Spots news

ယူရို-၂၀၂၀ ပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့် အင်္ဂလန် (၂-ဝ) ဂျာမနီပွဲစဉ်မှ ထူးခြားချက်များ

Unicode Version

အင်္ဂလန်တောင်ပံကစားသမား ဆာကာ (၁၉ နှစ်)သည် အိုဝင် (၁၉၉၈- အာဂျင်တီးနား)၊ ရွန်နီ (၂၀၀၄- ပေါ်တူဂီ) တို့နောက်ပိုင်း မေဂျာပြိုင်ပွဲများ၏

ရှုံးထွက်အဆင့်များတွင် ပွဲထွက်ကစားခွင့်ရသည့် ဆယ်ကျော် သက်အင်္ဂလန်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သည်။

ယခုပွဲစဉ်သည် အင်္ဂလန်အသင်းအတွက် ဝင်ဘလေကွင်းတွင်ယှဉ်ပြိုင်ကစားသည့် ပွဲ (၃၀၀)မြောက် နိုင်ငံ တကာပွဲစဉ်ဖြစ်ခဲ့ပြီး (၁၈၈)ပွဲနိုင်၊ (၇၃)ပွဲသရေ၊ (၃၉)ပွဲရှုံးရလဒ်ကိုရရှိထားသည်။

ဂျာမနီတိုက်စစ်မှူး သောမတ်မူလာသည် ဂျာမနီအသင်းနောက်ဆုံးကစားခဲ့သည့် ကမ္ဘာ့ဖလား နှင့် ယူရို နောက်ဆုံးအဆင့်ပွဲစဉ် (၂၆)ပွဲ

ဆက်တိုက် ပါဝင်ကစားခြင်းဖြစ်ခဲ့ပြီး အိုဇေးလ် (၂၆ ပွဲဆက်၊ ၂၀၁၀ မှ ၂၀၁၈) ၏ မေဂျာပြိုင်ပွဲ ပွဲဆက် ကစားသည့် စံချိန်ကို လိုက်မီခဲ့သည်။

အဖွင့်ဂိုးသွင်းယူခဲ့သည့်စတာလင်သည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းရရှိသည့် အဖွင့်ဂိုး (၃)ဂိုးဆက်သွင်းယူပေးခဲ့ခြင်းဖြစ်ခဲ့ပြီး ဂယ်ရီလိုင်နီကာ အပြီး

ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲများတွင် ယင်းကဲ့သို့စွမ်းဆောင်နိုင်သည့် ဒုတိယမြောက်အင်္ဂလန်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သည်။

အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် ကစားသမားဘဝတွင် ပထမဆုံးယူရိုသွင်းဂိုးကိုသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး

၎င်း၏မေဂျာပြိုင်ပွဲ (ကမ္ဘာ့ဖလားနှင့် ယူရို) သွင်းဂိုးမှာ (၇) ဂိုး (ကမ္ဘာ့ဖလား- ၆ ဂိုး၊ ယူရို-၁ ဂိုး)အထိရှိလာခဲ့သည်။

ဟာရီကိန်းအနေဖြင့် အင်္ဂလန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ဂယ်ရီလိုင်နီကာ (၁၀ ဂိုး)၊ အလန်ရှီးယား (၉ ဂိုး)တို့နောက် ရွန်နီ (၇ ဂိုး)နှင့်

အတူ ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲများတွင် တတိယမြောက်ဂိုးအများဆုံးသွင်းယူသူအဖြစ် ပူးတွဲမှတ်တမ်းဝင်ခဲ့သည်။

အင်္ဂလန်အသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အုပ်စုပွဲစဉ် (၃)ပွဲနှင့် ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်တို့တွင် (၄)ဂိုးပွဲဆက်ဂိုးမပေးအောင်

စွမ်းဆောင်နိုင်ခဲ့ရာ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ အသင်း၏ခံစစ်စွမ်းဆောင်ရည်မှတ်တမ်းကို လိုက်မီခဲ့သည်။

ဟာရီကိန်းသည် နည်းပြဆောက်ဂိတ်လက်အောက်တွင် အင်္ဂလန်အသင်းအတွက် ပြိုင်ပွဲစုံနိုင်ငံတကာသွင်းဂိုး (၃၀)ဂိုးအထိရှိလာခဲ့ပြီး နည်းပြဆာဘော်ဘီရော့ဘ်ဆင်လက်အောက်တွင်

နိုင်ငံတကာသွင်းဂိုး (၃၅) ဂိုးသွင်းယူနိုင်ခဲ့သည့် ဂယ်ရီလိုင်နီကာအပြီး အင်္ဂလန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် နည်းပြတစ်ဦးလက်အောက်တွင် ဒုတိယမြောက်ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့သည်။

Zawgyi Version

အဂၤလန္ေတာင္ပံကစားသမား ဆာကာ (၁၉ ႏွစ္)သည္ အိုဝင္ (၁၉၉၈- အာဂ်င္တီးနား)၊ ႐ြန္နီ (၂၀၀၄- ေပၚတူဂီ) တို႔ေနာက္ပိုင္း ေမဂ်ာၿပိဳင္ပြဲမ်ား၏ ရႈံးထြက္အဆင့္မ်ားတြင္ ပြဲထြက္ကစားခြင့္ရသည့္ ဆယ္ေက်ာ္ သက္အဂၤလန္ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့သည္။

