Unicode Version
ဝင်ဘလေကွင်းမှာ ဂျာမနီအသင်းကို ၂-၀နဲ့အနိုင်ရပြီး ယူရိူ၂၀၂၀ရဲ့ ကွာတားဖိုင်နယ်ကို အဂ်လန်အသင်းတက်ရောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အဂ်လန်အသင်းဟာ အိမ်ရှင်အသင်းပီပီ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကာ ကစားခဲ့ပြီး
ဂျာမနီအသင်းကတော့ တန်ပြန်တိုက်စစ်တွေကနေသာ အင်္ဂလန်အသင်းဘက်ကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျာမနီရဲ့ထိုးဖောက်မှုတွေကလည်း တော်တော်လေး ကြောက်ဖို့ ကောင်းခဲ့ပြီး ဂိုးကံခေနေလို့သာ ဂိုးမရရှိတာလို့ ပြောရမှာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ ဂိုးမသွင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဂရီးလစ်ရှ်ဝင်လာပြီးနောက်ပိုင်း အင်္ဂလန်တိုက်စစ် ပိုမြိုင်လာပြီး ၇၂ မိနစ်မှာ ဂရီးလစ်ရှ် လုရှောချိတ်ဆက်မှုကနေ ရှောရဲ့ ပေးပို့မှုကို ဒီပြိုင်ပွဲမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ စတာလင်က ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။
ဦးဆောင်ဂိုးပေးလိုက်ရပြီး မကြာမီမှာပဲ စတာလင်ရဲ့ လူပေးမှားယွင်းမှုကနေ မူလာ ပစ်ဖို့ဒ်နဲ့ တစ်ယောက်ချင်း ပိတ်ဖို့အခွင့်အရေး ရရှိခဲ့ပေမယ့် အံ့အားသင့်ဖွယ် လွဲချော်ခဲ့လို့ စတာလင်းတစ်ယောက် ဟီးရိုးကနေ ဇီးရိုးဖြစ်နိုင်တဲ့ အခြေအနေကို ရှောင်ရှားနိုင်ခဲ့ပါတယ်။
ပွဲပြီးဆုံးကာနီးမှ ဂရီးလစ်ရှ်ရဲ့ပေးပို့မှုကနေ ဟယ်ရီကိန်းက ခေါင်းတိုက်အဆုံးသတ်ပြီး ယူရို ၂၀၂၀ အတွက် သူ့ရဲ့ ပထမဆုံး ဂိုးကိုသွင်းယူသွားခဲ့ပါတယ်။ ဒီပွဲရဲ့တကယ့်အဖြေကတော့ ဂရီးလစ်ရှ်ပဲဖြစ်ပြီး ဂရီးလစ်ရှ်ကြောင့်ပဲ အင်္ဂလန်အသင်း အနိုင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပါတယ်။
အဂ်လန်နဲ့ဂျာမနီပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမားနှစ်ဦးဖြစ်တဲ့ လုရှောခ်နဲ့ ဟယ်ရီ မက်ဂွိုင်းယားတို့ပဲ ဖြစ်ပါတယ်။ သွင်းဂိုးနှစ်ဂိုးလုံးဟာ လုရှောခ်စီကပဲ စတင်ခဲ့တာဖြစ်ပြီး စတာလင်ရဲ့သွင်းဂိုးဆိုရင် လုခ်ရှော် ဖြတ်တင်ပေးခဲ့တာဖြစ်ပါတယ်။
မက်ဂွိုင်းယားကတော့ အဂ်လန်နောက်တန်းကို လုံခြုံစေပြီး Man of the Match ရရှိသည်အထိပါ ခြေစွမ်းပြ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာသက်သာခါစ အခြေအနေမှာပဲ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့တာဖြစ်လို့ မန်ယူပရိတ်သတ်တွေအတွက် အားရကျေနပ်စဖွယ်ပါ။
