Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့လူငယ်နောက်ခံလူ ဘရန်ဒန် ဝီလီယံစ်ကို လာမယ့်ရာသီကျရင် တခြားအသင်း တစ်သင်းဆီ အငှားချဖို့ စီစဉ်နေပါပြီ။
ဘယ်နောက်ခံ ကစားသမား ဝီလီယံစ်ဟာ ၂၀၁၉-၂၀ ရာသီတုန်းက ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားခွင့် ရခဲ့ပြီး ပြိုင်ပွဲစုံ(၃၆)ပွဲအထိ ကစားခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲတဲ့ရာသီမှာ ယူနိုက်တက်ဘယ်နောက်ခံလူ လုခ်ရှော ခြေစွမ်းပြ ကစားခဲ့တာကြောင့် ဝီလီယံစ်အတွက် ပုံမှန်ကစားခွင့်
ပျောက်ဆုံးခဲ့ပြီး (၁၄)ပွဲသာ ကစားခွင့် ရခဲ့သလို အဲဒီထဲက လူစားဝင်အဖြစ် ကစားခဲ့ရတာက (၁၁)ပွဲအထိရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ ကာလတုန်းက ဆောက်သမ်တန် အသင်းဟာ ဝီလီယံစ်ကို အငှားနဲ့ခေါ်ယူဖို့ ကြိုးပမ်းခဲ့
ဖူးပေမယ့် နည်းပြဆိုးလ်ရှားက ဝီလီယံစ်ကို အသင်းမှာပဲ ဆက်ထားချင်တာကြောင့် ငြင်းဆန် ပယ်ချခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ အသင်းရဲ့ဘယ်နောက်ခံလူအဖြစ် လုခ်ရှော၊ တဲလက်စ်တို့ရှိနေပြီဖြစ်လို့ ဆိုးလ်ရှားဟာ ဝီလီယံစ်ကို အငှားချဖို့
ဆန္ဒရှိနေပြီး ဝီလီယံစ်အနေနဲ့ ပုံမှန်ကစားခွင့်ရမယ့်အသင်းတစ်သင်းဆီ ပြောင်းရွှေ့ခဲ့ရင် အခုထက် ပိုတိုးတက်လာမယ်လို့လည်း ယုံကြည်နေပါတယ်။
အသက်(၂၀)သာရှိသေးတဲ့ အင်္ဂလန်လူငယ်ကစားသမား ဝီလီယံစ်ဟာ ဘယ်နောက်ခံလူအဖြစ်သာမက
ညာခြမ်းမှာလည်း ကစားနိုင်သူဖြစ်ပြီး ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း(၅၀) ကစား၊ (၁)ဂိုးသွင်းခဲ့ပါတယ်။
လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ညာနောက်ခံ နေရာမှာ ခြေစွမ်းပြကစားနေတဲ့ ဘစ်ဆာကာကို
ဖိအားပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ထပ်ညာနောက်ခံလူ တစ်ယောက် ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ သူတို႔ရဲ႕လူငယ္ေနာက္ခံလူ ဘရန္ဒန္ ဝီလီယံစ္ကို လာမယ့္ရာသီက်ရင္ တျခားအသင္း တစ္သင္းဆီ အငွားခ်ဖိဳ႕ စီစဥ္ေနပါၿပီ။
ဘယ္ေနာက္ခံ ကစားသမား ဝီလီယံစ္ဟာ ၂၀၁၉-၂၀ ရာသီတုန္းက ယူနိုက္တက္အသင္းအတြက္ ပြဲဦးထြက္ ပါဝင္ကစားခြင့္ ရခဲ့ၿပီး ၿပိဳင္ပြဲစုံ(၃၆)ပြဲအထိ ကစားခဲ့ပါတယ္။
ဒါေပမဲ့ ၿပီးခဲတဲ့ရာသီမွာ ယူနိုက္တက္ဘယ္ေနာက္ခံလူ လုခ္ေရွာ ေျခစြမ္းျပ ကစားခဲ့တာေၾကာင့္ ဝီလီယံစ္အတြက္ ပုံမွန္ကစားခြင့္
ေပ်ာက္ဆုံးခဲ့ၿပီး (၁၄)ပြဲသာ ကစားခြင့္ ရခဲ့သလို အဲဒီထဲက လူစားဝင္အျဖစ္ ကစားခဲ့ရတာက (၁၁)ပြဲအထိရွိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ ကာလတုန္းက ေဆာက္သမ္တန္ အသင္းဟာ ဝီလီယံစ္ကို အငွားနဲ႕ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ ဖူးေပမယ့္ နည္းျပဆိုးလ္ရွားက ဝီလီယံစ္ကို အသင္းမွာပဲ ဆက္ထားခ်င္တာေၾကာင့္ ျငင္းဆန္ ပယ္ခ်ခဲ့ပါတယ္။
ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ အသင္းရဲ႕ဘယ္ေနာက္ခံလူအျဖစ္ လုခ္ေရွာ၊ တဲလက္စ္တို႔ရွိေနၿပီျဖစ္လို႔ ဆိုးလ္ရွားဟာ ဝီလီယံစ္ကို အငွားခ်ဖိဳ႕
ဆႏၵရွိေနၿပီး ဝီလီယံစ္အေနနဲ႕ ပုံမွန္ကစားခြင့္ရမယ့္အသင္းတစ္သင္းဆီ ေျပာင္းေ႐ႊ႕ခဲ့ရင္ အခုထက္ ပိုတိုးတက္လာမယ္လို႔လည္း ယုံၾကည္ေနပါတယ္။
အသက္(၂၀)သာရွိေသးတဲ့ အဂၤလန္လူငယ္ကစားသမား ဝီလီယံစ္ဟာ ဘယ္ေနာက္ခံလူအျဖစ္သာမက ညာျခမ္းမွာလည္းကစားနိုင္သူျဖစ္ၿပီး ယူနိုက္တက္အသင္းအတြက္ ပြဲေပါင္း(၅၀) ကစား၊ (၁)ဂိုးသြင္းခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္ဟာ ညာေနာက္ခံ ေနရာမွာ ေျခစြမ္းျပကစားေနတဲ့ ဘစ္ဆာကာကို ဖိအားေပးဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ ေနာက္ထပ္ညာေနာက္ခံလူ တစ္ေယာက္ ေခၚယူဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။