ယခုပြဲစဥ္သည္ အဂၤလန္အသင္းအတြက္ ဝင္ဘေလကြင္းတြင္ယွဥ္ၿပိဳင္ကစားသည့္ ပြဲ (၃၀၀)ေျမာက္ နိုင္ငံ တကာပြဲစဥ္ျဖစ္ခဲ့ၿပီး (၁၈၈)ပြဲနိုင္၊ (၇၃)ပြဲသေရ၊ (၃၉)ပြဲရႈံးရလဒ္ကိုရရွိထားသည္။

ဂ်ာမနီတိုက္စစ္မႉး ေသာမတ္မူလာသည္ ဂ်ာမနီအသင္းေနာက္ဆုံးကစားခဲ့သည့္ ကမာၻ႔ဖလား ႏွင့္ ယူရို ေနာက္ဆုံးအဆင့္ပြဲစဥ္ (၂၆)ပြဲဆက္တိုက္ ပါဝင္ကစားျခင္းျဖစ္ခဲ့ၿပီး အိုေဇးလ္ (၂၆ ပြဲဆက္၊ ၂၀၁၀ မွ ၂၀၁၈) ၏ ေမဂ်ာၿပိဳင္ပြဲ ပြဲဆက္ ကစားသည့္ စံခ်ိန္ကို လိုက္မီခဲ့သည္။

အဖြင့္ဂိုးသြင္းယူခဲ့သည့္စတာလင္သည္ ယူရို-၂၀၂၀ ၿပိဳင္ပြဲတြင္ အဂၤလန္အသင္းရရွိသည့္ အဖြင့္ဂိုး (၃)ဂိုးဆက္သြင္းယူေပးခဲ့ျခင္းျဖစ္ခဲ့ၿပီး ဂယ္ရီလိုင္နီကာ အၿပီး ကမာၻ႔ဖလားႏွင့္ ယူရိုၿပိဳင္ပြဲမ်ားတြင္ ယင္းကဲ့သို႔စြမ္းေဆာင္နိုင္သည့္ ဒုတိယေျမာက္အဂၤလန္ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့သည္။

အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းသည္ ကစားသမားဘဝတြင္ ပထမဆုံးယူရိုသြင္းဂိုးကိုသြင္းယူနိုင္ခဲ့ျခင္းျဖစ္ၿပီး ၎၏ေမဂ်ာၿပိဳင္ပြဲ (ကမာၻ႔ဖလားႏွင့္ ယူရို) သြင္းဂိုးမွာ (၇) ဂိုး (ကမာၻ႔ဖလား- ၆ ဂိုး၊ ယူရို-၁ ဂိုး)အထိရွိလာခဲ့သည္။

ဟာရီကိန္းအေနျဖင့္ အဂၤလန္လက္ေ႐ြးစင္အသင္းသမိုင္းတစ္ေလွ်ာက္ ဂယ္ရီလိုင္နီကာ (၁၀ ဂိုး)၊ အလန္ရွီးယား (၉ ဂိုး)တို႔ေနာက္ ႐ြန္နီ (၇ ဂိုး)ႏွင့္အတူ ကမာၻ႔ဖလားႏွင့္ ယူရိုၿပိဳင္ပြဲမ်ားတြင္ တတိယေျမာက္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ ပူးတြဲမွတ္တမ္းဝင္ခဲ့သည္။

အဂၤလန္အသင္းသည္ ယူရို-၂၀၂၀ ၿပိဳင္ပြဲတြင္ အုပ္စုပြဲစဥ္ (၃)ပြဲႏွင့္ ရႈံးထြက္ (၁၆)သင္းအဆင့္ပြဲစဥ္တို႔တြင္ (၄)ဂိုးပြဲဆက္ဂိုးမေပးေအာင္စြမ္းေဆာင္နိုင္ခဲ့ရာ ၁၉၆၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွ အသင္း၏ခံစစ္စြမ္းေဆာင္ရည္မွတ္တမ္းကို လိုက္မီခဲ့သည္။

ဟာရီကိန္းသည္ နည္းျပေဆာက္ဂိတ္လက္ေအာက္တြင္ အဂၤလန္အသင္းအတြက္ ၿပိဳင္ပြဲစုံနိုင္ငံတကာသြင္းဂိုး (၃၀)ဂိုးအထိရွိလာခဲ့ၿပီး နည္းျပဆာေဘာ္ဘီေရာ့ဘ္ဆင္လက္ေအာက္တြင္

နိုင္ငံတကာသြင္းဂိုး (၃၅) ဂိုးသြင္းယူနိုင္ခဲ့သည့္ ဂယ္ရီလိုင္နီကာအၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းသမိုင္းတစ္ေလွ်ာက္ နည္းျပတစ္ဦးလက္ေအာက္တြင္ ဒုတိယေျမာက္ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့သည္။