Spots news

ဆန်ချိုကို ပြိုင်ဘက်မန်ယူဆီသို့ ရောက်စေချင်နေတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီး

Unicode Version

မန်ချက်စတာ ယူနိုက်နက် အသင်းဟာ ၂၀၂၁-၂၂ ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်လျက် ရှိရာမှာ ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူဖို့ သဘောတူညီမှုရယူ နိုင်ခဲ့ပြီဟု ဂျာမန်သတင်း ဌာနများက ဖော်ပြသွားပါပြီ။

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်ကစားသမားလေး မန်ယူဂျာစီကိုင်ပြီး ဓာတ် ပုံအရိုက်ခံမှ သေချာပြီ လို့ဆိုနိုင် ပေမယ့်လည်း သူ့ရဲ့အပြောင်းအရွှေ့က ရာနှုန်းပြည့်နီးပါး အဆုံးသတ် လုနီးနေတာပါ။

မန်စီးတီး လူငယ် ကစားသမားဟောင်း ဆန်ချိုကို ခေါ်ယူဖို့အတွက် ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ကြိုးပမ်းခဲ့တာ ဖြစ်ပြီး အခုအချိန် မှာတော့ သူတို့ရဲ့ ကာလရှည် ပစ်မှတ်ကစားသမားကို ခေါ်ယူနိုင်ခဲ့ပါပြီ။

အဂ်လန် လက်ရွေးစင် တောင်ပံ ကစားသမား အတွက် ယူရိုပြိုင်ပွဲအပြီးမှာ ဆေးစစ်မှု ပြုလုပ်သွားမှာ ဖြစ်ပြီး ထိုအချိန်မှ အပြောင်းအရွေ့ကို နှစ်ဖက် အသင်းများမှ တရားဝင်ထုတ်ဖော် ကြေငြာ သွားမှာ ဖြစ်ကြောင်း ဂျာမန်သတင်း ဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီအပြောင်းအရွှေ့ကနေ မန်စီးတီးအသင်းက အကျိုးအမြတ် ကောင်းကောင်း ရရှိမှာ ဖြစ်တယ်လို့ The Mirror သတင်းစာက ဖော်ပြထားပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၁၇ ခုနှစ်က ဆန်ချိုကို ဒေါ့မွန်ထံ ပေါင် ၇ . ၀၅ သန်းနဲ့ ရောင်းချခဲ့ပြီး အခြား ဘယ်အသင်းကိုမဆို ပြန်ရောင်းရင် ပြောင်းရွှေ့ကြေးရဲ့၁၅ ရာခိုင်နှုန်း ပြန်ပေးရမယ်လို့ စာချုပ်ချုပ်ထားတာပါ။

ဒါကြောင့် ယူရို ၈၅ သန်း ဖြင့်ခေါ်ရင် မန်စီးတီးက ၁၅ ရာခိုင်နှုန်းအဖြစ် ယူရို ၁၂ သန်းကျော် ရရှိမှာဖြစ်ပါတယ် ။ အကယ်၍ ပေါင် ၉၀ သန်း

ဆိုရင်တော့ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက အလကားနေရင်း  ယူရို ၁၃ သန်းခွဲ အထိ ငွေကြေး ရရှိဦးမှာ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္နက္ အသင္းဟာ ၂၀၂၁-၂၂ ရာသီသစ္အတြက္ ျပင္ဆင္မႈေတြျပဳလုပ္လ်က္ရွိရာမွာ ေဒါ့မြန္ ေတာင္ပံကစားသမား ဆန္ခ်ိဳကိုေခၚယူဖို႔ သေဘာတူညီမႈရယူနိုင္ခဲ့ၿပီဟု ဂ်ာမန္သတင္းဌာနမ်ားက ေဖာ္ျပသြားပါၿပီ။

အသက္ ၂၁ ႏွစ္အ႐ြယ္ အဂၤလန္ကစားသမားေလး မန္ယူဂ်ာစီကိုင္ၿပီး ဓာတ္ပုံအရိုက္ခံမွ ေသခ်ာၿပီလို႔ဆိုနိုင္ေပမယ့္လည္း သူ႕ရဲ႕အေျပာင္းအေ႐ႊ႕က ရာႏႈန္းျပည့္နီးပါး အဆုံးသတ္လုနီးေနတာပါ။

မန္စီးတီး လူငယ္ ကစားသမားေဟာင္း ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ႏွစ္ကတည္းက ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ သူတို႔ရဲ႕ ကာလရွည္ ပစ္မွတ္ကစားသမားကို ေခၚယူနိုင္ခဲ့ပါၿပီ။

အဂ္လန္ လက္ေ႐ြးစင္ ေတာင္ပံကစားသမား အတြက္ ယူရိုၿပိဳင္ပြဲအၿပီးမွာ ေဆးစစ္မႈ ျပဳလုပ္သြားမွာ ျဖစ္ၿပီး ထိုအခ်ိန္မွ အေျပာင္းအေ႐ြ႕ကို ႏွစ္ဖက္အသင္းမ်ားမွ တရားဝင္ထုတ္ေဖာ္ ေၾကျငာ သြားမွာ ျဖစ္ေၾကာင္း ဂ်ာမန္သတင္း ဌာနက ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ဒီအေျပာင္းအေ႐ႊ႕ကေန မန္စီးတီးအသင္းက အက်ိဳးအျမတ္ ေကာင္းေကာင္း ရရွိမွာ ျဖစ္တယ္လို႔ The Mirror သတင္းစာက ေဖာ္ျပထားပါတယ္။

မန္စီးတီးအသင္းဟာ ၂၀၁၇ ခုႏွစ္က ဆန္ခ်ိဳကို ေဒါ့မြန္ထံ ေပါင္ ၇ . ၀၅ သန္းနဲ႕ ေရာင္းခ်ခဲ့ၿပီး အျခား ဘယ္အသင္းကိုမဆို ျပန္ေရာင္းရင္ ေျပာင္းေ႐ႊ႕ေၾကးရဲ႕၁၅ ရာခိုင္ႏႈန္း ျပန္ေပးရမယ္လို႔ စာခ်ဳပ္ခ်ဳပ္ထားတာပါ။

ဒါေၾကာင့္ ယူရို ၈၅ သန္း ျဖင့္ေခၚရင္ မန္စီးတီးက ၁၅ ရာခိုင္ႏႈန္းအျဖစ္ ယူရို ၁၂ သန္းေက်ာ္ ရရွိမွာျဖစ္ပါတယ္ ။ အကယ္၍ ေပါင္ ၉၀ သန္းဆိုရင္ေတာ့ ဂြါဒီယိုလာရဲ႕ မန္စီးတီးအသင္းက အလကားေနရင္း  ယူရို ၁၃ သန္းခြဲ အထိ ေငြေၾကး ရရွိဦးမွာ ျဖစ္ပါတယ္။