Zawgyi Version
ဝင္ဘေလကြင္းမွာ ဂ်ာမနီအသင္းကို ၂-၀နဲ႕အနိုင္ရၿပီး ယူရိူ၂၀၂၀ရဲ႕ ကြာတားဖိုင္နယ္ကို အဂ္လန္အသင္းတက္ေရာက္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ အဂ္လန္အသင္းဟာ အိမ္ရွင္အသင္းပီပီ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရယူကာ ကစားခဲ့ၿပီး
ဂ်ာမနီအသင္းကေတာ့ တန္ျပန္တိုက္စစ္ေတြကေနသာ အဂၤလန္အသင္းဘက္ကို ထိုးေဖာက္နိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဂ်ာမနီရဲ႕ထိုးေဖာက္မႈေတြကလည္း ေတာ္ေတာ္ေလး ေၾကာက္ဖို႔ ေကာင္းခဲ့ၿပီး ဂိုးကံေခေနလို႔သာ ဂိုးမရရွိတာလို႔ ေျပာရမွာ ျဖစ္ပါတယ္။
ပထမပိုင္းမွာ ဂိုးမသြင္းခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ဂရီးလစ္ရွ္ဝင္လာၿပီးေနာက္ပိုင္း အဂၤလန္တိုက္စစ္ ပိုၿမိဳင္လာၿပီး ၇၂ မိနစ္မွာ ဂရီးလစ္ရွ္ လုေရွာခ်ိတ္ဆက္မႈကေန ေရွာရဲ႕ ေပးပို႔မႈကို ဒီၿပိဳင္ပြဲမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပေနတဲ့ စတာလင္က ဂိုးအျဖစ္ ေျပာင္းလဲေပးခဲ့ပါတယ္။
ဦးေဆာင္ဂိုးေပးလိုက္ရၿပီး မၾကာမီမွာပဲ စတာလင္ရဲ႕ လူေပးမွားယြင္းမႈကေန မူလာ ပစ္ဖို႔ဒ္နဲ႕ တစ္ေယာက္ခ်င္း ပိတ္ဖို႔အခြင့္အေရး ရရွိခဲ့ေပမယ့္ အံ့အားသင့္ဖြယ္ လြဲေခ်ာ္ခဲ့လို႔ စတာလင္းတစ္ေယာက္ ဟီးရိုးကေန ဇီးရိုးျဖစ္နိုင္တဲ့ အေျခအေနကို ေရွာင္ရွားနိုင္ခဲ့ပါတယ္။
ပြဲၿပီးဆုံးကာနီးမွ ဂရီးလစ္ရွ္ရဲ႕ေပးပို႔မႈကေန ဟယ္ရီကိန္းက ေခါင္းတိုက္အဆုံးသတ္ၿပီး ယူရို ၂၀၂၀ အတြက္ သူ႕ရဲ႕ ပထမဆုံး ဂိုးကိုသြင္းယူသြားခဲ့ပါတယ္။ ဒီပြဲရဲ႕တကယ့္အေျဖကေတာ့ ဂရီးလစ္ရွ္ပဲျဖစ္ၿပီး ဂရီးလစ္ရွ္ေၾကာင့္ပဲ အဂၤလန္အသင္း အနိုင္ဂိုးကို ရရွိသြားခဲ့တာျဖစ္ပါတယ္။
အဂ္လန္နဲ႕ဂ်ာမနီပြဲမွာ အေကာင္းဆုံးေျခစြမ္းျပနိုင္ခဲ့တာကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ကစားသမားႏွစ္ဦးျဖစ္တဲ့ လုေရွာခ္နဲ႕ ဟယ္ရီ မက္ဂြိုင္းယားတို႔ပဲ ျဖစ္ပါတယ္။ သြင္းဂိုးႏွစ္ဂိုးလုံးဟာ လုေရွာခ္စီကပဲ စတင္ခဲ့တာျဖစ္ၿပီး စတာလင္ရဲ႕သြင္းဂိုးဆိုရင္ လုခ္ေရွာ္ ျဖတ္တင္ေပးခဲ့တာျဖစ္ပါတယ္။
မက္ဂြိုင္းယားကေတာ့ အဂ္လန္ေနာက္တန္းကို လုံၿခဳံေစၿပီး Man of the Match ရရွိသည္အထိပါ ေျခစြမ္းျပ ကစားနိုင္ခဲ့တာျဖစ္ပါတယ္။ ဒဏ္ရာသက္သာခါစ အေျခအေနမွာပဲ အေကာင္းဆုံး ေျခစြမ္းျပ ကစားနိုင္ခဲ့တာျဖစ္လို႔ မန္ယူပရိတ္သတ္ေတြအတြက္ အားရေက်နပ္စဖြယ္ပါ။