္ ေဒါ့မြန္အသင္းက ေတာင္းဆိုထားတဲ့

ေျပာင္းေ႐ႊ႕ေၾကး ယူရို ၉၀သန္းကို ေပးေခ်ဖိဳ႕ သေဘာတူလိုက္ၿပီး ႏွစ္သင္းၾကားမွာ ေျပာင္းေ႐ႊ႕ေၾကး ေပးေခ်မႈ ၊ အပိုဆုေၾကး စတဲ့ ကိစၥေတြကို အၿပီးသတ္ ညွိႏွိုင္းရန္သာ က်န္ေတာ့ေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ထဲက ပုဂၢိဳလ္ေရး အရ သေဘာတူညီမႈ ရယူထားနိုင္သလို ယခုလ အစမွာလည္း ဆန္ခ်ိဳနဲ႕ စာခ်ဳပ္ကိစၥ

ေဆြးေႏြးမႈေတြ ရွိထားတာေၾကာင့္ ေဒါ့မြန္အသင္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္းတို႔ ၾကားမွာသာ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ ရပါက အေျပာင္းအေ႐ႊ႕ဟာ ခပ္ျမန္ျမန္ပဲ ျဖစ္ေပၚလာဖြယ္ ရွိပါတယ္။