Spots news

ကွန်ဒီအတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ဈေးတိုးတောင်းလိုက်တဲ့ ဆီဗီလာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆီဗီလာနောက်ခံလူ ဂျူးလ်ကွန်ဒီကို ကနဦးကမ်းလှမ်းမှုအဖြစ် ကမ်းလှမ်းခဲ့ပေမယ့် စပိန်ကလပ်ဘက်က ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ထပ်တိုးကမ်းလှမ်းဖို့ အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဒီနွေရာသီမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲကစားနိုင်မယ့် ခံစစ်ကစားသမားသစ်တစ်ဦးကို ရှာဖွေနေပြီး ကွန်ဒီအပါအဝင် ဗီလာရီးရဲလ်က ပါအူတောရက်စ်နဲ့ ရီးရဲလ်မက်ဒရစ်က ရာဖေးလ်ဗာရာနီတို့ကို

စိတ်ဝင်စားလျက်ရှိပါတယ်။ ဒါပေမယ့် အသက် ၂၂ နှစ်အရွယ် ကွန်ဒီကတော့ ပထမဦးစားပေး ပစ်မှတ်တစ်ခုအဖြစ်ရှိနေပြီး ကနဦးကမ်းလှမ်းမှု ယူရို ၄၅ သန်း(ပေါင် ၃၈ သန်း) နဲ့ ယူနိုက်တက်က ကမ်းလှမ်းခဲ့ပါတယ်။

 

ဒါပေမယ့် ဒန်ကန်ကတ်စတယ်လ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ဆီဗီလာက ပယ်ချခဲ့ပြီး ပိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

စပိန်အသင်းရဲ့ အားကစားဒါရိုက်တာ မွန်ချီက သူ့ရဲ့လူငယ်ခံစစ်မှူးကို နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့တော့ ရောင်းမှာမဟုတ်ပဲ ပြီးခဲ့တဲ့နှစ် နွေရာသီကတောင် ယူရို ၅၅ သန်း (ပေါင် ၄၇ သန်း) နဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။

မွန်ချီဟာ ကွန်ဒီရဲ့တန်ကြေးကို များနိုင်သမျှ များများရဖို့ မျှော်လင့်နေပြီး ယူရိုသန်း ၈၀ (ပေါင် ၆၈ သန်း) လောက်ထိ လိုချင်နေပါတယ်။ ဒါပေမယ့် လက်ရှိအပြောင်းအရွှေ့ ကာလအတွင်းမှာ ယူရို ၆၅ သန်း (ပေါင် ၅၆ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းရင်တောင် လက်ခံသွားဖွယ် ရှိပါတယ်။

ယူနိုက်တက်အတွက်တော့ လက်ရှိပြောင်းရွှေ့ကြေး အနေအထားအရ ပါအူတောရက်စ်နဲ့ ဗာရာနီတို့ကသာ ပိုပြီးကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ဖြစ်လာပါတယ်။ ရီးရဲလ်ကလည်း အသင်းကနေ

ထွက်ခွာဖို့ သေချာသလောက်ရှိနေတဲ့ ဗာရာနီရဲ့ နေရာမှာ ကွန်ဒီကို အစားထိုးဖို့ စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်၊ ရီးရဲလ်၊ ဆီဗီလာတို့ရဲ့ အပြောင်းအရွှေ့ လှည့်ပတ်မှုက ဒီနွေရာသီမှာ စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္ကြန္ဒီကို ကနဦးကမ္းလွမ္းမႈအျဖစ္ ကမ္းလွမ္းခဲ့ေပမယ့္ စပိန္ကလပ္ဘက္က ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ထပ္တိုးကမ္းလွမ္းဖို႔ အေၾကာင္းျပန္ခဲ့တယ္လို႔ သိရပါတယ္။

ယူနိုက္တက္ဟာ ဒီေႏြရာသီမွာ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားနဲ႕ တြဲကစားနိုင္မယ့္ ခံစစ္ကစားသမားသစ္တစ္ဦးကို ရွာေဖြေနၿပီး ကြန္ဒီအပါအဝင္ ဗီလာရီးရဲလ္က ပါအူေတာရက္စ္နဲ႕ ရီးရဲလ္မက္ဒရစ္က ရာေဖးလ္ဗာရာနီတို႔ကို

စိတ္ဝင္စားလ်က္ရွိပါတယ္။ ဒါေပမယ့္ အသက္ ၂၂ ႏွစ္အ႐ြယ္ ကြန္ဒီကေတာ့ ပထမဦးစားေပး ပစ္မွတ္တစ္ခုအျဖစ္ရွိေနၿပီး ကနဦးကမ္းလွမ္းမႈ ယူရို ၄၅ သန္း(ေပါင္ ၃၈ သန္း) နဲ႕ ယူနိုက္တက္က ကမ္းလွမ္းခဲ့ပါတယ္။

ဒါေပမယ့္ ဒန္ကန္ကတ္စတယ္လ္ရဲ႕ ေဖာ္ျပခ်က္အရ ယူနိုက္တက္ရဲ႕ ကမ္းလွမ္းမႈကို ဆီဗီလာက ပယ္ခ်ခဲ့ၿပီး ပိုျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ကမ္းလွမ္းဖို႔ အေၾကာင္းျပန္ခဲ့တယ္လို႔ သိရပါတယ္။

စပိန္အသင္းရဲ႕ အားကစားဒါရိုက္တာ မြန္ခ်ီက သူ႕ရဲ႕လူငယ္ခံစစ္မႉးကို နည္းပါးတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ေတာ့ ေရာင္းမွာမဟုတ္ပဲ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီကေတာင္ ယူရို ၅၅ သန္း (ေပါင္ ၄၇ သန္း) နဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ပါတယ္။

မြန္ခ်ီဟာ ကြန္ဒီရဲ႕တန္ေၾကးကို မ်ားနိုင္သမွ် မ်ားမ်ားရဖို႔ ေမွ်ာ္လင့္ေနၿပီး ယူရိုသန္း ၈၀ (ေပါင္ ၆၈ သန္း) ေလာက္ထိ လိုခ်င္ေနပါတယ္။ ဒါေပမယ့္ လက္ရွိအေျပာင္းအေ႐ႊ႕ ကာလအတြင္းမွာ ယူရို ၆၅ သန္း (ေပါင္ ၅၆ သန္း) ဝန္းက်င္နဲ႕ ကမ္းလွမ္းရင္ေတာင္ လက္ခံသြားဖြယ္ ရွိပါတယ္။

ယူနိုက္တက္အတြက္ေတာ့ လက္ရွိေျပာင္းေ႐ႊ႕ေၾကး အေနအထားအရ ပါအူေတာရက္စ္နဲ႕ ဗာရာနီတို႔ကသာ ပိုၿပီးေကာင္းမြန္တဲ့ ေ႐ြးခ်ယ္မႈေတြ ျဖစ္လာပါတယ္။ ရီးရဲလ္ကလည္း အသင္းကေန

ထြက္ခြာဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ ဗာရာနီရဲ႕ ေနရာမွာ ကြန္ဒီကို အစားထိုးဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ယူနိုက္တက္၊ ရီးရဲလ္၊ ဆီဗီလာတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ လွည့္ပတ္မႈက ဒီေႏြရာသီမွာ စိတ္ဝင္စားစရာ ေကာင္းေနခဲ့ပါတယ္။