Unicode Version
ပရီးမီးယားလိဂ် နာမည်ကြီး ကလပ် စပါးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး ဖြစ်သူ
အန်တိုနီယို မာရှယ်အတွက် ကမ်းလှမ်းမှုတခု ပြုလုပ်ခဲ့ကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေနဲ့ ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။
စပါးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် ထိပ်တန်း တိုက်စစ်မှူးတဦးကို ရှာဖွေလျက်ရှိနေကာ
မန်ချက်စတာ ယူနိုက်တက် ခြေစွမ်းမပြနိုင်ပဲ ရုန်းကန်နေရတဲ့ မာရှယ်ဟာ စပါးအသင်း မျက်စိကျနေတဲ့ တိုက်စစ်မှူးတွေထဲက တဦးပဲ ဖြစ်ပါတယ်။
အသက် ၂၅နှစ် အရွယ် ပြင်သစ်တိုက်စစ်မှူး မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ၂၀၁၅ထဲက ပြင်သစ်ကလပ် မိုနာကိုအသင်း ကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး
မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံ ၂၅၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၇၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅၀ကြိမ် ပြုလုပ် ပေးထားနိုင်ခဲ့ပါတယ်။
မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်ရှိကာစမှာ ပုံမှန် ခြေစွမ်းတခုကို ထုတ်ပြ နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ခြေစွမ်းဟာ အတက်အကျ များလွန်းသလို
ယခု ပီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၃၆ပွဲ အထိ ပါဝင် ကစားခွင့် ရခဲ့ပေမယ့် သွင်းဂိုး ၇ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ်သာ ပြုလုပ် နိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မာရှယ်ကို ရောင်းထုတ်ပြီး အသင်းအတွက် အားကိုးရမယ့် ထိပ်တန်း တိုက်စစ်မှူးတဦးကို
ခေါ်ယူချင်နေကာ စပါးအသင်း ကတော့ ဟယ်ရီကိန်းရဲ့ နေရာအတွက် မာရှယ်ဟာ အသင့်တော်ဆုံး အစားထိုးမှု တရပ်အဖြစ် ယူဆနေပါတယ်။
မန်ချက်စတာ သတင်းဌာနရဲ့ ဖော်ပြချက် အရ စပါးအသင်းဟာ မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို စတင် ပြုလုပ်လျက် ရှိနေပြီး တဖက်မှာလည်း မာရှယ်အတွက်
ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုအဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်းနဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သိရပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ မာရှယ်ကို
အလွယ်တကူ လက်မလွှတ်လိုပဲ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်းခန့် ရရှိမှသာ ရောင်းချဖွယ် ရှိကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ နာမည္ႀကီး ကလပ္ စပါးအသင္းဟာ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္အသင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ျပင္သစ္ တိုက္စစ္မႉး ျဖစ္သူ
အန္တိုနီယို မာရွယ္အတြက္ ကမ္းလွမ္းမႈတခု ျပဳလုပ္ခဲ့ေၾကာင္း ျပင္သစ္အေျခစိုက္ သတင္းဌာနေတြနဲ႕ ၿဗိတိန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပ သြားၾကပါတယ္။
စပါးအသင္းဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ သူတို႔အသင္းရဲ႕ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္းကို လက္လႊတ္ရဖြယ္ ရွိေနတာေၾကာင့္ ထိပ္တန္း တိုက္စစ္မႉးတဦးကို ရွာေဖြလ်က္ရွိေနကာ
မန္ခ်က္စတာ ယူနိုက္တက္ ေျခစြမ္းမျပနိုင္ပဲ ႐ုန္းကန္ေနရတဲ့ မာရွယ္ဟာ စပါးအသင္း မ်က္စိက်ေနတဲ့ တိုက္စစ္မႉးေတြထဲက တဦးပဲ ျဖစ္ပါတယ္။
အသက္ ၂၅ႏွစ္ အ႐ြယ္ ျပင္သစ္တိုက္စစ္မႉး မာရွယ္ဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ၂၀၁၅ထဲက ျပင္သစ္ကလပ္ မိုနာကိုအသင္း ကေန ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ၿပီး
မန္ခ်က္စတာ ယူနိုက္တက္အသင္း အတြက္ ၿပိဳင္ပြဲစုံ ၂၅၈ပြဲ ပါဝင္ ကစားထားရာ သြင္းဂိုး ၇၈ဂိုး သြင္းယူထားနိုင္ကာ ဂိုးဖန္တီးမႈ ၅၀ႀကိမ္ ျပဳလုပ္ ေပးထားနိုင္ခဲ့ပါတယ္။
မာရွယ္ဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေရာက္ရွိကာစမွာ ပုံမွန္ ေျခစြမ္းတခုကို ထုတ္ျပ နိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူ႕ရဲ႕ ေျခစြမ္းဟာ အတက္အက် မ်ားလြန္းသလို
ယခု ပီးခဲ့တဲ့ ေဘာလုံးရာသီမွာလည္း ၿပိဳင္ပြဲစုံမွာ ၃၆ပြဲ အထိ ပါဝင္ ကစားခြင့္ ရခဲ့ေပမယ့္ သြင္းဂိုး ၇ဂိုးသာ သြင္းယူနိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၉ႀကိမ္သာ ျပဳလုပ္ နိုင္ခဲ့ပါတယ္။
ဒါေၾကာင့္ပဲ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ မာရွယ္ကို ေရာင္းထုတ္ၿပီး အသင္းအတြက္ အားကိုးရမယ့္ ထိပ္တန္း တိုက္စစ္မႉးတဦးကို
ေခၚယူခ်င္ေနကာ စပါးအသင္း ကေတာ့ ဟယ္ရီကိန္းရဲ႕ ေနရာအတြက္ မာရွယ္ဟာ အသင့္ေတာ္ဆုံး အစားထိုးမႈ တရပ္အျဖစ္ ယူဆေနပါတယ္။
မန္ခ်က္စတာ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္ အရ စပါးအသင္းဟာ မာရွယ္ရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ ေဆြးေႏြးမႈေတြကို စတင္ ျပဳလုပ္လ်က္ ရွိေနၿပီး တဖက္မွာလည္း မာရွယ္အတြက္
ပထမဦးဆုံး တရားဝင္ ကမ္းလွမ္းမႈအျဖစ္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅သန္းနဲ႕ စတင္ ကမ္းလွမ္းဖြယ္ ရွိေၾကာင္း သိရပါတယ္။
ဒါေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္ အသင္း ကေတာ့ အသင္းနဲ႕ ၂၀၂၄ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတဲ့ မာရွယ္ကို
အလြယ္တကူ လက္မလႊတ္လိုပဲ အနိမ့္ဆုံး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၀သန္းခန႔္ ရရွိမွသာ ေရာင္းခ်ဖြယ္ ရွိေၾကာင္း နီးစပ္သူေတြက ဆိုထားပါတယ္။